အနာခံမွ အသာစံရမွာပါ ကုိယ္ရည္မွန္းထားတဲ့ ရည္မွန္းခ်က္ ျပည့္ေျမာက္ဖုိ႔အတြက္ ႀကိဳးစားၾကပါေနာ္…




၂၀၁၉ တကၠသိုလ္၀င္စာေမး ပြဲ ေအာင္စာရင္းကို ဇြန္လ ၈ ရက္က ထုတ္ျပန္ရာ ေျဖဆိုသူ ၈၅၁,၅၂၄ ေက်ာ္တြင္ ေအာင္ျမင္သူ ၂၆၇,၆၉၆ ဦးရွိၿပီး ေအာင္ခ်က္၃၁ ဒသမ ၄၄ ရာခိုင္ႏႈန္းရွိသည္။ ဂုဏ္ထူးရွင္ ၄၃,၀၂၂ ဦး ေပၚထြက္ခဲ့ၿပီး ၎တို႔အနက္ သိပၸံဘာသာတြဲျဖင့္ ျမန္မာတစ္ႏိုင္ငံလံုး အမွတ္အမ်ားဆံုး ရမွတ္ေပါင္း၅၅၅ မွတ္ျဖင့္ အထက (၄) အလံုမွ ေျခာက္ဘာသာ ဂုဏ္ထူးရွင္ ေမာင္ေက်ာ္လင္းသန္းက ရရွိ သည္။ ေမာင္ေက်ာ္လင္းသန္းသည္ အ႒မတန္း၊ န၀မတန္း၊ ဒသမတန္း သံုးထပ္ကြမ္းလူရည္ခၽြန္ျဖစ္ၿပီး ွစ္စဥ္ပညာရည္ခၽြန္ဆုရ ေက်ာင္းဂုဏ္ေဆာင္ ေက်ာင္းသားတစ္ဦး ျဖစ္သည္။တကၠသိုလ္၀င္စာေမးပြဲ တြင္ တစ္ဘာသာလွ်င္ ပ်မ္းမွ်ရမွတ္ ၉၂ မွတ္ေက်ာ္ ရရွိခဲ့ေသာ အသက္ (၁၆) ႏွစ္အရြယ္ ေမာင္ေက်ာ္လင္းသန္း၏ ႀကိဳးစားအားထုတ္မႈမ်ားကို ေတြ႕ဆံုေမးျမန္း၍ ေဖာ္ျပလိုက္ပါသည္။



ျမန္မာတစ္ႏုိင္ငံလံုး အမွတ္အမ်ားဆံုးရေအာင္ တစ္ႏွစ္လံုး ဘယ္လိုမ်ိဳး ႀကိဳးစားအားထုတ္ ခဲ့ရသလဲဆိုတာ ေျပာျပေပးပါဦး။

အမွန္အတိုင္းေျပာရရင္ Time Table အတိအက်နဲ႔ ၾကပ္ၾကပ္မတ္မတ္ က်က္မွတ္ခဲ့တာေတာ့ မရွိပါဘူး။ စာေမး ပြဲေတြ ရွိမယ္ဆိုရင္ ဘယ္ဘာသာရပ္က အရင္ေျဖရမလဲ၊ ေျဖရမယ့္ဘာသာေပၚ မူတည္ၿပီးပဲ က်က္မွတ္ခဲ့တာ ပါ။ ျမန္မာစာဘာသာရပ္မွာဆိုရင္ ခက္ဆစ္အပိုင္းကို အကုန္က်က္မွတ္ ျဖစ္ပါတယ္။ ေမးခြန္းရွည္ပိုင္းမွာဆိုရင္ကဗ်ာ၊ စကားေျပအကုန္လံုးကို အရင္ဆံုးနားလည္ေအာင္ ဖတ္ျဖစ္ပါတယ္။ ၿပီးေတာ့မွ က်က္မွတ္ျဖစ္ပါတယ္။ က်က္မွတ္တဲ့ေနရာမွာလည္း ၏၊သည္မေရြး က်က္မွတ္တာမ်ိဳး မဟုတ္ဘဲနဲ႔ အခ်က္အလက္ေတြ ကိုပဲ ေရြးဖတ္က်က္မွတ္ခဲ့တာ ပါ။ စာစီစာကံုးနဲ႔ အဆိုပိုင္းမွာဆို ရင္လည္း တစ္ပတ္ကို တစ္ပုဒ္စီ ေလာက္ ေလ့က်င့္ျဖစ္ပါတယ္။ စာေမးပြဲနီးလာတဲ့အခါ တစ္ပတ္ကို ႏွစ္ပုဒ္စီေလာက္ ေရးျဖစ္ခဲ့ပါတယ္။ မေရးျဖစ္တဲ့ အပတ္ေတြမွာလည္း စာစီစာကံုး စာအုပ္ေတြကို ဖတ္တာေတြ လုပ္ျဖစ္တယ္။

