“ကလေးမိဘတိုင်း ဒီ Post ကိုကျော်မသွားပဲ စာဆုံးအောင် ဖတ်ကြည့်စေချင်ပါတယ်”
ကလေးမိဘတိုင်းဒီPostကိုကျော်မသွားပဲစာဆုံးအောင်ဖတ်ကြည့်စေချင်ပါတယ်
😢#ဘဝဆက်တိုင်းဒီလိုအဖြစ်ဆိုးမျိုးမှကင်းဝေးပါစေ🙏#ကောင်ရာသုဂတိလားပါစေသားငယ်လေးရေ😢
#ကျွန်မသားလေးခြေထောက်မနေ့ကနာနေပါတယ်ဆရာကြီး ဆိုတော့ အနာသက်သာတဲ့ဆေးနဲ့ လိမ်းဆေးပေးပြီး နှစ်ပတ်နေရင် ပြန်လာပြပါ ပြသနာမရှိပါတဲ့အဲ့ဒီရက်နောက်ပိုင်း ကလေးကပင်ပန်းနွမ်းနယ်လာတယ်ဖျားလာတယ် အန်လာတယ် မဖြစ်ဘူး တို့ကလေးအထူးကုဆီပြေးအုံးမှ ဒါပေမယ့်အမေက အဲ့ဒီရက် ဆရာမနှစ်ယောက်သာရှိတဲ့ တိုက်နယ်ဆေးရုံကသူနာပြု ည (၇)နာရီမှအားတယ် အထူးကုဆရာဝန်နဲ့ပြခွင့်မရ မိုးချုပ်ပြီလေ ကျွန်မဆရာမဆိုပေမယ့်လည်း ကလေးရဲ့ ရောဂါလက္ခဏာတွေ တကယ်ပြနေတဲ့အချိန် ပြခွင့်မရတော့ပါဘူး အတွေ့အကြုံရှိတဲ့ MO က မနက်လာပြပါဆေးရုံတက်ဖို့လိုအပ်ရင် တက်ဖို့ ရန်ကုန်သွားဖို့လိုရင်သွားဖို့ အဆင်သင့်ပြင်ခဲ့ပါဒီလိုဆိုရင်တော့လည်း ရန်ကုန်သာတန်းသွားတာပေါ့ဆိုပြီးသားမိသားဖတွေ ရန်ကုန်ဆင်းပြီး အတွေ့အကြုံရင့်ကျက်တဲ့ ဆရာကြီးနဲ့ပြတယ်
အရေးကြီးပြီနော်
ဆရာကြီး ကျွန်မသား ခြေထောက်နာပါတယ် ဒီရက်ထဲဖျားနေပါတယ် လွန်ခဲ့တဲ့ တစ်နှစ်လောက်ကစပြီးတစ်လတစ်ခါ နှစ်လတစ်ခါတစ်ရက်ကနေ နှစ်ရက်အန်နေတတ်တယ် ဗိုက်နာတာကလည်း အလွန်ဆုံးနာ (2) sec လောက် ခဏခဏ နာတယ်ပြောပါတယ်ဆရာကြီးကစမ်းပါတယ် သားသားလမ်းလျောက်ပါ လျောက်နိုင်တယ် ထိုင်ထလုပ်ပြပါလုပ်နိုင်တယ် အဖျားတိုင်းတယ်မရှိပါ ဗိုက်စမ်းတယ် အားလုံးကောင်းတယ် ဓါတ်မှန်ရိုက်တယ် ကောင်းတယ် ဘာမှမဖြစ်ပါ နယ်ကိုပြန်လို့ရပြီ ဘာမှမဖြစ်ရင်ပြန်ပြစရာမလိုပါ
ကျွန်မပြောချင်တာ ကလေးအမေပြောတဲ့ ရောဂါရာဇဝင်ကို တစ်ခါတည်းနဲ့ ဆုံးဖြတ်လို့ပြီးပါပြီလားပြန်လာတယ် လမ်းမှာအန်တယ် ပြောစရာတစ်ခုကျန်ခဲ့တယ်
