ဘယ်သူ့ရည်းစားက ပိုမိုက်ကြောင်း စင်ပေါ်မှာ အပြိုင်ပွဲကြမ်းခဲ့တဲ့ ဂျူနီယာလေးတွေရဲ့ပုံရိပ်တွေ





စိုင်းစိုင်းတို့ Frenzo အဖွဲ့သားတွေရဲ့”ငါ့ရည်းစားက ပိုမိုက်တယ်” သီချင်းကို ဂျူနီယာ ဗားရှင်းနဲ့ အထာကျကျဖျော်ဖြေတင်ဆက်သွားတဲ့ Mini Mr & Miss လေးတွေရဲ့ ဗီဒီယိုကတော့ ကလေးတွေပေမယ့် ဂေါ်လွန်းတာမို့ လတ်တလော လူမှုကွန်ယက်မှာ နာမည်ကြီးနေတာပဲ ဖြစ်ပါတယ်။ အသက်ငယ်ငယ်လေးနဲ့ အနုပညာသွေး အပြည့်အဝပါတဲ့ Mini Mr & Miss လေးတွေကိုတော့ ပရိသတ်တွေကလည်း အနာဂါတ်ကြယ်ပွင့်လေးတွေအဖြစ် မျှော်လင့်နေကြတာပါ။ မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကိုတော်တဲ့ Mini Mr & Miss လေးတွေကို တစ်ယောက်ချင်းစီ မိတ်ဆက်ပေးလိုက်ရပါတယ်နော်။

စိုင်းစိုင်းခမ်းလှိုင်နဲ့ အင်ဂျင်နီယာမလေးအဖြစ် ပုံဖော်သွားတဲ့ သားသား ကောင်းရှင်းသန့် နဲ့ သမီးလေး ဂျူဂျူးမြတ်နိုး…။



ဦးနေဝင်း နဲ့ စိတ်လှတဲ့ ခရီးသွား Blogger မလေးအဖြစ် ပုံဖော်သွားတဲ့ သားသား ခန့်မှူးပြည့်စုံ နဲ့ သမီးလေး ခြူးရတီခေတ်…။



GFatt နဲ့ ရူးခါအောင်လှတဲ့ ကပြားမလေးအဖြစ် သရုပ်ဖော်သွားတဲ့ ကလေးတွေကတော့ သားသား မြတ်ထူးပိုင် နဲ့ သမီးလေး ညွှန်းပြည့်သျှန်တို့ပါတဲ့နော်။ တကယ့်ကိုချစ်စရာလေးတွေနော်…။



ဦးဦးဂျွန် နဲ့ အသည်းလေးအေးတဲ့ ဆရာဝန်မလေးအဖြစ်ကတော့ သားသား စွမ်းလရောင်ထွန်း နဲ့ သမီးလေး သဒ္ဒါရှင်းသန့်တို့က ပုံဖော်ခဲ့တာပါ။



ကိကိနဲ့ MakeUp Artist လေးတို့အဖြစ်ကိုတော့ သားသား ကောင်းပြည့်ဟိန်း နဲ့ သမီးလေး ထက်အိနြေ္ဒလင်းတို့က ပုံဖော်ထားတာပါ။



ဖြိုးလေးနဲ့ ရွှေမင်းသမီးလေးတို့ စုံတွဲလေးအဖြစ် သားသား သူရမြင့်မြတ်ကျော်နဲ့ သမီးလေး ထက်ရတီမိုးလွင်က အထာကျကျ တင်ဆက်ခဲ့တာပါ။



ကြည့်ရှုသူ ၄မီလီယံတောင် ကျော်သွားတဲ့ ဂျူနီယာလေးတွေရဲ့”ငါ့ရည်းစားက ပိုမိုက်တယ်” Performance


Mini Mr & Miss လေးတွေကတော့ အခုဆိုရင် အင်တာဗျူးတွေလည်း ဖြေဆိုနေရပြီဖြစ်ပြီး အနုပညာအလုပ်တွေလည်း စတင်လုပ်ကိုင်သွားတော့မယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဘယ်စုံတွဲလေးကို အကြိုက်ဆုံးလဲဆိုတာ ပြောသွားခဲ့ပါဦးနော်။



Myint Myat
Source;Miss Golden Land Myanmar’s Facebook

Credit  \\  original

Recent Updates

Recent Posts Widget