အဂၤလိပ္စာဘာသာရပ္ဆို ရင္ Unit ၁၄ ခုလံုးကို နားလည္ေအာင္ဖတ္ၿပီး ေက်ေက်ညက္ ညက္ ေလ့လာျဖစ္ခဲ့ပါတယ္။ က်က္ရမယ့္အပိုင္းေတြဆို က်က္ပါတယ္။ Grammer Pattern ေတြဆိုရင္လည္း ႏွစ္စကတည္း ကေန ေသေသခ်ာခ်ာ ေလ့လာ

ျဖစ္တယ္။ Essay၊ Letter ေတြဆိုရင္လည္း တစ္ပတ္ကိုတစ္ပုဒ္ ေရးတာျဖစ္ျဖစ္၊ ဖတ္တာျဖစ္ ျဖစ္ လုပ္ျဖစ္ပါတယ္။ စာေမးပြဲနီးလာခ်ိန္မွာ ပိုၿပီးလုပ္ျဖစ္ခဲ့ပါ တယ္။

သခ်ၤာဘာသာရပ္ဆိုရင္ လည္း အခန္းတစ္ခန္းခ်င္းစီအ လိုက္ ဆရာ၊ ဆရာမေတြ သင္ျပေပးတဲ့ နည္းလမ္းအတိုင္းပဲ အတ္ိအက် လိုက္နာတြက္ခ်က္ ျဖစ္ခဲ့ ပါတယ္။ တစ္ခန္းခ်င္းစီအလိုက္၊ ႏွစ္အလိုက္ ေမးခြန္းေဟာင္းေတြ ကိုလည္း ေလ့လာပါတယ္။

ဓာတုေဗဒ ဘာသာရပ္ဆိုရင္ ကၽြန္ေတာ္အနည္းငယ္ အားနည္းတဲ့ ဘာသာရပ္ျဖစ္တာေၾကာင့္ ႏွစ္လယ္ပိုင္းေလာက္ကစၿပီး ပိုၿပီးအားစိုက္ ျဖစ္ပါတယ္။ ဓာတုေဗဒဘာသာရပ္မွာ အပိုင္းေတြ အမ်ားႀကီးရွိၿပီးေတာ့ အခုေမး ခြန္း ပံုစံေျပာင္းလိုက္တဲ့ အေနအထားအရ ဘယ္အပိုင္းကိုမွ လႊတ္လို႔မျဖစ္ေတာ့တဲ့ အတြက္ ေၾကာင့္ ဘယ္အပိုင္းကိုမွ မလြတ္ ရေအာင္ က်က္မွတ္ခဲ့ပါတယ္။

႐ူပေဗဒ ဘာသာရပ္ဆိုရင္ လည္း ဆရာ့ရဲ႕ လမ္းၫႊန္မႈအရ ပဲ Definition ေတြကို တစ္ေန႔ ၁၀ ေခါက္ ခ်ေရးျခင္း၊ အခန္း တစ္ခန္းစီက တြက္စာတစ္ပုဒ္စီကို ခ်တြက္ျခင္းေတြကို လုပ္ျဖစ္ခဲ့ ပါတယ္။

ဇီ၀ေဗဒ ဘာသာရပ္မွာ လည္း တစ္ခန္းခ်င္းက စာေတြကို နားလည္ေအာင္ ဖတ္ျဖစ္ပါတယ္။ ၿပီးေတာ့မွ က်က္ ျဖစ္ပါ တယ္။ ကၽြန္ေတာ္က ပံုအပိုင္းမွာ အားနည္းတဲ့အတြက္ေၾကာင့္မို႔ Label၊ Captionပိုင္းကို ပိုၿပီးအား ျပဳ ၾကည့္ခဲ့ပါတယ္။

