နောင်မှ ရတဲ့နောင်တ
နောင်မှ ရတဲ့နောင်တ
ဒေါက်…ဒေါက်…. ဒေါက်….တံခါးခေါက်သံကြားလိုက်သည်…. ပြီး … အပြင်မှ အဖေ့ ခေါ်သံကိုပါကြားလိုက်ရသည်
❝ငါ့ သား အဖေမင်းကိုပြောစရာရှိလို့❞ အလုပ်မှအဆင်မပြေမှုများရှိနေ၍ …. စိတ်မကြည်လင်နေသဖြင့်…. ကျွန်တော် အသံကျယ်ကျယ်ဖြင့်ပြန်အော်ပြောမိသည် ၊
❝ နောက်မှပြော အဖေ ကျွန်တော် အလုပ်ကပြန်လာတာ စိတ်ပင်ပန်း၊ကိုယ်ပင်ပန်းနဲ့ ❞
စိတ်တိုမိတာတော့ အမှန်ပင်…အပြင်မှ .အဖေ့အသံမကြားရတော့ သူ့အခန်းပြန်သွားပြီးထင်
အဖေ့ အသက်က ၈၅ ရှိပြီ ၊တခါတခါ သူငယ်ပြန်တတ်သည်.၊ သူငယ်ပြန်ပြီဆိုလျှင် ကျွန်တော်တို့ စိတ်ညစ်ရသည် ၊ သူ့ကို မနည်းထိန်းရသည် ၊ ချီးပါ၊သေးပေါက် ၊ ထမင်းကျွေးတာက အစ ကလေးတယောက်လို ပြုစုနေရသည် ။
တခါတလေလည်း တယောက်တည်း ဟိုပြောဒီပြော ပြောနေတတ်သည် ပြန်ကောင်းသည့်အခါဆိုလည်း သူဟာသူ ပုံမှန်ဖြစ်နေသည်။
စိတ်ပူစရာတော့မလို…..ခုတလော သူငယ်ပြန်နေသည်ကများသည် ။ ပြန်ကောင်းချိန်တောင်သိပ်မတွေ့ရတော့ ၊ တအောင့်ကြာသော် ငါးနှစ်သား ကျွန်တော့သား သူရ က စာရွက်ခေါက်လေးတခုယူလာပြီး…
❝ဖိုးဖိုး ကပေးခိုင်းလိုက်တယ် အဖေ့အတွက် …❞ ကျွန်တောလည်း အမှုမဲ့အမှတ်မဲ့ မဖွင့်ကြည့်ပဲ စားပွဲပေါ်တွင် ပစ်တင်ထားလိုက်သည် ….
အဲဒီနောက်ပိုင်း အဖေ လုံးဝပြန်မကောင်းလာတော့ပါ ဆိုးသထက်ဆိုး၍သာနေပါတော့သည် ။
ကျွန်တော် တို့လည်း သူ့အတွက်ကြောင့် စိတ်သောကရောက် ကိုယ်ဒုက္ခရောက်ခဲ့ကြရသည် …..
ဒီလိုနှင့် ခြောက်လလောက်ကြာပြီးသော်…. အဖေလည်း … ကွယ်လွန်သွားလေသည်သူကွယ်လွန်သွားတော့ မိသားစု အားလုံးဝမ်းနည်းကြသည် ငိုကြယိုကြသည် ။
သူဆုံးသွားပြီး နောက်ပိုင်း ကျွန်တော်တို့လည်းအပူကင်းသလိုခံစားရသည် ၊ အရှုပ်ထုပ်ကြီးရှင်းသွားသလိုလည်း ခံစားရသည်
အဖေဆုံးပြီး တစ်နှစ်လောက်ကြာသော် …. တနေ့ ကျွန်တော် အိမ်ခန်း သန့်ရှင်းရေး လုပ်ရင်း စားပွဲခုံ အောက် ချောင်ကြိုချောင်ကြား မှ ဖုံထူထူတက်နေသော
စာခေါက်လေးတခုတွေ့မိသည် ။ ဘာစာများလဲ ဆိုသောစူးစမ်းစိတ်ဖြင့်ဖွင့်ကြည့်မိသည်
သို့ ………..ငါ့သား အဖေမင်းကိုပြောချင်တဲ့စကား.. အဖေ ပြန်ကောင်းနေတုန်းစာနဲ့ရေးထားလိုက်တယ် … ငါ့သားဖတ်မိပြီးရင် အဖေ့ အပေါ် စိတ်ရှည် နားလည်ပေးလာမယ်လို့ အဖေ မျှော်လင့်မိပါတယ်….
