ပန်းလေးတွေနဲ့အပြိုင် အရမ်းကိုချစ်စရာကောင်းနေတဲ့ ဆုအိမ့်စံ





သရုပ်ဆောင် မင်းသမီးချောလေး ဆုအိမ့်စံ ဟာဆိုရင် လှပအချိုးကျတဲ့ စွဲမက်ဖွယ် ကိုယ်လုံးလေးကြောင့် ပုရိသယောက်ျားတွေရဲ့ အသည်းစွဲချစ်ခင် စွဲမက်မှုကို လက်ခံရရှိထားခဲ့ရတဲ့ သူလေးတစ်ယောက်ပါ။ ပုရိသတွေရဲ့ အသည်းစွဲချစ်ခင်မှုကို ရရှိထားခဲ့ရတဲ့ သူမကတော့ ယခုဆိုရင် လှပအချိုးကျတဲ့ ကိုယ်လုံးလေးကို ထင်ထင်ပေါ်ပေါ်ပြသပေးရင်း သူမရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို လူမှုကွန်ယက်ပေါ်ကနေတစ်ဆင့် မျှဝေပေးမြဲပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း သူမက ပန်းဆီရောင် စက္ကူပန်းလေးတွေနဲ့အပြိုင် အရမ်းကို ချစ်စရာကောင်းနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဝေမျှပေးထားခဲ့ပြန်တာပါ။
ပန်းဆီရောင် စက္ကူပန်းလေးတွေနဲ့အပြိုင် အရမ်းကို ချစ်စရာကောင်းနေတဲ့ ဆုအိမ့်စံရဲ့ ပုံရိပ်လေးတွေကို မိုမိုလေး ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။ ဆုအိမ့်စံကတော့ ” 💗 ချစ်စရာကောင်းတဲ့ စက္ကူပန်းလေး 💗 ” ဆိုပြီး သူမရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။
အချစ်ရေးမှာလည်း အရမ်းကို ကံကောင်းလွန်းတဲ့ သူမကတော့ ချစ်သူ သူရိယနဲ့ ချစ်သူသက်တမ်း (၂) နှစ်ပြည့်ဖြစ်တဲ့ ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှာ ရုတ်တရက် စေ့စပ်ပြီး ချစ်တဲ့ပရိသတ်တွေကို စပရိုက်လုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ချစ်သူနဲ့ စေ့စပ်ထားပြီဖြစ်တဲ့ ဆုဆုကတော့ တစ်နေ့တစ်ခြား အရမ်းကို ချစ်စရာကောင်းလာခဲ့တာပါ။
အနုပညာလမ်းကြောင်းမှာ အောင်မြင်တဲ့ မင်းသမီးတစ်ယောက်အနေနဲ့ ရပ်တည်နေမြဲဖြစ်တဲ့ သူမကတော့ လတ်တလောမှာလည်း ကြော်ငြာတွေ ရုပ်ရှင်ကားကြီးတွေကို အဆက်မပြတ်ရိုက်ကူးသရုပ်ဆောင် သရုပ်ဆောင်ပေးနေတာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ကားကြီးတွေမှာ အဆက်မပြတ်ပါဝင်သရုပ်ဆောင်နေရတဲ့ ဆုဆုကတော့ ဇန်နဝါရီလ (၁၈) ရက်နေ့မှပြသပေးသွားခဲ့တဲ့ “သရဲသင်္ဘော” ရုပ်ရှင်ကားကြီးနဲ့လည်း ပရိသတ်တွေကို အားပေးမှုကို တစ်ခဲနက်ရရှိထားခဲ့တာပါ။ လတ်လောမှာလည်း မနက်ဖြန်ဆို ရုံတင်ပြသပေးတော့မယ့် သူမပါဝင်ထားတဲ့ “စိန်ဂေါ်လီမ” ရုပ်ရှင်ကားကြီးနဲ့လည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကိုခံနေရတာပဲ ဖြစ်ပါတယ်။
ဆုဆုရဲ့ ချစ်စရာပုံရိပ်လေးတွေကိုကြည့်ရင်း ပရိသတ်တွေလည်း သဘောကျ ကြိုက်နှစ်သက်အချစ်ပိုမိမယ်လို့ ထင်ပါတယ်။ အေးချမ်းတည်ငြိမ်မှုရှိလှတဲ့ အချစ်ရေးနဲ့အတူ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ပေးရင်း ဘဝကို ပျော်ပျော်ကြီးဖြတ်သန်းနေဆဲဖြစ်တဲ့ ဆုဆုကို ချစ်တယ်ဆိုရင် ဒီပို့စ်လေးကို မျှဝေပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ ဖတ်ရှုအားပေးကြတဲ့ ချစ်ပရိသတ်တွေကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Credit  \\  Original

Recent Updates

Recent Posts Widget