“မိုး ေန ေလ မထိေအာင္လို႔ ထီးေလးမိုးေပးခဲ့တာ ေက်းဇူးတင္ပါတယ္ အေမ 😥”
-မေႂကြးႏိုင္ေပမဲ့ ေမြးေပးတာေက်းဇူးတင္ပါတယ္ မိခင္။ မိုး ေန ေလ မထိေအာင္လို႔ ထီးေလးမိုးေပးခဲ့တာလည္း ေက်းဇူးတင္ပါတယ္ မိခင္။
အျပစ္မေျပာေတာ့ပါဘူး အရင္ဘဝ ကံတရားတည္ေထာင္ခဲ့တာ ၊ခံရတဲ့အလွည့္မွာေတာ့ မစားသာပါဘူး။
ကံမကုန္လို႔ ျပန္စံုေတြ႕ရင္ မိခင္ကို မိခင္လို႔ပဲ ေခၚမယ္ေနာ္၊ သိခြင့္ရရင္ ေမြးေက်းဇူးေတြ စပ္ရအံုးမယ္မိခင္။
-ခုေတာ့ တဝမ္းတခါး ေဖြရွာစားေနရတဲ့ မိခင္၊ သေဘာမတူ လူဂုဏ္ခြဲျခား သေဘာထားမကိုက္ညီလို႔ ခြဲသြားၾကတဲ့မိခင္၊ အေၾကာင္းမသင့္ မွားခြင့္ကို ပန္ၿပီး ေနာက္ဆံုးစည္းမွာ မထားခ်င္ရွာေပမဲ့ အရွက္အတြက္ ငဲ့ကြက္ ေၾကာခိုင္းသြားတဲ့မိခင္။
ဘာပဲျဖစ္ျဖစ္ ေက်းဇူးတင္ေနပါတယ္ မိခင္။
Credit အရွင္ ဝိဇယ
Unicode Version
-မကြွေးနိုင်ပေမဲ့ မွေးပေးတာကျေးဇူးတင်ပါတယ် မိခင်။ မိုး နေ လေ မထိအောင်လို့ ထီးလေးမိုးပေးခဲ့တာလည်း ကျေးဇူးတင်ပါတယ် မိခင်။
အပြစ်မပြောတော့ပါဘူး အရင်ဘဝ ကံတရားတည်ထောင်ခဲ့တာ ၊ခံရတဲ့အလှည့်မှာတော့ မစားသာပါဘူး။
ကံမကုန်လို့ ပြန်စုံတွေ့ရင် မိခင်ကို မိခင်လို့ပဲ ခေါ်မယ်နော်၊ သိခွင့်ရရင် မွေးကျေးဇူးတွေ စပ်ရအုံးမယ်မိခင်။
-ခုတော့ တဝမ်းတခါး ဖွေရှာစားနေရတဲ့ မိခင်၊ သဘောမတူ လူဂုဏ်ခွဲခြား သဘောထားမကိုက်ညီလို့ ခွဲသွားကြတဲ့မိခင်၊ အကြောင်းမသင့် မှားခွင့်ကို ပန်ပြီး နောက်ဆုံးစည်းမှာ မထားချင်ရှာပေမဲ့ အရှက်အတွက် ငဲ့ကွက် ကြောခိုင်းသွားတဲ့မိခင်။
ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်နေပါတယ် မိခင်။
Credit အရှင် ဝိဇယ