ဒီႏွစ္မွာ တကၠသိုလ္၀င္ စာေမးပြဲေမးခြန္း ပံုစံအသစ္က စေျပာင္းလဲထားေတာ့ ပထမဆံုးႀကံဳရတဲ့ ေမးခြန္းပံုစံသစ္ကို ေျဖႏိုင္ဖို႔ ဘယ္လိုျပင္ဆင္ခဲ့လဲ။

ေမးခြန္းပံုစံသစ္က ကၽြန္ေတာ္တို႔ႏွစ္မွ စတင္ၿပီးေတာ့ ေျပာင္းလဲ တာမို႔ ေလ့လာေလ့က်င့္စရာ ေမးခြန္းပံုစံေဟာင္းလည္း မရွိခဲ့ပါဘူး။

နမူနာေမးခြန္း သံုးစံုကိုပဲ ၾကည့္ၿပီးေတာ့ ဂ႐ုစိုက္ေလ့လာ ျဖစ္ခဲ့ပါတယ္။ ဥပမာ ျမန္မာစာဘာသာရပ္မွာဆိုရင္ အဆိုေမးခြန္း ပံုစံသစ္ ပါ၀င္တာေၾကာင့္မို႔ အသစ္ထြက္တဲ့ အဆိုစာအုပ္ေတြကို ၀ယ္ၿပီးေလ့ လာခဲ့ပါတယ္။ သူတို႔ေရးနည္းကို အတုယူၿပီးေတာ့လည္း ေလ့လာျဖစ္ခဲ့ပါတယ္။ ဓာတုေဗဒ ဘာသာရပ္ဆိုရင္လည္း ေမးခြန္းေျပာင္းလိုက္တာ ျဖစ္တဲ့အတြက္ေၾကာင့္ ေရြးခ်ယ္စရာ နည္းသြားတာမို႔ အပိုင္းတစ္ပိုင္းကိုမွ မလြတ္ေစေအာင္ ေသခ်ာက်က္မွတ္ ျဖစ္ခဲ့ပါတယ္။ ေျဖရတာကိုလည္း အားရခဲ့ပါတယ္။

အားနည္းတဲ့ ဘာသာရပ္ ေတြရွိလား။ အဲဒီဘာသာရပ္ေတြအတြက္ ဘယ္လိုျပင္ဆင္ခဲ့လဲ။

ဓာတုေဗဒဘာသာရပ္မွာ အားနည္းခဲ့လို႔ ႏွစ္လယ္ကစၿပီး ပိုအားစိုက္ျဖစ္ခဲ့ပါတယ္။ ကၽြန္ေတာ္က အဂၤလိပ္စာနဲ႔ သခ်ၤာဘာသာရပ္မွာ အားသာတယ္လို႔ ထင္ပါတယ္။ ဒါေပမဲ့ အဲဒီဘာသာေတြ မွာ အားမေလွ်ာ့ခဲ့ဘဲ ဂ႐ုစိုက္ေလ့ လာျဖစ္ခဲ့ပါတယ္။

ဆရာ၊ ဆရာမေတြဘက္က ဘယ္လိုပံ့ပိုးေပးခဲ့လဲ။

ဆရာ၊ ဆရာမေတြကလည္း ကၽြန္ေတာ့္ကို ပံ့ပိုးမႈအမ်ားႀကီး ေပးခဲ့ပါတယ္။ အခုလို တစ္ႏိုင္ငံလံုး ပထမရရွိခဲ့တာမွာ ကၽြန္ေတာ့္ႀကိဳးစားမႈက ၂၀ ရာခိုင္ႏႈန္းဆိုရင္ ဆရာ၊ ဆရာမေတြနဲ႔ မိဘရဲ႕ ပံ့ပိုးမႈက ၈၀ ရာခိုင္ႏႈန္းေလာက္ ရွိပါတယ္။ ဆရာ၊ ဆရာမေတြကိုလည္း ေက်းဇူးတင္ပါတယ္ ခင္ဗ်။

စာက်က္ခ်ိန္နဲ႕ နားခ်ိန္ကို ေကာ ဘယ္လိုစီမံခန္႔ခြဲျဖစ္ခဲ့လဲ။

Time Table တိတိက်က် ထားၿပီး လုပ္ခဲ့တာေတာ့ မရွိပါဘူး။ တခ်ဳိ႕ေန႔ေတြမွာ ေက်ာင္းခ်ိန္၊ က်ဴရွင္ခ်ိန္က မ်ားေနတယ္ဆိုရင္ စာက်က္ခ်ိန္က နည္းသြား

