“အိႏၵိယ႐ုပ္ရွင္ပြဲေတာ္မွာ ဆုရရွိခဲ့တဲ့ မုန္းစြဲ ႐ုပ္ရွင္ဇာတ္ကား
ဒါ႐ိုက္တာ ဩရသ ႐ိုက္ကူးပုံေဖာ္ထားတဲ့ မုန္းစြဲ ႐ုပ္ရွင္ဇာတ္ကားက ျမန္မာ့ဓေလ့နဲ႔ ဘာသာတရားကို အနက္ရႈိင္းဆုံး
ေဖာ္ျပႏိုင္ခဲ့ၿပီး ဒီ႐ုပ္ရွင္ကားကို တစ္ႏိုင္ငံလုံးကပရိသတ္ေတြအားေပးခဲ့သလို ထိုင္းႏိုင္ငံမွာ ျပသခ်ိန္မွာလည္း
တစ္ခဲနက္အားေပးခဲ့ၾကပါတယ္။
ႏိုင္ငံတကာ႐ုပ္ရွင္ပြဲေတာ္ေတြမွာ ပါဝင္ယွဥ္ၿပိဳင္ရင္း ဖိလစ္ပိုင္ႏိုင္ငံ၊ မနီလာၿမိဳ႕မွာက်င္းပမယ့္ Asian Cinematography
Awards ၿပိဳင္ပြဲရဲ႕ ေရွ႕ေျပး လစဥ္ၿပိဳင္ပြဲေတြထဲမွာ ေမလအတြက္ အေကာင္းဆုံး႐ုပ္ရွင္ဇာတ္ကားဆုကိုလည္း ရရွိခဲ့တယ္လို႔
သိရပါတယ္။ ဒါေၾကာင့္ လာမယ့္ ၂၀၂၀ မွာ မနီလာၿမိဳ႕မွာက်င္းပမယ့္ ႐ုပ္ရွင္ပြဲေတာ္မွာ ျပသယွဥ္ၿပိဳင္ရမယ့္ဇာတ္ကားစာရင္းထဲ
႐ုပ္ရွင္ဖန္တီးသူနဲ႔ ပါဝင္သ႐ုပ္ေဆာင္သူေတြကို အကယ္ဒမီဆုမ်ားစြာဆြတ္ခူးေပးခဲ့တဲ့ မုန္းစြဲက အိႏၵိယႏိုင္ငံကေနလည္း
ထပ္မံဆုယူေပးႏိုင္ခဲ့ပါတယ္။ အိႏၵိယႏိုင္ငံ၊ ကာလကတၱားမွာက်င္းပတဲ့ Calcutta International Cult Film Festival
(CICFF) မွာ ေမလအတြက္ အေကာင္းဆုံး႐ုပ္ရွင္ဇာတ္ကားဆုနဲ႔ ဒါ႐ိုက္တာဆုကို မုန္းစြဲ ႐ုပ္ရွင္ဇာတ္ကားနဲ႔ ရရွိခဲ့တာပါ။
ဆုတံဆိပ္နဲ႔ လက္မွတ္ရရွိခဲ့တဲ့အတြက္ လာမယ့္ ၂၀၂၀ မွာက်င္းပမယ့္ Golden Fox Awards ၿပိဳင္ပြဲမွာ
တက္ေရာက္ခြင့္ရမွာျဖစ္ပါတယ္။
ဘယ္ႏိုင္ငံကခ်ီးျမႇင့္တဲ့ဆု ျဖစ္ပါေစ၊ အဲဒီႏိုင္ငံက ႐ုပ္ရွင္ပညာရွင္ အကဲျဖတ္အဖြဲ႕နဲ႔ ပရိသတ္အခ်ိဳ႕
ၾကည့္ရႈခံစားျဖစ္ၾကတယ္ဆိုရင္ မုန္းစြဲအဖြဲ႕သားမ်ားကိုယ္စား မုန္းစြဲရဲ႕ပဲ့ကိုင္သူ ဒါ႐ိုက္တာတစ္ေယာက္အေနနဲ႔
ေက်နပ္ဂုဏ္ယူရပါတယ္။ အခုေနာက္ထပ္ 2020 January မွာ အိႏၵိယႏိုင္ငံ Calcutta ၿမိဳ႕မွာ က်င္းပမယ့္ Golden Fox
Awards ျပိဳင္ပြဲမွာပါဝင္ခြင့္ရေစတဲ့ 29th CICFF ပြဲရဲ႕ အေကာင္းဆံုးဇာတ္ကားဆုနဲ႕ ထူးခၽြန္ဒါ႐ိုက္တာဆုေတြအတြက္လည္း
ေက်နပ္ေပ်ာ္ရႊင္မိပါတယ္။ ဆိုၿပီး ဒါ႐ိုက္တာ ဩရသေက ေရးသားေဖာ္ျပထားပါတယ္။
ျမန္မာ့႐ုပ္ရွင္ရဲ႕ အႏွစ္သာရကိုခံစားရေစတဲ့ မုန္းစြဲ ႐ုပ္ရွင္ဇာတ္ကားႀကီးလည္း ႏိုင္ငံေပါင္းမ်ားစြာမွာျပသခြင့္ ရရွိႏိုင္ပါေစလို႔
ဆႏၵျပဳလိုက္ပါတယ္။
Credit \\ original
Unicode
ဒါရိုက်တာ ဩရသ ရိုက်ကူးပုံဖော်ထားတဲ့ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားက မြန်မာ့ဓလေ့နဲ့ ဘာသာတရားကို အနက်ရှိုင်းဆုံး