အပြင်စာတွေစားလို့အန်တာနေမှာပေါ့တဲ့ မွေးတည်းက အပြင်စာမကျွေးပါ အိမ်ပြန်ရောက်တယ် မကောင်းဘူး နယ်က ကလေးအထူးကုနဲ့ပဲသွားပြန်ပြတယ် မမဆရာကြီးက ဘာမှမဖြစ်ဘူးလို့ပြောတယ် အပေါ်က ကျွန်မပြောခဲ့တဲ့ လက္ခဏာတွေဖြစ်နေပြန်ပြီ ကျွန်မဆေးရုံတက်ချင်တယ် မတက်ပါနဲ့ လိုအပ်တာညွှန်လိုက်မယ် ညီမတို့ဆေးရုံမှာပဲလုပ်လိုက်ပါ ( စေတနာနဲ့ ပြောခြင်းပါ)ပြောတဲ့အတိုင်းလုပ်ပါတယ် မသက်သာပါ ရက်ချိန်းထိမစောင့်တော့ပါ ပြန်ပြပါတယ် ဒီတခါတော့ ရန်ကုန် ကလေးအထူကုဆေးခန်းသွားပါကျွန်မတို့လည်း အိမ်ကိုတောင်ပစ္စည်းတွေပြန်မထည့်တော့ပဲ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ မိတ်ဆွေတစ်ယောက်ကပိုက်ဆံယူလာ ဆေးခန်းကစောင့်ခိုင်းပြီး အဲ့ဒီမှာဆေးရုံတက်ပါတယ်
ပိုပြီးအရေးကြီးလာပါပြီ
နယ်ကလွှတ်လိုက်တဲ့ ဆရာဝန်ရဲ့စာအုပ်မှာ(1) ကင်ဆာ (2) ကလေးအရိုးအဆစ်ရောင်ရောဂါ ပထမဆရာဝန်တွေကိုပြောတဲ့ရောဂါရာဇဝင်ထက် နည်းနည်းထပ်တိုးပြောရပြီ အချိန်က တလလောက်ထပ်ကြာသွားပြီကိုးလမ်းမလျောက်နိုင်တော့ပါ ကလေးကိုကောက်ချီလိုက်တာ နဲ့ တအားနာနေပြီ နောက်ထပ်ဘယ်ကနာတယ်ဆိုမပြောတတ်တအားနာနေပါပြီ ဗိုက်နာတာလည်းစိပ်လာပါတယ် ဖျားတယ် အန်တယ် ကလေးပိန်လာပြီ ဆေးရုံစတက်ပါတယ် လိုအပ်တာတေစစ်ဆေးတယ် Antibiotic , Biogesic နဲ့ တစ်ချို့ဆေးတွေပေးတယ် အဖျားကတက်မလာတော့ဘူး အနာလည်းသက်သာသွားတယ် ဒီနှစ်ခုနဲ့ စလိုက်ပြီဆိုတော့ ခဏတော့သက်သာသွားပြီပေါ့
para ခိုးဖြုတ်ထားတယ် ပြန်နာလာတယ် ပြန်ဖျားလာတယ် ကလေးက မဖျားတာ နှစ်ရက်လောက်ရှိပြီ သွေးတမျိုးစစ်ပြီးရင်တော့မနက်ဖန်ပြန်လို့ရပါပြီ သွေးစစ်တော့ ဆေးရုံစတက်စက Hgb 10 ကျော်နောက် 8.8 ဆင်းခါနီး 7.5 ဒါတွေဟာ ဘာကြောင့်ကျနေလဲ