တတ္ပါတယ္။ အဲဒီလိုေၾကာင့္မို႔ လည္း Time Table အတိအက် ေတာ့ မရွိခဲ့ပါဘူး။ စာက်က္ရတာ မနက္ပိုင္းထက္ ညပိုင္းကို ပိုအားသန္တာေၾကာင့္ ညပိုင္းကို ပိုၾကည့္ျဖစ္ပါတယ္။ ဒါေပမဲ့ အရမ္းေနာက္က်တဲ့အထိ ၾကည့္တာ မဟုတ္ဘဲနဲ႔ ၁၂ နာရီခြဲေလာက္ထိ ၾကည့္ျဖစ္ပါတယ္။ မနက္ဆို က်ဴရွင္၊ ေက်ာင္း မရွိဘူးဆိုရင္ အိပ္ျဖစ္ပါတယ္။ အိပ္ခ်ိန္က ၆နာရီခြဲ၊ ၇ နာရီေလာက္ထိ ထားပါတယ္။

စာမက်က္ခ်င္ေလာက္ ေအာင္ စိတ္ဖိစီးမႈမ်ားတဲ့ အခ်ိန္ေကာ ရွိခဲ့လား။ စိတ္ဖိစီးမႈေတြ ေလ်ာ့ေအာင္ ဘာလုပ္ေလ့ရွိလဲ။

အဲဒီလိုအခ်ိန္မ်ိဳးဆို စာက်က္တာကို ရပ္လိုက္ပါတယ္။ သီခ်င္းနားေထာင္တာျဖစ္ျဖစ္၊ တစ္ေမွးေလာက္ အိပ္လိုက္တာျဖစ္ျဖစ္၊ ဖုန္းခဏသံုးတာျဖစ္ျဖစ္ လုပ္ျဖစ္ပါတယ္။ ဖုန္းသံုးတယ္ ဆိုေပမယ့္လည္း ဖုန္းကို Limit နဲ႔သံုးျဖစ္ပါတယ္။ ဖုန္းကို အလြန္အကၽြံသံုးမိရင္လည္း ပညာေရးကို ထိခိုက္ႏိုင္တာေၾကာင့္မို႔ပါ။

က်န္းမာေရးကိုေကာ ဘယ္ လိုဂ႐ုစိုက္ျဖစ္လဲ။

၁၀ တန္းမွာ က်န္းမာေရးက အရမ္းအေရးႀကီးပါတယ္။ ကိုယ္ဘယ္ေလာက္ က်က္မွတ္ထားေပမယ့္ က်န္းမာေရးမေကာင္းရင္ ေျဖႏိုင္မွာမဟုတ္ပါဘူး။ အဲဒါေၾကာင့္မို႔လည္း မိဘေတြက အရမ္းဂ႐ုစိုက္ပါတယ္။ အစားအေသာက္၊ အေနအထိုင္ကအစ ဆင္ျခင္ႏိုင္ေအာင္ ပံ့ပိုးေပးပါတယ္။ ကိုယ္တိုင္ကလည္း စာေမးပြဲနီးလာခ်ိန္မွာ အစားအေသာက္ ဆင္ျခင္ျဖစ္ပါတယ္။

အခုလို တစ္ႏိုင္ငံလံုး အမွတ္အမ်ားဆံုးရဖို႔ ရည္ရြယ္ႀကိဳးစား ခဲ့တာလား။ ဒီလိုရဖို႔ ေမွ်ာ္မွန္းခဲ့ ပါသလား။

ကၽြန္ေတာ္ ေမွ်ာ္မွန္းထားတာ ထက္ ပိုျဖစ္ခဲ့တာပါ။ ကြၽန္ေတာ္ က ႏွစ္စကတည္းက All D ရဖို႔ပဲ မွန္းထားခဲ့တာပါ။ ဒီလို တစ္ႏိုင္ငံလံုး ပထမဆုရယ္လို႔ေတာ့ မမွန္းျဖစ္ခဲ့ပါဘူး။ အခုလို ျဖစ္လာတဲ့အတြက္ အတိုင္းမသိ ၀မ္းသာရပါတယ္။ အေဖ၊ အေမရဲ႕ တြန္းအားေပးမႈေၾကာင့္ေရာ၊ ကိုယ္တိုင္အသိစိတ္ဓာတ္ေၾကာင့္ ေရာ ႀကိဳးစားခဲ့ပါတယ္။ မႏွစ္က တစ္ႏိုင္ငံလံုး ပထမရခဲ့တဲ့ အစ္မႀကီး သင္းျမေႏြးကို အရမ္းအားက်ခဲ့တာလည္း ပါပါတယ္။

