ကျော်ရဲအောင်ဆီကနေ မရစဖူး မုန့်ဖိုးရလာလို့ ထီထိုးရတော့မယ်ဆိုတဲ့ သရုပ်ဆောင် မေကဗျာ
မေကဗျာကတော့ သဘာရင့်ဝါရင့်မင်းသမီးတစ်လက်ဖြစ်ပြီး အခုချိန်ထိ ငယ်ရွယ်နုပျိုနေတဲ့အလှကိုထိန်းသိမ်းထားနိုင်သူလည်းဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကိုပီပြင်အောင် သရုပ်ဆောင်နိုင်ပြီး ငယ်ရွယ်စဉ်အချိန်ထဲက အနုပညာလောကထဲကိုဝင်ရောက် လာသူပဲ ဖြစ်ပါတယ်။ Single Mother အဖြစ်ရပ်တည်နေပြီး ချစ်စရာကောင်းတဲ့သမီးလေးကိုပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။
သမီးလေးနဲ့လည်းအမြဲ ညီအစ်မလိုဆက်ဆံရေးမျိုး ရှိသူဖြစ်ပြီး အမြဲပွင့်ပွင့်လင်းလင်းပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နေတတ်သူလည်းဖြစ်ပါတယ်။အနုပညာအလုပ်တွေကို သိပ်မလုပ်ဖြစ်တော့ဘဲ စီးပွားရေးဘက်ကိုအားစိုက်နေတဲ့မေကဗျာကတော့ ဇာတ်လမ်းတွဲတွေကိုပဲ လက်ခံရိုက်ကူးနေတယ်လို့သိရပါတယ်။အနုပညာအလုပ်တွေသိပ်မလုပ်ဖြစ်တော့ပေမယ့် ပရိသတ်တွေကတော့ ချစ်မြဲချစ်ဆဲပဲ ဖြစ်ပါတယ်။
လတ်တလောမှာတော့ သူမဟာ ကျော်ရဲအောင် ၊ မေသန်းနု ၊ နေဒွေးအပြင် အခြားသေညအနုပညာရှင်တွေနဲ့. ပြဇာတ်တိုက်နေတယ်လို့သိရပါတယ်။ ပြဇာတ်တိုက်နေစဉ်အတွင်းမှာ နေဒွေးပါလာတဲ့မုန့်လေးတွေကိုစား ပြီး ကျော်ရဲအောင်က မုန့်ဖိုးပေးလို့ ပျော်ရွှင်နေတာပဲဖြစ်ပါတယ် ။ “ကိုနိုင်မုန့်ဖိုးပေးတာ ထီထိုးမယ် ”လို့ ဆိုပြီးသူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဓာတ်ပုံလေးနဲ့တကွ ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ် ။ ပရိသတ်ကြီးရော ကလေးလေးဆိုချစ်စရာကောင်းပြီးနိုပျိုနေတဲ့ မေကဗျာကို ချစ်ရင်တစ်ခုခုမှတ်ချက်ပေးသွားပါဦးနော်။
Credit \\ original





