ေငြေၾကးခ်မ္းသာဖို႔ထက္… ေအာက္ဆီဂ်င္ရဖို႔ …ပိုလိုအပ္တယ္ ေနထူးႏိုင္
[Zawgyi Version]
ေနထူးႏုိင္က လူတစ္ေယာက္ ပစၥည္းဥစၥာခ်မ္းသာမႈထပ္ အသက္ရွင္ဖုိ႔ ေအာက္ဆီဂ်င္က ပုိလုိအပ္တယ္ဆုိတဲ့ ရည္ရြယ္ခ်က္နဲ႔ သစ္ပင္စုိက္ၾကတယ္လုိ႔ ဆုိပါတယ္။ ေပၚပင္ဟုတ္တယ္ မဟုတ္ဘူးဆုိတာကုိေတာ့ ပရိသတ္ေတြ သိလာမယ္လုိ႔ ေျပာပါတယ္။
ေနထူးႏုိင္ဟာ လူတုိင္းရဲ႕ လုိအပ္တဲ့အရာတစ္ခုုျဖစ္တဲ့ ေအာက္ဆီဂ်င္ရဖုိ႔ ရည္ရြယ္ခ်က္နဲ႔ သစ္ပင္စုိက္တဲ့ အရာေလးကုိ လုပ္ျဖစ္တယ္လုိ႔ ဆုိပါတယ္။ လူတစ္ေယာက္က ဥစၥာပစၥည္း ခ်မ္းသာမႈထက္ ေအာက္ဆီဂ်င္က ပုိလုိအပ္တယ္လုိ႔ Duwun media ကေန ေျပာျပခ့ဲပါတယ္။
‘’ သစ္ပင္စုိက္တာက ကၽြန္ေတာ့္ အိပ္မက္ရဲ႕ နိဒါန္းေလးေပါ့။ အဲဒီမွာ အမွတ္တရျဖစ္ေအာင္ ‘’အိပ္မက္ရဲ႕ နိဒါန္း’’ ဆုိၿပီးေတာ့ ဇာတ္ကား စရုိက္တယ္။ အဲဒီမွာ ဇာတ္ညႊန္းဆရာက ဘာထပ္ေျပာလဲဆုိေတာ့ လူတစ္ေယာက္ ခ်မ္းသာၾကြယ္ဝတယ္ ပစၥည္း၊ ေရႊ၊ ေငြဆုိတာ လူတစ္ေယာက္ရဲ႕ ဂုဏ္ျဒပ္ကုိပဲ ျပတာ။ ဘယ္ေလာက္ပဲ ဆင္းရဲခ်မ္းသာေနပါေစ။ လုိအပ္ေနတာက ေအာက္ဆီဂ်င္၊ အဲဒီေအာက္ဆီဂ်င္ရွိမွ လူသားေတြက ရွင္သန္မယ္။ ဒီ့အတြက္ ေအာက္ဆီဂ်င္ရေအာင္ သစ္ပင္စုိက္မယ္ ဆုိတဲ့ ရည္ရြယ္ခ်က္နဲ႔ သစ္ပင္စိုက္ပါမယ္’’ လုိ႔ သူကဆုိပါတယ္။
ေနာက္တစ္ခ်ိန္မွာ သစ္ပင္တစ္ပင္ကေန လူသားေတြအတြက္ အက်ဳိးျပဳေစမယ့္ အရာေတြေၾကာင့္ သစ္ပင္စုိက္ျဖစ္တယ္လုိ႔ ေနထူးႏုိင္က ေျပာပါတယ္။
‘’ သစ္ပင္စုိက္ခ်င္တဲ့ စိတ္က ေနာင္တစ္ခ်ိန္မွာ ဒီသစ္ပင္က လိုကုိ လုိအပ္တယ္။ မုိးမရြာေတာ့ သစ္ပင္မျဖစ္ဘူး။ သစ္ပင္မရွိေတာ့ မုိးမရြာဘူးဆုိတာႀကီးကုိ လူေတြအကုန္လုံးက ေစာင့္ေနၾကတဲ့အခ်ိန္မွာ သစ္ပင္ရေအာင္စုိက္မယ္။ အဲဒါဆုိရင္ မုိးရြာလာမွာပဲ ဆုိတဲ့ ဆုံးျဖတ္ခ်က္နဲ႔ အတတ္ႏုိင္ဆုံး ႀကိဳးစားသြားမွာပါ’’ လုိ႔ သူကဆုိပါတယ္။
Photo: Nay Htoo Naing
အဲဒီေနာက္ ပရဟိတလုပ္ငန္းေတြအေပၚ ေပၚပင္လုိက္လုပ္တယ္လုိ႔ ဆုိလာတဲ့ ေဝဖန္ၾကသူေတြကုိလည္း ေနထူးႏုိင္က အခုလုိ ေျပာျပခဲ့ပါေသးတယ္။