ငယ္ငယ္ကတည္းကေန အခုထိ ဘယ္လိုထူးခြၽန္ဆုေတြ ရ ခဲ့လဲ။

သူငယ္တန္းကေန ဒသမတန္းအထိ ႏွစ္စဥ္ပညာရည္ထူး ခြၽန္ဆုေတြကို ရခဲ့ပါတယ္။ ရွစ္တန္း၊ ကိုးတန္း၊ ၁၀ တန္းေတြ မွာ သံုးႏွစ္ဆက္တိုက္ လူရည္ခြၽန္ ရရွိခဲ့ပါတယ္။

ဘယ္တကၠသုိလ္တက္ဖို႔ စဥ္းစားထားလဲ။

ကြၽန္ေတာ္ ဆရာ၀န္ျဖစ္ခ်င္ တာမို႔ ေဆးတကၠသိုလ္ကိုပဲ တက္ ဖို႔ ရည္မွန္းထားပါတယ္။

ေဆးတကၠသိုလ္တက္ဖို႔ကို အိမ္က တိုက္တြန္းတာလား၊ ငယ္ငယ္ကတည္းက ၀ါသနာပါတာ လား။

ငယ္ငယ္ကတည္းက က်န္းမာေရး အေတာ္ခ်ဴခ်ာခဲ့ပါတယ္။ ကေလးတုန္းကဆို ေဆး႐ံု၊ ေဆး ခန္း ခဏခဏသြားခဲ့ရတယ္။ အဲဒီတုန္းက ကြၽန္ေတာ့္ကို ကုသေပးတဲ့ ဆရာ၀န္ေတြကိုၾကည့္ၿပီး လံုး၀အားက်ခဲ့တာ။ အဲဒီတုန္း ကတည္းက ဆရာ၀န္ျဖစ္ရမယ္ဆိုတဲ့ ရည္မွန္းခ်က္နဲ႔ ႀကိဳးစားခဲ့တာပါ။

စံထားရတဲ့၊ သေဘာက်တဲ့ ပုဂၢိဳလ္ေတြေကာရွိလား။

ကြၽန္ေတာ္က ငယ္ငယ္ကတည္းက ေဘာလံုး၀ါသနာပါတာ ေၾကာင့္ ခရစၥတီယာႏိုေရာ္နယ္ဒိုကိုေတာ့ လံုး၀အားက်တယ္။ သေဘာက်တယ္။

ထူးခြၽန္တ့ဲ မ်ိဳးဆက္သစ္ လူငယ္တစ္ေယာက္အေနနဲ႔ တကၠသုိလ္၀င္စာေမးပြဲ ေျဖဆိုမယ့္ ေမာင္ငယ္၊ ညီမငယ္ေတြကို ဘယ္လိုအႀကံျပဳစကား ေျပာခ်င္ပါ သလဲ။

No Pain, No Gain ပါပဲ။ အနာခံမွ အသာစံရမွာပါ။ ကိုယ္ရည္မွန္းထားတဲ့ ရည္မွန္းခ်က္ျပည့္ေျမာက္ဖို႔အတြက္ ႀကိဳးစားၾကပါ။ ႀကိဳးစားရင္ မျဖစ္ႏိုင္တာ ဘာမွမရွိပါဘူး။ ကံေကာင္းၾကပါ ေစလို႔ ဆုေတာင္းေပးပါတယ္။

