“ဦးေလးျဖစ္သူက အသက္ (၂)ႏွစ္အရြယ္တူမေလးကို ေလေပၚေျမႇာက္ ကစားမိရာမွ တူမေလးေသဆုံး”





အသက္(၂၅)ႏွစ္အရြယ္ ဦးေလးျဖစ္သူက တူမေလးကို ခ်စ္လြန္းလုိ႔ ေလေပၚေျမႇာက္လုိက္၊ ဖမ္းလုိက္နဲ႔ ကစားမိရာက တူမေလးမွာ မေတာ္တဆ ေသဆုံးသြားေၾကာင္း သိရပါတယ္။ တူမေလးဟာ အသက္(၂)ႏွစ္သာ ရွိပါေသးတယ္။ ဒီသတင္းက အခ်စ္ၾကမ္းတဲ့ ကေလးခ်စ္သူေတြ သတိထားရမယ့္ သတင္းပါ။

တူမေလးဟာ ေျမႇာက္ရာမွာလက္လြန္သြားလုိ႔ မ်က္ႏွာက်က္က ပန္ကာနဲ႔တုိက္မိၿပီး၊ ေအာက္မွာဖမ္းဖုိ႔ေစာင့္ေနတဲ့ ဦးေလးကလည္း ဖမ္းမမိေတာ့ပါဘူး။ ဒီလုိနဲ႔ ကေလးမေလးဟာ ၾကမ္းျပင္ေပၚကို ေခါင္းနဲ႔ျပဳတ္က်ၿပီး၊ ေဆး႐ုံကို အျမန္ပုိ႔ေပးခဲ့ေပမယ့္ ကံမေကာင္းစြာ ေသဆုံးသြားပါေတာ့တယ္။



ဦးေလးျဖစ္သူမွာ ျမန္မာလူမ်ိဳးတစ္ေယာက္လုိ႔ သိရၿပီး၊ ကေလးမေလးကို Ampang Hospital ေဆး႐ုံဆီ ၿပီးခဲ့တဲ့ တနဂၤေႏြ၊ ဇြန္(၁၆)ရက္က အျမန္ေခၚသြားခဲ့ေပမယ့္ အသက္ကုိေတာ့ ကယ္တင္ႏုိင္ျခင္း မရွိေတာ့ပါဘူး။ အခင္းျဖစ္ခဲ့ရာ လိပ္စာကေတာ့ Tasik Tambahan, Ampang မွာ ျဖစ္ပါတယ္။



အခုေတာ့ ကေလးမေလးရဲ႕အေဖျဖစ္သူက လူေသေစမႈနဲ႔ အမႈဖြင့္ထားလုိ႔ ေသဆုံးသူရဲ႕ဦးေလးဟာ အဖမ္းခံထားရပါတယ္။ ဒီသတင္းေလးဟာ ကေလးေတြကို ခ်စ္လြန္းလို႔ ေလေပၚေျမႇာက္ၿပီး ကစားသူေတြအတြက္ သံေဝဂယူဖြယ္ရာပါ။ ကေလးေတြနဲ႔ ေဆာ့ကစားတဲ့အခါ အႏၱရာယ္မ်ားတဲ့နည္းလမ္းေတြကို အသိဉာဏ္နဲ႔ ေရွာင္ရွားရမွာပါ။

Credit  \\   original
Unicode Version

အသက်(၂၅)နှစ်အရွယ် ဦးလေးဖြစ်သူက တူမလေးကို ချစ်လွန်းလို့ လေပေါ်မြှောက်လိုက်၊ ဖမ်းလိုက်နဲ့ ကစားမိရာက တူမလေးမှာ မတော်တဆ သေဆုံးသွားကြောင်း သိရပါတယ်။ တူမလေးဟာ အသက်(၂)နှစ်သာ ရှိပါသေးတယ်။ ဒီသတင်းက အချစ်ကြမ်းတဲ့ ကလေးချစ်သူတွေ သတိထားရမယ့် သတင်းပါ။

တူမလေးဟာ မြှောက်ရာမှာလက်လွန်သွားလို့ မျက်နှာကျက်က ပန်ကာနဲ့တိုက်မိပြီး၊ အောက်မှာဖမ်းဖို့စောင့်နေတဲ့ ဦးလေးကလည်း ဖမ်းမမိတော့ပါဘူး။ ဒီလိုနဲ့ ကလေးမလေးဟာ ကြမ်းပြင်ပေါ်ကို ခေါင်းနဲ့ပြုတ်ကျပြီး၊ ဆေးရုံကို အမြန်ပို့ပေးခဲ့ပေမယ့် ကံမကောင်းစွာ သေဆုံးသွားပါတော့တယ်။
ဦးလေးဖြစ်သူမှာ မြန်မာလူမျိုးတစ်ယောက်လို့ သိရပြီး၊ ကလေးမလေးကို Ampang Hospital ဆေးရုံဆီ ပြီးခဲ့တဲ့ တနင်္ဂနွေ၊ ဇွန်(၁၆)ရက်က အမြန်ခေါ်သွားခဲ့ပေမယ့် အသက်ကိုတော့ ကယ်တင်နိုင်ခြင်း မရှိတော့ပါဘူး။ အခင်းဖြစ်ခဲ့ရာ လိပ်စာကတော့ Tasik Tambahan, Ampang မှာ ဖြစ်ပါတယ်။
အခုတော့ ကလေးမလေးရဲ့အဖေဖြစ်သူက လူသေစေမှုနဲ့ အမှုဖွင့်ထားလို့ သေဆုံးသူရဲ့ဦးလေးဟာ အဖမ်းခံထားရပါတယ်။ ဒီသတင်းလေးဟာ ကလေးတွေကို ချစ်လွန်းလို့ လေပေါ်မြှောက်ပြီး ကစားသူတွေအတွက် သံဝေဂယူဖွယ်ရာပါ။ ကလေးတွေနဲ့ ဆော့ကစားတဲ့အခါ အန္တရာယ်များတဲ့နည်းလမ်းတွေကို အသိဉာဏ်နဲ့ ရှောင်ရှားရမှာပါ။

Credit  \\   original

Recent Updates

Recent Posts Widget