‘’လုိအပ္တဲ့ေနရာမွာ လုိအပ္သလုိ အေရာင္မပါတဲ့ မည္သည့္လုပ္ငန္းမဆုိ ကၽြန္ေတာ္တက္ႏုိင္သေလာက္ ပရဟိတ လုပ္ငန္းေတြ လုပ္သြားမွာပါ။ ေပၚပင္လုပ္တာလား၊ ေပၚပင္မလုပ္ဘူးလား ဆုိတာကုိေတာ့ အခ်ိန္က စကားေျပာသြားမွာေပါ့။ ေသခ်ာတာကေတာ့ ေနထူးႏုိင္ဆုိတာ ဒါကုိ စုိက္မွ ေနထူးႏုိင္ဆုိတာကုိ သိတာ မဟုတ္ပါဘူး’’ ဆုိၿပီးေတာ့ ဇြန္လ ၁၈ ရက္ေန႔က ေခ်ာက္ၿမိဳ႕မွာ ျပဳလုပ္တဲ့ သစ္ပင္စုိက္ပြဲေတာ္မွာ ေျဖဆုိခဲ့တာပါ။
photo: Nay HtooNaing
ေနထူးႏုိင္ကုိေတာ့ ပရိသတ္ေတြက အက္ရွင္မင္းသားတစ္ေယာက္အျဖစ္ စတင္သိရွိလာခ့ဲၾကတာပါ။ လက္ရွိမွာလည္း အက္ရွင္ဇာတ္ကားေတြ ရုိက္ကူးေနတာ ေတြ႔ရပါတယ္။ သူဟာ အႏုပညာနဲ႔ ပတ္သက္ၿပီး ဇာတ္ကားေတြလည္း ရုိက္ကူးေနတာျဖစ္သလုိ ျမန္မာႏုိင္ငံရုပ္ရွင္အစည္းအရုံးရဲ႕ ဗီဒီယုိ အဖြဲ႔မွာလည္း အတြင္းေရးမွဴးတစ္ေယာက္အျဖစ္ တာဝန္ယူေဆာင္ရြက္ေနတာျဖစ္ပါတယ္။
Credit- Duwun
[Unicode Version]
နေထူးနိုင်က လူတစ်ယောက် ပစ္စည်းဥစ္စာချမ်းသာမှုထပ် အသက်ရှင်ဖို့ အောက်ဆီဂျင်က ပိုလိုအပ်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သစ်ပင်စိုက်ကြတယ်လို့ ဆိုပါတယ်။ ပေါ်ပင်ဟုတ်တယ် မဟုတ်ဘူးဆိုတာကိုတော့ ပရိသတ်တွေ သိလာမယ်လို့ ပြောပါတယ်။
နေထူးနိုင်ဟာ လူတိုင်းရဲ့ လိုအပ်တဲ့အရာတစ်ခုုဖြစ်တဲ့ အောက်ဆီဂျင်ရဖို့ ရည်ရွယ်ချက်နဲ့ သစ်ပင်စိုက်တဲ့ အရာလေးကို လုပ်ဖြစ်တယ်လို့ ဆိုပါတယ်။ လူတစ်ယောက်က ဥစ္စာပစ္စည်း ချမ်းသာမှုထက် အောက်ဆီဂျင်က ပိုလိုအပ်တယ်လို့ Duwun media ကနေ ပြောပြခဲ့ပါတယ်။
‘’ သစ်ပင်စိုက်တာက ကျွန်တော့် အိပ်မက်ရဲ့ နိဒါန်းလေးပေါ့။ အဲဒီမှာ အမှတ်တရဖြစ်အောင် ‘’အိပ်မက်ရဲ့ နိဒါန်း’’ ဆိုပြီးတော့ ဇာတ်ကား စရိုက်တယ်။ အဲဒီမှာ ဇာတ်ညွှန်းဆရာက ဘာထပ်ပြောလဲဆိုတော့ လူတစ်ယောက် ချမ်းသာကြွယ်ဝတယ် ပစ္စည်း၊ ရွှေ၊ ငွေဆိုတာ လူတစ်ယောက်ရဲ့ ဂုဏ်ဒြပ်ကိုပဲ ပြတာ။ ဘယ်လောက်ပဲ ဆင်းရဲချမ်းသာနေပါစေ။ လိုအပ်နေတာက အောက်ဆီဂျင်၊ အဲဒီအောက်ဆီဂျင်ရှိမှ လူသားတွေက ရှင်သန်မယ်။ ဒီ့အတွက် အောက်ဆီဂျင်ရအောင် သစ်ပင်စိုက်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သစ်ပင်စိုက်ပါမယ်’’ လို့ သူကဆိုပါတယ်။
