တိမ်တွေနဲ့ ပင်လယ်ပြင်ကြီးကို နောက်ခံထားပြီး လှပလွန်းနေတဲ့ ဝတ်မှုံရွှေရည်ရဲ့ ပုံရိပ်လေးများ
ချစ်စရာကောင်းပြီး အသညးအရည်လှလွန်းလို့ ပရိသတ်တွေ မချစ်ပဲမနေနိုင်တဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က မြန်မာနိုင်ငံရဲ့ အလှဘုရင်မတစ်ဦးပါပဲ။ ဝတ်မှုံရွှေရည်က ပင်ကိုယ်သဘာဝအလှစစ်ကို ပိုင်ဆိုင်ထားသူလေးဖြစ်ပြီး မိန်းကလေးတိုင်း အားကျငေးမောနေရသူတစ်ယောက်ဆိုလဲ မမှားပါဘူး။
အသက်အရွယ်ရလာလေ ပိုပြီးတော့ လှလာလေဖြစ်တဲ့ ဝတ်မှုံရွှေရည်ကို ပရိသတိတွေကလည်း တစ်စထက် တစ်စအားပေးကြတာကို တွေ့ရပါတယ်။ဝတ်မှုံရွှေရည်က လက်ရှိမှာတော့ ကိုရီးယား – မြန်မာ နှစ်နိုင်ငံ ပူးပေါင်းရိုက်ကူးတဲ့ “တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်နေတာဖြစ်ပါတယ်။ “တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီးကို ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ရုပ်ရှင်ရိုက်ကူးနေရတာ ဖြစ်ပါတယ်ဒီနေ့မှာတော့ “တိမ်တွေပေါ်ကပန်း” ရုပ်ရှင်အဖွဲ့သားတွေက ဇာတ်ကားကြီးအတွက်
လိုအပ်တဲ့ ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးဖို့အတွက် တောင်ကိုရီးယားနိုင်ငံအတွင်းမှာရှိတဲ့ ဘူဆန်မြို့လေးကို ရောက်ရှိနေကြပါတယ်။ဝတ်မှုံရွေရည်က ဘူဆန်မြို့က လှပတဲ့ ပင်လယ်ကြီးနဲ့ တိမ်စိုင်တွေကို နောက်ခံထားပြီး ဓာတ်ပုံလှလှလေးတွေကို ရိုက်ကူးခဲ့ပါတယ်။ ဝတ်မှုံရွှေရည်ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို
ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။“တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီးကို Big 5 Production နှင့် JBJ Entertainment တို့ ပူးပေါင်းရိုက်ကူးမှာဖြစ်ပြီး ဒါရိုက်တာအဖြစ် အကယ်ဒမီ ဇင်ယော်မောင်မောင်က ရိုက်ကူးမှာပဲ ဖြစ်ပါတယ်။
တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီးမှာ ကိုရီးယားမင်းသား Ryu Sang Wook နဲ့အတူတူ ဝတ်မှုံရွှေရည်၊ ကျော်ထက်အောင်နဲ့ အခြားသော အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်မှာပဲ ဖြစ်ပါတယ်။ဝတ်မှုံရွှေရည်ကတော့ တစ်နေ့တစ်ခြား အလှတွေ တိုးနေသူလေးပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်ရဲ့ ဘူဆန်မြို့ရောက် လှပတဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။Rowena.
Source: Wutt Hmone Shwe Yi’s fb
Credit \\ original