ဖော်ပြနိုင်ခဲ့ပြီး ဒီရုပ်ရှင်ကားကို တစ်နိုင်ငံလုံးကပရိသတ်တွေအားပေးခဲ့သလို ထိုင်းနိုင်ငံမှာ ပြသချိန်မှာလည်း
တစ်ခဲနက်အားပေးခဲ့ကြပါတယ်။
နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ပါဝင်ယှဉ်ပြိုင်ရင်း ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာကျင်းပမယ့် Asian
Cinematography Awards ပြိုင်ပွဲရဲ့ ရှေ့ပြေး လစဉ်ပြိုင်ပွဲတွေထဲမှာ မေလအတွက်
အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုကိုလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် လာမယ့် ၂၀၂၀ မှာ
မနီလာမြို့မှာကျင်းပမယ့် ရုပ်ရှင်ပွဲတော်မှာ ပြသယှဉ်ပြိုင်ရမယ့်ဇာတ်ကားစာရင်းထဲ တရားဝင်
ရွေးချယ်ခံလိုက်ရပါတယ်။
ရုပ်ရှင်ဖန်တီးသူနဲ့ ပါဝင်သရုပ်ဆောင်သူတွေကို အကယ်ဒမီဆုများစွာဆွတ်ခူးပေးခဲ့တဲ့ မုန်းစွဲက အိန္ဒိယနိုင်ငံကနေလည်း
ထပ်မံဆုယူပေးနိုင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမှာကျင်းပတဲ့ Calcutta International Cult Film Festival
(CICFF) မှာ မေလအတွက် အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုနဲ့ ဒါရိုက်တာဆုကို မုန်းစွဲ ရုပ်ရှင်ဇာတ်ကားနဲ့
ရရှိခဲ့တာပါ။ ဆုတံဆိပ်နဲ့ လက်မှတ်ရရှိခဲ့တဲ့အတွက် လာမယ့် ၂၀၂၀ မှာကျင်းပမယ့် Golden Fox Awards ပြိုင်ပွဲမှာ
တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။
ဘယ်နိုင်ငံကချီးမြှင့်တဲ့ဆု ဖြစ်ပါစေ၊ အဲဒီနိုင်ငံက ရုပ်ရှင်ပညာရှင် အကဲဖြတ်အဖွဲ့နဲ့ ပရိသတ်အချို့
ကြည့်ရှုခံစားဖြစ်ကြတယ်ဆိုရင် မုန်းစွဲအဖွဲ့သားများကိုယ်စား မုန်းစွဲရဲ့ပဲ့ကိုင်သူ ဒါရိုက်တာတစ်ယောက်အနေနဲ့
ကျေနပ်ဂုဏ်ယူရပါတယ်။ အခုနောက်ထပ် 2020 January မှာ အိန္ဒိယနိုင်ငံ Calcutta မြို့မှာ ကျင်းပမယ့် Golden Fox
Awards ပြိုင်ပွဲမှာပါဝင်ခွင့်ရစေတဲ့ 29th CICFF ပွဲရဲ့ အကောင်းဆုံးဇာတ်ကားဆုနဲ့ ထူးချွန်ဒါရိုက်တာဆုတွေအတွက်လည်း
ကျေနပ်ပျော်ရွှင်မိပါတယ်။ ဆိုပြီး ဒါရိုက်တာ ဩရသကေ ရေးသားဖော်ပြထားပါတယ်။
မြန်မာ့ရုပ်ရှင်ရဲ့ အနှစ်သာရကိုခံစားရစေတဲ့ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးလည်း နိုင်ငံပေါင်းများစွာမှာပြသခွင့်
ရရှိနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
Credit \\ original