ပြီးတော့ပြန်နာနေပါတယ်လို့ကျွန်မပြောပါတယ် မဖျားဘူးဆိုတာလည်း အဖျားတိုင်းချိန် မနက် ၁၀ နာရီ နေ့ခင်း၂ နာရီ ညနေ ၆ နာရီစသဖြင့် အဲဒီ ၄ နာရီတစ်ကြိမ်တိုင်းတဲ့ကြားထဲမှာဖျားနေတာ ဘာဖြစ်လို့ chart မှာမရေးပဲ ကျွန်မကလေးမဖျားတာ နှစ်ရက်ရှိပြီလို့ပြောလဲ ဆင်းခိုင်းတဲ့နေ့မှာဆေးရုံကဆင်းခဲ့ပါတယ် နောက်တစ်နေ့မှာတော့ပိုပြီး ဆိုးရွားတဲ့ အခြေနေတွေကိုရောက်သွားတော့တယ် နောက်ဆုံးတော့ ကျေးဇူးတင်စရာကောင်းလှတဲ့ ကလေးဆေးရုံအုပ်ရဲ့ ကူညီအကြံပေးမှုနဲ့ ဆရာကြီးတစ်ယောက်နဲ့ ထပ်ပြခဲ့ပါတယ်
အဲ့ဒီမှာ ဆရာကြီးက ရှေ့က ကျွန်မပြောခဲ့တဲ့ ရောဂါရာဇဝင်တွေကို သူသိချင်တဲ့ အချက်အလက်နေရအောင် ဂရုတစိုက်မေးပြီးတဲ့အခါမှာတော့bone pain တွေ ရနေပါပြီ Hgb တွေလည်းတဖြည်းဖြည်းကျနေပြီ ဖျားလည်းဖျားနေပြီ သွားပါလေ ကလေးဆေးရုံ ကင်ဆာဆရာဝန်ဆီလွှဲပါပြီကျွန်မ ကမ္ဘာပျက်သွားပြီ လဲမကျအောင်အခန်းထဲကမနည်းထွက်လာရတယ်ဘုရား ဘုရား တကယ်ကင်ဆာမဖြစ်ပါစေနဲ့ဆုတောင်းပေမယ့် သေချာပါပြီကင်ဆာ အဆင့်တွေမမြင့်ပါစေနဲ့ဆုတောင်းပေမယ့် neuroblastoma stage 4 ပါ ဒီအဆင့်ဟာကုလို့သက်သာလာပါတယ် မပျောက်တော့ပါဘူး ပျောက်အောင်ကုသစရာဆေး နည်းလမ်းတိတိကျကျမရှိပါဘူး သိပေမယ့် ရသ၍ကုတယ် ပျောက်ရမယ်လို့ဇွတ်အတင်းကြီး ယုံကြည်တယ် ကျွန်မကလေးကောင်းပါတယ်လို့ပြောခဲ့တယ်
နောက်ဆုံးအချိန်ထိ ဘာကုစရာနည်းလမ်းလေးများရှိအုံးမလဲ စဉ်းစားတယ် ဆုတောင်းတယ် ပျောက်ဖို့စိတ်ကူးယဉ်တယ် ကျွန်မအမေဖြစ်နေလို့အဲ့လိုတွေးတာ အမေတိုင်းနားလည်မှာပါ ရောဂါစဖြစ်တည်းက တဖြုတ်ဖြုတ်နဲ့ ဇီဝိန်ချုပ်နေတဲ့ ကလေးတွေကြောင့်ကျွန်မအိပ်မရ
တစ္ဆေ ခြောက်ခံနေရပါတယ် ငါ့သားအလှည့်ဘယ်တော့လဲ ဒီလိုတွေတွေးရင်းနဲ့အတူဘာနည်းလမ်းများရှိအုံးမလဲဆိုတဲ့အတွေးကတွဲရက်ပါလာတယ်အစွမ်းကုန်ကုသပေးပေမယ့် ကလေးရဲ့ ရောဂါလက္ခဏာတွေ ပိုတိုးတိုးလာပါပြီ ပြီးခဲ့တဲ့ မေလလောက်မှာ အသည်းကိုထိသွားခဲ့ပြီ မျက်လုံးနောက်က အာရုံကြောကိုရောက် တဖြည်းဖြည်းနဲ့ မျက်လုံးကပြူထွက်လာခဲ့ပြီ ဆေးရုံမှာ သက်သာရာရရာရကြောင်း ခေါ်သွားပါတယ်
