ဖေဖေ့ဆီက KIA ကားကို အပိုင်ရသွားလို့ပျော်နေတဲ့ သဇင်ထူးမြင့်
ပရိသတ်တွေရဲ့ အသည်းကျော်အနပညာရှင်ကြီး ခင်လှိုင်ကတော့ အောင်မြင်နေတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းသရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ဇာတ်ရုပ်အမျိုးမျိုး သရုပ်ဆောင်ချက်အမျိုးမျိုးကို ကျွမ်းကျင်ပိုင်နိုင်တဲ့ အနပညာရှင် တစ်ယောက်ပဲ ဖြစ်ပြီး စွယ်စုံရပြည်သူချစ် ဟာသသရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။
ခင်လှိုင်ကတော့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုတည်ဆောက်နိုင်ခဲ့ပြီး ချစ်စရာကောင်းတဲ့ သမီးလေးကို ပိုင်ဆိုင်ထားပါတယ်။ ခင်လှိုင်ရဲ့ သမီးလေးသဇင်ထူးမြင့်ကတော့ချစ်စရာအပြုံးလေးတွေ ရိုးအေးပြီး ပွင့်လင်းစွာ နေထိုင်တတ်ပုံလေးတွေကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ရရှိနေသူလေးဆိုလဲ မမှားပါဘူး။
ယနေ့မှာတော့ သင်ဇင်ထူးမြင့်ဟာ ဖေဖေခင်လှိုင်က အမိုက်စားကားသစ်ကြီးဝယ်လိုက်လို့ ဖေဖေရဲ့ အရင်KIAကားလေးကို အပိုင်ရသွားပါတယ်။ သင်ဇင်ထူးမြင့်ကတော့ ” ဖေဖေ့ကားသစ်ရပြီဆိုတော့ ဖေဖေ့အရင်KIAကားကို သဲကသေချာစောင့်ရှောက်ပါ့မယ် ” ဆိုပြီး ရေးသားထားရာ ခင်လှိုင်ရဲ့ အမိုက်စားကားသစ်ကို ပြသထားတဲ့ ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
source; သဇင်ထူးမြင့်
Credit \\ original