Credit – 7daydaily

Unicodeျျဖင့္ဖတ္ရန္

၂၀၁၉ တက္ကသိုလ်၀င်စာမေး ပွဲ အောင်စာရင်းကို ဇွန်လ ၈ ရက်က ထုတ်ပြန်ရာ ဖြေဆိုသူ ၈၅၁,၅၂၄ ကျော်တွင် အောင်မြင်သူ ၂၆၇,၆၉၆ ဦးရှိပြီး အောင်ချက်၃၁ ဒသမ ၄၄ ရာခိုင်နှုန်းရှိသည်။ ဂုဏ်ထူးရှင် ၄၃,၀၂၂ ဦး ပေါ်ထွက်ခဲ့ပြီး ၎င်းတို့အနက် သိပ္ပံဘာသာတွဲဖြင့် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး ရမှတ်ပေါင်း၅၅၅ မှတ်ဖြင့် အထက (၄) အလုံမှ ခြောက်ဘာသာ ဂုဏ်ထူးရှင် မောင်ကျော်လင်းသန်းက ရရှိ သည်။ မောင်ကျော်လင်းသန်းသည် အဋ္ဌမတန်း၊ န၀မတန်း၊ ဒသမတန်း သုံးထပ်ကွမ်းလူရည်ချွန်ဖြစ်ပြီး ှစ်စဉ်ပညာရည်ချွန်ဆုရ ကျောင်းဂုဏ်ဆောင် ကျောင်းသားတစ်ဦး ဖြစ်သည်။တက္ကသိုလ်၀င်စာမေးပွဲ တွင် တစ်ဘာသာလျှင် ပျမ်းမျှရမှတ် ၉၂ မှတ်ကျော် ရရှိခဲ့သော အသက် (၁၆) နှစ်အရွယ် မောင်ကျော်လင်းသန်း၏ ကြိုးစားအားထုတ်မှုများကို တွေ့ဆုံမေးမြန်း၍ ဖော်ပြလိုက်ပါသည်။

မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးရအောင် တစ်နှစ်လုံး ဘယ်လိုမျိုး ကြိုးစားအားထုတ် ခဲ့ရသလဲဆိုတာ ပြောပြပေးပါဦး

အမှန်အတိုင်းပြောရရင် Time Table အတိအကျနဲ့ ကြပ်ကြပ်မတ်မတ် ကျက်မှတ်ခဲ့တာတော့ မရှိပါဘူး။ စာမေး ပွဲတွေ ရှိမယ်ဆိုရင် ဘယ်ဘာသာရပ်က အရင်ဖြေရမလဲ၊ ဖြေရမယ့်ဘာသာပေါ် မူတည်ပြီးပဲ ကျက်မှတ်ခဲ့တာ ပါ။ မြန်မာစာဘာသာရပ်မှာဆိုရင် ခက်ဆစ်အပိုင်းကို အကုန်ကျက်မှတ် ဖြစ်ပါတယ်။ မေးခွန်းရှည်ပိုင်းမှာဆိုရင်ကဗျာ၊ စကားပြေအကုန်လုံးကို အရင်ဆုံးနားလည်အောင် ဖတ်ဖြစ်ပါတယ်။ ပြီးတော့မှ ကျက်မှတ်ဖြစ်ပါတယ်။ ကျက်မှတ်တဲ့နေရာမှာလည်း ၏၊သည်မရွေး ကျက်မှတ်တာမျိုး မဟုတ်ဘဲနဲ့ အချက်အလက်တွေ ကိုပဲ ရွေးဖတ်ကျက်မှတ်ခဲ့တာ ပါ။ စာစီစာကုံးနဲ့ အဆိုပိုင်းမှာဆို ရင်လည်း တစ်ပတ်ကို တစ်ပုဒ်စီ လောက် လေ့ကျင့်ဖြစ်ပါတယ်။ စာမေးပွဲနီးလာတဲ့အခါ တစ်ပတ်ကို နှစ်ပုဒ်စီလောက် ရေးဖြစ်ခဲ့ပါတယ်။ မရေးဖြစ်တဲ့ အပတ်တွေမှာလည်း စာစီစာကုံး စာအုပ်တွေကို ဖတ်တာတွေ လုပ်ဖြစ်တယ်။

အင်္ဂလိပ်စာဘာသာရပ်ဆို ရင် Unit ၁၄ ခုလုံးကို နားလည်အောင်ဖတ်ပြီး ကျေကျေညက် ညက် လေ့လာဖြစ်ခဲ့ပါတယ်။ ကျက်ရမယ့်အပိုင်းတွေဆို ကျက်ပါတယ်။ Grammer Pattern တွေဆိုရင်လည်း နှစ်စကတည်း ကနေ သေသေချာချာ လေ့လာ

