အိႏၵိယမွာ အပူဒဏ္ေၾကာင့္ ၂၄ နာရီအတြင္း လူ ၅၀ နီးပါး ေသဆုံး
အိႏၵိယမွာ အပူဒဏ္ေၾကာင့္ ၂၄ နာရီအတြင္း လူ ၅၀ နီးပါး ေသဆုံး
အိႏၵိယနိုင္ငံ ဘီဟာျပည္နယ္မွာ အပူခ်ိန္ျပင္းထန္မႈေၾကာင့္ ၂၄ နာရီအတြင္း လူ ၅၀ နီးပါး ေသဆုံးခဲ့ေၾကာင္း အာဏာပိုင္ေတြက ဇြန္လ ၁၆ ရက္မွာ ေျပာပါတယ္။အိႏၵိယမွာ အပူခ်ိန္မ်ားျမင့္တက္ေနခဲ့မႈဟာ တတိယ သီတင္းပတ္အတြင္း ေရာက္ရွိလာခဲ့ၿပီလည္း ျဖစ္ပါတယ္။ ဆင္းရဲတဲ့ ေနရာေဒသသုံးခုမွာ အပူဒဏ္ေၾကာင့္ ေသဆုံးမႈေတြျဖစ္ခဲ့ေၾကာင္း ထိုေနရာေတြမွာ အပူခ်ိန္ဟာ ၄၅ ဒီဂရီဆဲလ္စီးယပ္ဝန္းက်င္သို႔ လတ္တေလာ ရက္ပိုင္းအတြင္း ျမင့္တက္ေရာက္ရွိေနခဲ့ေၾကာင္း က်န္းမာေရးဌာနမွ အႀကီးတန္းအရာရွိ ဗီေဂ်းကူးမားက AFP သတင္းဌာနကို ေျပာပါတယ္။
မိုးေခါင္မႈႀကဳံေနတဲ့ ဘီဟာျပည္နယ္ Magadh နယ္ေျမအတြင္းရွိ ေနရာေဒသသုံးခုမွာ လူ ၄၉ ဦး ေသဆုံးခဲ့ေၾကာင္း ၎က အတည္ျပဳခဲ့ပါတယ္။ “စေနေန႕ (ဇြန္ ၁၅ ရက္) မြန္းလြဲပိုင္းမွာ ႐ုတ္တရက္ ျဖစ္လာခဲ့တာ၊ လူေတြ အပူလွ်ပ္ၿပီး ေဆး႐ုံေတြကို ေရာက္လာခဲ့ၾကတယ္၊ သူတို႔ထဲက အမ်ားစုက စေနေန႕ညပိုင္းနဲ႕ အခ်ိဳ႕ကေတာ့ တနဂၤႏြေေန႕ မနက္ပိုင္းမွာ ကုသေနရင္းနဲ႕ပဲ ေသဆုံးခဲ့ၾကတယ္” လို႔ ဗီေဂ်းကူးမားက ေျပာပါတယ္။ဘီဟာျပည္နယ္ Aurangabad ေဒသရွိ အစိုးရေဆး႐ုံမွာလည္း အပူဒဏ္ခံရသူ ၄၀ ခန႔္ကို ကုသေပးေနရေၾကာင္း သိရပါတယ္။ အပူလွ်ပ္မႈေၾကာင့္ ေဆး႐ုံကို လူနာေတြ ထပ္ေရာက္လာေနဆဲျဖစ္ၿပီး အပူလွိုင္းက်ေရာက္မႈ ဆက္လက္ျဖစ္ေနပါက ေနာက္ထပ္ ေသဆုံးမႈေတြ ရွိလာနိုင္ေၾကာင္း က်န္းမာေရးဌာန အႀကီးတန္းအရာရွိက ေျပာပါတယ္။
အပူဒဏ္ေၾကာင့္ ေသဆုံးသူအမ်ားစုဟာ အသက္ ၅၀ ေက်ာ္အ႐ြယ္ေတြ ျဖစ္ၾကၿပီး ၎တို႔ဟာ ခႏၶာကိုယ္အပူခ်ိန္ျမင့္တက္ျခင္း၊ ဝမ္းေလွ်ာျခင္းနဲ႕ ေအာ့အန္တဲ့ လကၡဏာေတြမ်ားနဲ႕အတူ သတိေမ့ေျမလု အေျခအေနျဖင့္ ေဆး႐ုံေတြကိုေရာက္လာခဲ့ၾကတယ္လို႔ သိရပါတယ္။ အပူဒဏ္ေၾကာင့္ Aurangabad ေဒသမွာ ၂၇ ဦး၊ Gaya မွာ ၁၅ ဦးနဲ႕ Nawada မွာ ၇ ဦး ေသဆုံးခဲ့ေၾကာင္း အာဏာပိုင္ေတြက ထုတ္ျပန္ထားပါတယ္။ဘီဟာျပည္နယ္ဝန္ႀကီးခ်ဳပ္ Nitish Kumar က ေသဆုံးသူေတြရဲ႕ က်န္ရစ္သူမိသားစုကို အိႏၵိယ႐ူပီးေငြ ၄၀၀,၀၀၀ (ျမန္မာေငြ ၈၈ သိန္းခန႔္) နစ္နာေၾကးေပးအပ္သြားမယ္လို႔ ေၾကညာပါတယ္။ အိႏၵိယက်န္းမာေရးဝန္ႀကီးက အပူခ်ိန္မ်ား ေလ်ာ့က်မသြားမခ်င္း ေနအိမ္ျပင္ပ သြားလာလႈပ္ရွားမႈေတြ မလုပ္သင့္ေၾကာင္း ေျပာခဲ့ပါတယ္။
