ကွာရှင်းရတဲ့ အကြောင်းအရင်းကို ထုတ်ပြောခဲ့တဲ့ ဆောင်းဟေကို
ပရိသတ်တွေကို လုံးဝ ရှော့ခ် ရသွားစေတဲ့ ကိုရီးယား ဆယ်လီ သတင်းတစ်ပုဒ်ထွက်ပေါ်လာခဲ့ပါတယ်။ ပရိသတ်ေ တွက စံပြစုံတွဲ ၊စံပြဇနီးမောင်နှံဆိုပြီး သတ်မှတ်ထားတဲ့ Song စုံတွဲ ကွာရှင်းတော့မယ်ဆိုတဲ့ သတင်းပါ။ ပရိသတ် တွတောင်မှ လုံးဝ မယုံနိုင်ဖြစ်ခဲ့ရပါတယ်။ ကောလာဟလများ လားဆိုပြီး မျှော်လင့်ခဲ့ပေမယ့်လည်း ဆောင်ဂျွန်ကီနဲ့ ဆောင်းဟေကို တို့ နှစ်ယောက်လုံးက ဒီသတင်းမှန်ကန် ကြောင်း ကြေညာချက် ကိုယ်စီ နဲ့ အတည်ပြုခဲ့ကြပါတယ်။ ဒါပေမယ့် ဆောင်းဟေကို တစ်ယောက် လက်ထပ်လက်စွပ် မ၀တ်တာကြာနေပြီဆိုတည်းက နှစ်ယောက်ကြား အိမ်ထောင်ရေးအဆင်မပြေဖြစ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေခဲ့တာတော့ ကြာပါပြီ။ အရင်ဆုံး ဆောင်ဂျွန်ကီရဲ့ ရှေ့နေ က ကွာရှင်းခွင့်တင်ထားတဲ့ အကြောင်းကို ထုတ် ပြောခဲ့တာပါ။ ဆောင်ဂျွန်ကီက ကွာရှ င်းတဲ့ အကြောင်း နဲ့ ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီ နောက်မှာတော့ ဆောင်းဟေကို ကလ ည်း သူမရဲ့ အေဂျင်စီက တစ်ဆင့် ကြေညာချက်တစ်ခု ထုတ်ပြန် လိုက်ပါတယ်။ ဒီအေ ကြာင်းကိုတော့ Soompi မှာ ဖော်ပြထားတာပါ။
Image :IG/Song Hye Kyo
Image :IG/Song Hye Kyo
ဇွန်လ (၂၇)ရက်နေ့မှာတော့ ဆောင်ဂျွန်ကီရဲ့ ရှေ့နေက ကွာရှင်းဖို့ ပထမအဆင့်အနေနဲ့ တရားရုံး မှာ ကွာရှင်းခွင့် တင်ထား တယ်လို့ တရားဝင် ကြေညာခဲ့ပါတယ်။ ဆောင်ဂျွန်ကီက လည်း ကွာရှင်းဖို့ လုပ်နေတဲ့ အကြောင်း အသိပေးရင်းနဲ့ ပရိသတ်တွေကို တောင်းပန်တဲ့ အကြောင်း သူ့ရဲ့ ကြေညာ ချက်မှာ ဖော်ပြထားပါတယ်။ ဒီကွာရှင်းတဲ့ ကိစ္စကိုလည်း အေးအေးဆေးဆေး အခင်အမင်မပျက်ပဲ ပြီးသွားဖို့ မျှော်လင့် ကြောင်းကိုလည်း ဖော်ပြထားပါတယ်။ အဲ့ဒီနောက်မှာတော့ ဆောင်းဟေကိုရဲ့ United Artists Agency (UAA) Korea ကလည်း ဆောင်းဟေကိုရဲ့ ကိုယ်စား ကြေညာချက် တစ်ရပ် ထုတ်လိုက်ပါတယ်။
Image :IG/Song Hye Kyo
Image :IG/Song Hye Kyo
အေဂျင်စီရဲ့ ကိုယ်စားလှယ်ရဲ့ အပြောအရ ..”စိတ်မကောင်း စရာ သတင်းတစ်ခု ပရိသတ်တွေကို ပြောရပါတော့မယ်။ သေချာ လေးလေးနက်နက် စဉ်းစား ပြီးနောက် မှာတော့ မင်းသမီးဆောင်းဟေ ကိုနဲ့ သူမရဲ့ ခင်ပွန်းဟာ ကွာ ရှင်းဖို့ အတွက် (ပထမခြေလှမ်းလှမ်းနေ ) ပြင်ဆင် နေကြပါပြီ။” ကွာ ရှင်းရတဲ့ အကြောင်းအရင်း ကတော့ တစ်ယော က်နဲ့ တစ်ယောက် ပင်ကိုယ်စရိုက်တွေက အရမ်းကို ကွာခြားနေလို့ပါ..။ ဒီခြားနားချက်တွေကို သူတို့ နှစ်ယောက် လုံးက ကျော်လွှားနိုင်စွမ်းမရှိတော့လို့ ဒီ လို ဆုံးဖြတ်ချက်ကို ချဖို့ အထိ ဖြစ်လာခဲ့တာပါ.။ ပရိသတ်တွေ အနေနဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို နားလည် ပေးဖို့ တောင်းဆို ချင်ပါတယ်” လို့ အေဂျင်စီက ပြောပါတယ်။ နှစ်ယော က်လုံး ရဲ့ personal lives ကို လေးစားတဲ့ အနေနဲ့ ဒီ့ထက်ပိုပြီး အချက်အလက်တွေကို အသေးစိတ်ကျကျ ထုတ်မပြောနိုင်ပါဘူးလို့ လည်း အေဂျင်စီဘက်က ပြောပါတယ်။
aဆာင်ဂျွန်ကီနဲ့ ဆောင်းဟေကို ကတော့ (၂၀၁၇) အောက်တိုဘာကမှ လက်ထပ်ခဲ့ကြတာပါ။ “Descendants of the Sun.” ဇာတ်ကားထဲမှာ အတူ သရုပ် ဆောင်ကြရင်းနဲ့ တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြိုက် သွားကြပြီး လက်ထပ်ခဲ့ ကြတာပါ။ တစ်နှစ်ကျော်အကြာမှာပဲ အဆုံးသတ် သွားတဲ့ သူတို့ အိမ်ထောင်ရေးအတွက် Fan တွေ အကုန်လုံးက မယုံနိုင်ဖြစ်နေကြ၊စိတ် မေ ကာင်ြး ဖစ် နေကြပါတယ်။ ဆောင်းဟေကိုရဲ့ IG မှာတော့ ဆောင်ဂျွန်ကီရဲ့ ပုံတွေ၊သူတို့ လက်ထပ်ထားတဲ့ ပုံတွေကို အခုထိ ရှိနေတုန်းပါ။ ခွေးလေးနဲ့ အဖြူအမည်းပုံလေးကတော့ (လက်ရှိ အချိန်ထိ )သူမရဲ့ IG မှာ နောက်ဆုံးတင်ထားတဲ့ ပုံပါ။
Credit \\ original






