ယာဥ္စည္းကမ္းေဖာက္ဖ်က္လို႔ ခ်လံျဖတ္တဲ့ ဒုရဲအုပ္ကို သံခၽြန္နဲ႔ ထိုးမယ္ၿခိမ္းေျခာက္ၿပီး ဖုန္းလုယူ
ယာဥ္စည္းကမ္းေဖာက္ဖ်က္လို႔ ခ်လံျဖတ္အေရးယူဖို႔ ျပင္ဆင္ေနတဲ႔ ဒုရဲအုပ္ကို ယာဥ္ေမာင္းက ယူနီေဖာင္းအက်ီၤကို ဆြဲကိုင္ျပီး သံခြ်န္နဲ႔ ထိုးလိုက္မယ္လို႔ ျခိမ္းေျခာက္ျပီး ဖုန္းကိုလုယူဖို႔ ႀကံလို႔ အေရးယူ
16-8-19(10:15) အခ်ိန္ မႏၲေလးျမိဳ႕ ျပည္ႀကီးတံခြန္ျမိဳ႕နယ္ ၆၂လမ္းနွင့္သာယာဝတီမင္းႀကီးလမ္းဆံုတြင္ ဒုရဲအုပ္ေဝမာစန္း နွင့္ ရဲတပ္သားစုပပေအာင္ တို့ယာဥ္လမ္းရွင္းတာဝန္က်ေနစဥ္
၆၂လမ္းအတိုင္း ေျမာက္မွေတာင္သို့ေမာင္းနွင္လာေသာ5H/2885 SUZUKI PICKUP အျဖူေရာင္ယာဥ္သည္ မီးနီေနစဥ္ ယာဘက္ ယာဥ္ေၾကာမွ ညာဘက္သို့ကပ္ေကြ ့သျဖင့္ မီးစိမ္း၍ သာယာဝတီ မင္းႀကီးလမ္းအတိုင္း သြားေနေသာ အျခားယာဥ္မ်ားႏွင့္တိုက္မိသလို ျဖစ္သြားစဥ္ ဒုရဲအုပ္ေဝမာစန္း မွ 5H/2885 ယာဥ္အားတားဆီးျပီး
ယာဥ္/ယာဥ္ေမာင္းလိုင္စင္ ေတာင္းယူကာ ခ်လန္ျဖတ္အေရးယူနိုင္ေရး အထက္အရာရွိထံ လက္ကိုင္ဖုန္းျဖင့္သတင္းပို႔ေနစဥ္ ယာဥ္ေမာင္း ေအာင္ဆန္းဦးမွ ဒုရဲအုပ္ေဝမာစန္း အား ယူနီေဖါင္းအက်ီၤဆြဲကိုင္ကာ အသင့္ပါလာေသာ သံဆူးခြ်န္ျဖင့္ ထိုးလိုက္မယ္ ဟုေျပာဆိုျခိမ္းေျခာက္ ျပီး လက္ထဲမွဖုန္းအားအတင္းလုယူရန္အားထုတ္သျဖင့္ လက္ေကာက္ဝတ္နာက်င္ဒဏ္ရာ ရရွိခ့ဲမွဳအေပၚ ဒုရဲအုပ္ေဝမာစန္း မွ
တရားလိုျပုလုပ္တိုင္ၾကားသျဖင့္ ျပည္ႀကီးတံခြန္ျမို့မရဲစခန္း(ပ)၆၇၂/၁၉ ရာဇသတ္ႀကီးပုဒ္မ ၃၉၃/၃၃၂/၃၅၄/၅၀၆ ျဖင့္ အေရးယူေဆာင္ရြက္ ထားရွိ ေၾကာင္းသိရွိရပါသည္။ Zin Moe
Credit \\ original
Unicode
ယာဉ်စည်းကမ်းဖောက်ဖျက်လို့ ချလံဖြတ်အရေးယူဖို့ ပြင်ဆင်နေတဲ့ ဒုရဲအုပ်ကို ယာဉ်မောင်းက ယူနီဖောင်းအကျီင်္ကို ဆွဲကိုင်ပြီး သံချွန်နဲ့ ထိုးလိုက်မယ်လို့ ခြိမ်းခြောက်ပြီး ဖုန်းကိုလုယူဖို့ ကြံလို့ အရေးယူ
16-8-19(10:15) အချိန် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၆၂လမ်းနှင့်သာယာဝတီမင်းကြီးလမ်းဆုံတွင် ဒုရဲအုပ်ဝေမာစန်း နှင့် ရဲတပ်သားစုပပအောင် တို့ယာဉ်လမ်းရှင်းတာဝန်ကျနေစဉ်
၆၂လမ်းအတိုင်း မြောက်မှတောင်သို့မောင်းနှင်လာသော5H/2885 SUZUKI PICKUP အဖြူရောင်ယာဉ်သည် မီးနီနေစဉ် ယာဘက် ယာဉ်ကြောမှ ညာဘက်သို့ကပ်ကွေ ့သဖြင့် မီးစိမ်း၍ သာယာဝတီ မင်းကြီးလမ်းအတိုင်း သွားနေသော အခြားယာဉ်များနှင့်တိုက်မိသလို ဖြစ်သွားစဉ် ဒုရဲအုပ်ဝေမာစန်း မှ 5H/2885 ယာဉ်အားတားဆီးပြီး
ယာဉ်/ယာဉ်မောင်းလိုင်စင် တောင်းယူကာ ချလန်ဖြတ်အရေးယူနိုင်ရေး အထက်အရာရှိထံ လက်ကိုင်ဖုန်းဖြင့်သတင်းပို့နေစဉ် ယာဉ်မောင်း အောင်ဆန်းဦးမှ ဒုရဲအုပ်ဝေမာစန်း အား ယူနီဖေါင်းအကျီင်္ဆွဲကိုင်ကာ အသင့်ပါလာသော သံဆူးချွန်ဖြင့် ထိုးလိုက်မယ် ဟုပြောဆိုခြိမ်းခြောက် ပြီး လက်ထဲမှဖုန်းအားအတင်းလုယူရန်အားထုတ်သဖြင့် လက်ကောက်ဝတ်နာကျင်ဒဏ်ရာ ရရှိခဲ့မှုအပေါ် ဒုရဲအုပ်ဝေမာစန်း မှ
တရားလိုပြုလုပ်တိုင်ကြားသဖြင့် ပြည်ကြီးတံခွန်မြို့မရဲစခန်း(ပ)၆၇၂/၁၉ ရာဇသတ်ကြီးပုဒ်မ ၃၉၃/၃၃၂/၃၅၄/၅၀၆ ဖြင့် အရေးယူဆောင်ရွက် ထားရှိ ကြောင်းသိရှိရပါသည်။ Zin Moe
Credit \\ original