တဖြည်းဖြည်းဆိုးလာခဲ့ပြီး ကလေးရဲ့ ငါ့ရောဂါမပျောက်တော့ပါလားဆိုတာ သူစိတ်ကသိသွားတဲ့အချိန် သူ့ရဲ့မလှပတော့တဲ့ ရုပ်သွင်ကို သူများမြင်မှာစိုးတဲ့အချိန် သူများတွေစားချင်ရာစား သွားချင်ရာသွားနေတဲ့အချိန်မှာ ဘာမှလည်းစားလို့မရ ဆေးရုံအခန်းကျဉ်းးထဲနေပြီး
ကလေးစိတ်ဓါတ်ကျသွားတဲ့အချိန်တွေမှာတော့ ကျွန်မ အပြစ်ရှိသလို ခံစားလာရပါတယ် ၁၁. ၆ .၂၀၁၉ မနက် ၇ နာရီ မိနစ်လေးဆယ်အချိန်မှာ သားကလေးဟာသူသိပ်ချစ်တဲ့ မေမေနဲ့မိသားစုကို ထာဝရကျောခိုင်းသွားပါပြီပျော်ရွှင်တဲ့ကလေးဘဝလည်းမရလိုက်ပါဘူး
ဘာဆေး ဘာကုသမှုကမှလည်း မကယ်နိုင်ပါဘူး ကူရာကယ်ရာဘာမှမရှိတော့တဲ့အဆုံး တခုတည်းသာတောင်းခဲ့တဲ့ဆု သားကလေးရောဂါပျောက်ကင်းရပါလို၏ လည်းမကယ်နိုင်တော့ပါဘူး
ကလေးကင်ဆာတွေကို ကယ်နိုင်ဖို့ကတော့ စောစောသိဖို့ နည်းလမ်းပဲရှိပါတယ် ကလေးမိဘဘက်က မပြောပလောက်ပါဘူး ရိုးရိုးဖျားတာနေမှာ အစားမှားလို့အန်တာပါလို့လျော့မတွေးပဲနားလည်တဲ့ ဆရာဝန်နဲ့ပြဖို့နဲ့ဆရာဝန်ဆီရောက်တဲ့အခါမှာလည်း ရောဂါစောစောရှာဖွေနိုင်ပါစေလို့ ဆန္ဒပြုရင်း ဘယ်သူ့ဘယ်သူ့ကိုမှတိုက်ခိုက်လိုခြင်းအလျင်းမရှိပါပဲ ကလေးမိဘတွေဖတ်မိကြပါစေလို့ အတွေ့အကြုံလေးမျှဝေခြင်းသာ
မွေးနေ့တွေဘာတွေလုပ်ရင် ပျော်ပါးရင်းကုန်သွားမယ့်ပိုက်ဆံကို ကလေးဆေးရုံမှာကင်ဆာခံစားနေရတဲ့ကလေးငယ်တွေအတွက်အသုံးပြုစေချင်ပါတယ်သူတို့ခင်မျာ အရွယ်နဲ့မလိုက်အောင် ဝေဒနာတွေခံစားရင်းပျော်ရွှင်မှုကင်းမဲ့စွာနဲ့သေနေ့ကိုစောင့်နေရတဲ့အင်မတန်မှသနားစရာကောင်းတဲ့ကလေးငယ်တွေပါ😢😢😢
#creditMyaMyaWinMya