“ျပင္းထန္လြန္းတဲ့ အပူခ်ိန္က ဦးႏွောက္ကို ထိခိုက္ေစၿပီး က်န္းမာေရးျပႆနာေတြ ျဖစ္ေစပါတယ္” လို႔ ဝန္ႀကီးက သတိေပးပါတယ္။ အိႏၵိယေျမာက္ပိုင္း ေနရာေဒသအမ်ားအျပားမွာ အပူခ်ိန္ျမင့္တက္ေနခဲ့မႈဟာ သီတင္းႏွစ္ပတ္ေက်ာ္ ၾကာၿပီလို႔ဆိုပါတယ္။ သဲကႏၱရာနယ္ေျမျဖစ္တဲ့ ရာဂ်က္စတန္ျပည္နယ္မွာ အပူခ်ိန္ ၅၀ ဒီဂရီဆဲလ္စီးယပ္ကို ေက်ာ္လြန္ခဲ့ေၾကာင္းလည္း သိရပါတယ္။၂၀၁၅ ခုႏွစ္အတြင္းက အပူလွိုင္းက်ေရာက္မႈေၾကာင့္ အိႏၵိယနဲ႕ပါကစၥတန္မွာ လူဦးေရ ၃,၅၀၀ ေက်ာ္ ေသဆုံးခဲ့ဖူးပါတယ္။ ၂၀၁၇ ခုႏွစ္အတြင္း သုေတသနပညာရွင္ေတြရဲ႕ ေျပာၾကားမႈအရ ကမၻာတစ္ဝွမ္း ပူႏြေးလာမႈကို တန္ျပန္ေဆာင္႐ြက္မႈမရွိပါက ယခုရာစုႏွစ္အကုန္မွာ ေတာင္အာရွေဒသရဲ႕ အပူခ်ိန္ဟာ ရွင္သန္ေနထိုင္ရန္မလြယ္တဲ့ အေျခအေနအထိ ျမင့္တက္လာနိုင္ေၾကာင္း သိရပါတယ္။ ေတာင္အာရွေဒသမွာ ကမၻာ့လူဦးေရ ငါးပုံတစ္ပုံ ေနထိုင္လ်က္ရွိပါတယ္။
Credit Duwun
Unicode
အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်မှာ အပူချိန်ပြင်းထန်မှုကြောင့် ၂၄ နာရီအတွင်း လူ ၅၀ နီးပါး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ဇွန်လ ၁၆ ရက်မှာ ပြောပါတယ်။အိန္ဒိယမှာ အပူချိန်များမြင့်တက်နေခဲ့မှုဟာ တတိယ သီတင်းပတ်အတွင်း ရောက်ရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။ ဆင်းရဲတဲ့ နေရာဒေသသုံးခုမှာ အပူဒဏ်ကြောင့် သေဆုံးမှုတွေဖြစ်ခဲ့ကြောင်း ထိုနေရာတွေမှာ အပူချိန်ဟာ ၄၅ ဒီဂရီဆဲလ်စီးယပ်ဝန်းကျင်သို့ လတ်တလော ရက်ပိုင်းအတွင်း မြင့်တက်ရောက်ရှိနေခဲ့ကြောင်း ကျန်းမာရေးဌာနမှ အကြီးတန်းအရာရှိ ဗီဂျေးကူးမားက AFP သတင်းဌာနကို ပြောပါတယ်။
မိုးခေါင်မှုကြုံနေတဲ့ ဘီဟာပြည်နယ် Magadh နယ်မြေအတွင်းရှိ နေရာဒေသသုံးခုမှာ လူ ၄၉ ဦး သေဆုံးခဲ့ကြောင်း ၎င်းက အတည်ပြုခဲ့ပါတယ်။ “စနေနေ့ (ဇွန် ၁၅ ရက်) မွန်းလွဲပိုင်းမှာ ရုတ်တရက် ဖြစ်လာခဲ့တာ၊ လူတွေ အပူလျှပ်ပြီး ဆေးရုံတွေကို ရောက်လာခဲ့ကြတယ်၊ သူတို့ထဲက အများစုက စနေနေ့ညပိုင်းနဲ့ အချို့ကတော့ တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ကုသနေရင်းနဲ့ပဲ သေဆုံးခဲ့ကြတယ်” လို့ ဗီဂျေးကူးမားက ပြောပါတယ်။ဘီဟာပြည်နယ် Aurangabad ဒေသရှိ အစိုးရဆေးရုံမှာလည်း အပူဒဏ်ခံရသူ ၄၀ ခန့်ကို ကုသပေးနေရကြောင်း သိရပါတယ်။ အပူလျှပ်မှုကြောင့် ဆေးရုံကို လူနာတွေ ထပ်ရောက်လာနေဆဲဖြစ်ပြီး အပူလှိုင်းကျရောက်မှု ဆက်လက်ဖြစ်နေပါက နောက်ထပ် သေဆုံးမှုတွေ ရှိလာနိုင်ကြောင်း ကျန်းမာရေးဌာန အကြီးတန်းအရာရှိက ပြောပါတယ်။
အပူဒဏ်ကြောင့် သေဆုံးသူအများစုဟာ အသက် ၅၀ ကျော်အရွယ်တွေ ဖြစ်ကြပြီး ၎င်းတို့ဟာ ခန္ဓာကိုယ်အပူချိန်မြင့်တက်ခြင်း၊ ဝမ်းလျှောခြင်းနဲ့ အော့အန်တဲ့ လက္ခဏာတွေများနဲ့အတူ သတိမေ့မြေလု အခြေအနေဖြင့် ဆေးရုံတွေကိုရောက်လာခဲ့ကြတယ်လို့ သိရပါတယ်။ အပူဒဏ်ကြောင့် Aurangabad ဒေသမှာ ၂၇ ဦး၊ Gaya မှာ ၁၅ ဦးနဲ့ Nawada မှာ ၇ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ဘီဟာပြည်နယ်ဝန်ကြီးချုပ် Nitish Kumar က သေဆုံးသူတွေရဲ့ ကျန်ရစ်သူမိသားစုကို အိန္ဒိယရူပီးငွေ ၄၀၀,၀၀၀ (မြန်မာငွေ ၈၈ သိန်းခန့်) နစ်နာကြေးပေးအပ်သွားမယ်လို့ ကြေညာပါတယ်။ အိန္ဒိယကျန်းမာရေးဝန်ကြီးက အပူချိန်များ လျော့ကျမသွားမချင်း နေအိမ်ပြင်ပ သွားလာလှုပ်ရှားမှုတွေ မလုပ်သင့်ကြောင်း ပြောခဲ့ပါတယ်။
“ပြင်းထန်လွန်းတဲ့ အပူချိန်က ဦးနှောက်ကို ထိခိုက်စေပြီး ကျန်းမာရေးပြဿနာတွေ ဖြစ်စေပါတယ်” လို့ ဝန်ကြီးက သတိပေးပါတယ်။ အိန္ဒိယမြောက်ပိုင်း နေရာဒေသအများအပြားမှာ အပူချိန်မြင့်တက်နေခဲ့မှုဟာ သီတင်းနှစ်ပတ်ကျော် ကြာပြီလို့ဆိုပါတယ်။ သဲကန္တရာနယ်မြေဖြစ်တဲ့ ရာဂျက်စတန်ပြည်နယ်မှာ အပူချိန် ၅၀ ဒီဂရီဆဲလ်စီးယပ်ကို ကျော်လွန်ခဲ့ကြောင်းလည်း သိရပါတယ်။၂၀၁၅ ခုနှစ်အတွင်းက အပူလှိုင်းကျရောက်မှုကြောင့် အိန္ဒိယနဲ့ပါကစ္စတန်မှာ လူဦးရေ ၃,၅၀၀ ကျော် သေဆုံးခဲ့ဖူးပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း သုတေသနပညာရှင်တွေရဲ့ ပြောကြားမှုအရ ကမ်ဘာတစ်ဝှမ်း ပူနွေးလာမှုကို တန်ပြန်ဆောင်ရွက်မှုမရှိပါက ယခုရာစုနှစ်အကုန်မှာ တောင်အာရှဒေသရဲ့ အပူချိန်ဟာ ရှင်သန်နေထိုင်ရန်မလွယ်တဲ့ အခြေအနေအထိ မြင့်တက်လာနိုင်ကြောင်း သိရပါတယ်။ တောင်အာရှဒေသမှာ ကမ်ဘာ့လူဦးရေ ငါးပုံတစ်ပုံ နေထိုင်လျက်ရှိပါတယ်။
Credit Duwun