သားရေ ……..အဖေ အသက်ကြီးပြီ တခါတခါ ကိုယ့်ကိုယ်ကို ဘယ်သူမှန်းတောင်မသိတော့ဘူး …. မင်းတို့ မွေးကင်းစ အရွယ်တုန်းကလိုပေါ့
သားရေ ………..အဖေအသက်ကြီးပြီ သွားလာလှုပ်ရှားရတာနှေးဖင့်လာတယ် ၊ အပြောအဆိုတွေကလည်း ဝိုးတိုးဝါးတားဖြစ်လာတယ် ၊ စိတ်ရှည်ပေးပါမင်းတို့
ငယ်ငယ်တုန်းက လမ်းလျှောက်တတ်အောင်၊ စကားပြော တတ်အောင် အဖေတို့ စိတ်ရှည်လက်ရှည်နဲ့ သင်ပေးခဲ့သလိုပေါ့
သားရေ ………အဖေအသက်ကြီးပြီ အဖေ့ရဲ့ တည်ရှိနေမှုဟာ မင်းတို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်ရင်ဖြစ်နေမိမယ်…. ဒါပေမယ့် အဖေကတော့ မင်းတို့လေးတွေ
လူ့လောကထဲကို အမေ့ဗိုက်က စထွက်လာကတည်းက ဝန်ထုပ်ဝန်ပိုး လို့ တခါမှ မထင်မိခဲ့ဖူးပါဘူး
သားရေ ……….အဖေ ဒီလိုပြောတယ်ဆိုတာ မင်းတို့ရဲ့ တန်ပြန်ကျေးဇူးကို လိုချင်လို့မဟုတ်ပါဘူး သေခြင်းတရား ဆိုတာ အဖေနဲ့ မဝေးတော့ပါဘူးမသေခင်လေးမှာ
ငါ့သား၊ငါ့သမီး ငါ့မြေးလေးတွေနဲ့ ပျော်ပျော်ပါးပါးလူ့ဘဝရဲ့ နေဝင်ချိန်လေးကို ခံစားစံစားချင်တာပေါ့
သားရေ ………..အဖေသေသွားတဲ့အခါ ဝမ်းမနည်းပါနဲ့ ငိုကြွေးမနေပါနဲ့ မိဘကျေးဇူးကို သိနားလည်တတ်တဲ့ သား၊သမီး တွေဟာမိဘ အသက်ရှင်နေတဲ့အချိန်မှာ
အတတ်နိုင်ဆုံးနဲ့ အစွမ်းကုန် ပြန်လည်ပြုစုစောင့်ရှောက်ခဲ့ကြတဲ့အတွက် သူတို့မှာ နောင်တရစရာ ဆိုတာမရှိပါဘူး
သားရေ ………အဖေသေသွားတဲ့အခါ မင်းတို့ရဲ့ သိတတ်နားလည်မှု၊ အမျှပေးဝေမှုနဲ့အတူ ကောင်းရာသုဂတိသို့လားမှာပါ
သားရေ ………..မင်းတို့ တစ်တွေအားလုံး စိတ်၏ချမ်းသာ၊ကိုယ်၏ကျန်းမာ ခြင်းနှင့် ပြည့်စုံနိုင်ကြပါစေလို့ပဲ …. အဖေဆုတောင်းပြုနိုင်ပါတော့မယ်
( အဖေ )
စာကိုဖတ်မိပြီး ကျွန်တော် ထိန်းမနိုင်သိမ်းမနိုင် ဟစ်ချုံးချ ငိုကြွေး မိသည်ရက်စွဲ က သားလေးသူရ ကျွန်တော့်ကိုစာ လာပေးသောရက်ပင် …
ကျွန်တော် အရမ်းနောင်တရမိသည် ၊ ကိုယ့်ကိုယ်ကို လည်း အပြစ်တင်လို့မဆုံးပေ ၊ တကယ်လို့ အဲဒီနေ့သာ စာကို ဖတ်ဖြစ်မယ်ဆိုရင် ခုချိန်မှာ ကျွန်တော် နောင်တရစရာ မလိုတော့ပါ
အနည်းဆုံးတော့ သူအသက်ရှင်နေစဉ်အတွင်း ကျွန်တော် အရင်လို မငြိုငြင်တော့ပဲ ဝမ်းပန်းတသာ သူ့ကို ပြုစုစောင့်ရှောက် မှာတော့ ဧကန်မလွှဲပါ
❝မိဘ ဆိုတာ မသေခင်လုပ်ကျွေးပါသေမှ မငိုပြပါနှင့် ❞ဆိုတဲ့စကား ကျွန်တော်တို့အားလုံး ကြားဖူးကြမှာပါဆိုတဲ့စကားအတိုင်း မိဘကို လုပ်ကျွေးပြုစု ကြပါတယ် ၊ ကျေးဇူးဆပ်ကြပါတယ်
ကောင်းတာကျွေးတယ် ၊ အားဆေးကောင်းတွေ ဝယ်ပေးတယ် ၊ သွားလာချင်တဲ့ နေရာတွေ လိုက်ပို့ပေးကြတယ် ၊ ကျန်းမာရေး အစစအရာရာ လိုလေသေးမရှိအောင် ဂရုစိုက်ပေးကြတယ် ။ဒါတွေနဲ့တင်ပြည့်စုံပြီလား ….
ဟုတ်ကဲ့ မလုံလောက်သေးပါဘူး အဓိက ကတော့ သူ့တို့အပေါ် စိတ်မရှည်တာတို့၊ သူတို့ကို အလေးမထားတာတို့ မလုပ်မိပါစေနဲ့ …
အားတဲ့အချိန်တိုင်း သူတို့ကို အဖော်ပြုပေးပါအနေဝေးတဲ့သူများ အချိန်ရတိုင်း သွားကြည့်ပေးကြပါ
သူတို့မှာ ဂုဏ်ယူစရာဆိုလို့ငါ့သား ၊ငါ့သမီး ငါ့အပေါ် ဂရုစိုက်တယ်လေးစားတယ်ဆိုတာပဲ ရှိပါတော့တယ်
လူအိုကို လူအိုလို သဘောထားပါလူပို လို့သဘောမထားမိကြပါစေနဲ့
သူငယ်ချင်း တို့အားလုံးပဲကိုယ့်မိဘအပေါ် သိနားလည် တတ်တဲ့သားကောင်း သမီးရတနာ လေးတွေ ဖြစ်ပါစေလို့ ဆန္ဒပြုရင်းဖြင့် ….။
Credit-သူငယ်ချင်း