ပရိသတ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် တွေ့ဆုံခဲ့တဲ့ အမှတ်တရတွေကို မျှဝေလိုက်တဲ့ သင်ဇာဝင့်ကျော်




အနုပညာလောကမှာ နှစ်အတော်ကြာ အောင်မြင်စွာနဲ့ ရပ်တည်နေနိုင်တဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်က တစ်နေ့တစ်ခြား ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ထားသူလေး တစ်ဦးပါ။ သင်ဇာဝင့်ကျော်ရဲ့ အလန်းစားဖက်ရှင်တွေကလည်း ပရိသတ်တွေ စိတ်ဝင်တစားစောင့်ကြည့်ကြတဲ့ အရာတစ်ခုဖြစ်ပြီး အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း သင်ဇာဝင့်ကျော်က အနုပညာလောကမှာတော့ ဘုရင်မတစ်ပါးလို ထွန်းတောက်နေတာပဲ ဖြစ်ပါတယ်။


ပရိသတ်တွေ များစွာကို ရရှိပိုင်ဆိုင်ထားတဲ့ သင်ဇာဝင့်ကျော်က သူမရဲ့ ပရိသတ်တွေကို တန်ဖိုးထားပြီး ချစ်ခင်တတ်တဲ့ မင်းသမီးလေးပါပဲ။ ပြီးခဲ့တဲ့ ဇွန်လ(၂၄) ရက်နေ့က သင်ဇာဝင့်ကျော်က သူမရဲ့ ချစ်ပရိသတ်တွေနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင် ဆုံတွေ့ခဲ့တယ်လို့ သိရပါတယ်။



သင်ဇာဝင့်ကျော်ရဲ့ Fan Meeting ပွဲကို ရန်ကုန်မြို့ စိမ်းလန်းစိုပြေ.ပန်းခြံထဲက စားသောက်ဆိုင်တစ်ခုမှာ ကျင်းပခဲ့တာဖြစ်ပြီး သူမကို ချစ်ကြတဲ့ အမာခံပရိသတ်တွေများစွာလည်း ပျော်ပျော်ရွှင်ရွှင် လာရောက်ကြတာပဲ ဖြစ်ပါတယ်။



Fan Meeting ပွဲလေးမှာ သင်ဇာဝင့်ကျော်နဲ့ သူမရဲ့ ပရိသတ်တွေက ပျော်ပျော်ရွှင်ရွှင် စကားတွေ ပြောဆိုခဲ့ကြပြီး ကိတ်တွေခွဲ၊ သီချင်းတွေဆိုကာ တစ်နေကုန် အချိန်တွေကို ကုန်ဆုံးခဲ့တာ ဖြစ်ပါတယ်။




သင်ဇာ့ရဲ့ အမာခံပရိသတ်တွေနဲ့ စည်စည်ကားကားလေးတွေ့ရတဲ့ Fan Meeting

သင်ဇာဝင့်ကျော်ကတော့ “သူတို့လေးတွေကိုရထားတာအရမ်းပျော်တယ်။ နောက်လဲဒီလိုတူတူပျော်ကြမယ်နော်… ခုလဲအရမ်းပျော်တယ် 🙌🏼😇😌🤩❤️” ဆိုပြီး သူမ ဘယ်လောက်တောင် ပျော်ခဲ့ရလဲဆိုတာကို ပြောပြထားပါတယ်။

သင်ဇာဝင့်ကျော်က လွန်ခဲ့တဲ့ ရက်ပိုင်းက ချစ်သူနဲ့ လမ်းခွဲခဲ့လို့ ပရိသတ်တွေက သူမဝမ်းနည်းနေမယ် ထင်ပေမယ့်လည်း သင်ဇာကတော့ သူမလုပ်စရာရှိတာတွေကို အေးအေးဆေးဆေးနဲ့ အကောင်းဆုံး လုပ်ဆောင်နေလျက်ရှိပါတယ်။

ပရိသတ်တွေကချစ်တဲ့ မင်းသမီးနဲ့ မင်းသမီးကချစ်ရတဲ့ ပရိသတ်တွေရဲ့ မြင်ကွင်းလေးကတော့ အရမ်းကို ကြည်နူးစရာကောင်းတာပဲနော်။ သင်ဇာဝင့်ကျော်လည်း ချစ်ရတဲ့ ပရိသတ်တွေ၊ မိသားစုတွေနဲ့ ဒီထက်မက ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Credit  \\   original

Recent Updates

Recent Posts Widget