နောက်တစ်ချိန်မှာ သစ်ပင်တစ်ပင်ကနေ လူသားတွေအတွက် အကျိုးပြုစေမယ့် အရာတွေကြောင့် သစ်ပင်စိုက်ဖြစ်တယ်လို့ နေထူးနိုင်က ပြောပါတယ်။
‘’ သစ်ပင်စိုက်ချင်တဲ့ စိတ်က နောင်တစ်ချိန်မှာ ဒီသစ်ပင်က လိုကို လိုအပ်တယ်။ မိုးမရွာတော့ သစ်ပင်မဖြစ်ဘူး။ သစ်ပင်မရှိတော့ မိုးမရွာဘူးဆိုတာကြီးကို လူတွေအကုန်လုံးက စောင့်နေကြတဲ့အချိန်မှာ သစ်ပင်ရအောင်စိုက်မယ်။ အဲဒါဆိုရင် မိုးရွာလာမှာပဲ ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ’’ လို့ သူကဆိုပါတယ်။
Photo: Nay Htoo Naing
အဲဒီနောက် ပရဟိတလုပ်ငန်းတွေအပေါ် ပေါ်ပင်လိုက်လုပ်တယ်လို့ ဆိုလာတဲ့ ဝေဖန်ကြသူတွေကိုလည်း နေထူးနိုင်က အခုလို ပြောပြခဲ့ပါသေးတယ်။
‘’လိုအပ်တဲ့နေရာမှာ လိုအပ်သလို အရောင်မပါတဲ့ မည်သည့်လုပ်ငန်းမဆို ကျွန်တော်တက်နိုင်သလောက် ပရဟိတ လုပ်ငန်းတွေ လုပ်သွားမှာပါ။ ပေါ်ပင်လုပ်တာလား၊ ပေါ်ပင်မလုပ်ဘူးလား ဆိုတာကိုတော့ အချိန်က စကားပြောသွားမှာပေါ့။ သေချာတာကတော့ နေထူးနိုင်ဆိုတာ ဒါကို စိုက်မှ နေထူးနိုင်ဆိုတာကို သိတာ မဟုတ်ပါဘူး’’ ဆိုပြီးတော့ ဇွန်လ ၁၈ ရက်နေ့က ချောက်မြို့မှာ ပြုလုပ်တဲ့ သစ်ပင်စိုက်ပွဲတော်မှာ ဖြေဆိုခဲ့တာပါ။
photo: Nay HtooNaing
နေထူးနိုင်ကိုတော့ ပရိသတ်တွေက အက်ရှင်မင်းသားတစ်ယောက်အဖြစ် စတင်သိရှိလာခဲ့ကြတာပါ။ လက်ရှိမှာလည်း အက်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။ သူဟာ အနုပညာနဲ့ ပတ်သက်ပြီး ဇာတ်ကားတွေလည်း ရိုက်ကူးနေတာဖြစ်သလို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဗီဒီယို အဖွဲ့မှာလည်း အတွင်းရေးမှူးတစ်ယောက်အဖြစ် တာဝန်ယူဆောင်ရွက်နေတာဖြစ်ပါတယ်။
Credit- Duwun