ဖြစ်တယ်။ Essay၊ Letter တွေဆိုရင်လည်း တစ်ပတ်ကိုတစ်ပုဒ် ရေးတာဖြစ်ဖြစ်၊ ဖတ်တာဖြစ် ဖြစ် လုပ်ဖြစ်ပါတယ်။ စာမေးပွဲနီးလာချိန်မှာ ပိုပြီးလုပ်ဖြစ်ခဲ့ပါ တယ်။

သချၤာဘာသာရပ်ဆိုရင် လည်း အခန်းတစ်ခန်းချင်းစီအ လိုက် ဆရာ၊ ဆရာမတွေ သင်ပြပေးတဲ့ နည်းလမ်းအတိုင်းပဲ အတ်ိအကျ လိုက်နာတွက်ချက် ဖြစ်ခဲ့ ပါတယ်။ တစ်ခန်းချင်းစီအလိုက်၊ နှစ်အလိုက် မေးခွန်းဟောင်းတွေ ကိုလည်း လေ့လာပါတယ်။

ဓာတုဗေဒ ဘာသာရပ်ဆိုရင် ကျွန်တော်အနည်းငယ် အားနည်းတဲ့ ဘာသာရပ်ဖြစ်တာကြောင့် နှစ်လယ်ပိုင်းလောက်ကစပြီး ပိုပြီးအားစိုက် ဖြစ်ပါတယ်။ ဓာတုဗေဒဘာသာရပ်မှာ အပိုင်းတွေ အများကြီးရှိပြီးတော့ အခုမေး ခွန်း ပုံစံပြောင်းလိုက်တဲ့ အနေအထားအရ ဘယ်အပိုင်းကိုမှ လွှတ်လို့မဖြစ်တော့တဲ့ အတွက် ကြောင့် ဘယ်အပိုင်းကိုမှ မလွတ် ရအောင် ကျက်မှတ်ခဲ့ပါတယ်။

ရူပဗေဒ ဘာသာရပ်ဆိုရင် လည်း ဆရာ့ရဲ့ လမ်းညွှန်မှုအရ ပဲ Definition တွေကို တစ်နေ့ ၁၀ ခေါက် ချရေးခြင်း၊ အခန်း တစ်ခန်းစီက တွက်စာတစ်ပုဒ်စီကို ချတွက်ခြင်းတွေကို လုပ်ဖြစ်ခဲ့ ပါတယ်။

ဇီ၀ဗေဒ ဘာသာရပ်မှာ လည်း တစ်ခန်းချင်းက စာတွေကို နားလည်အောင် ဖတ်ဖြစ်ပါတယ်။ ပြီးတော့မှ ကျက် ဖြစ်ပါ တယ်။ ကျွန်တော်က ပုံအပိုင်းမှာ အားနည်းတဲ့အတွက်ကြောင့်မို့ Label၊ Captionပိုင်းကို ပိုပြီးအား ပြု ကြည့်ခဲ့ပါတယ်။

ဒီနှစ်မှာ တက္ကသိုလ်၀င် စာမေးပွဲမေးခွန်း ပုံစံအသစ်က စပြောင်းလဲထားတော့ ပထမဆုံးကြုံရတဲ့ မေးခွန်းပုံစံသစ်ကို ဖြေနိုင်ဖို့ ဘယ်လိုပြင်ဆင်ခဲ့လဲ။

မေးခွန်းပုံစံသစ်က ကျွန်တော်တို့နှစ်မှ စတင်ပြီးတော့ ပြောင်းလဲ တာမို့ လေ့လာလေ့ကျင့်စရာ မေးခွန်းပုံစံဟောင်းလည်း မရှိခဲ့ပါဘူး။

နမူနာမေးခွန်း သုံးစုံကိုပဲ ကြည့်ပြီးတော့ ဂရုစိုက်လေ့လာ ဖြစ်ခဲ့ပါတယ်။ ဥပမာ မြန်မာစာဘာသာရပ်မှာဆိုရင် အဆိုမေးခွန်း ပုံစံသစ် ပါ၀င်တာကြောင့်မို့ အသစ်ထွက်တဲ့ အဆိုစာအုပ်တွေကို ၀ယ်ပြီးလေ့ လာခဲ့ပါတယ်။ သူတို့ရေးနည်းကို အတုယူပြီးတော့လည်း လေ့လာဖြစ်ခဲ့ပါတယ်။ ဓာတုဗေဒ ဘာသာရပ်ဆိုရင်လည်း မေးခွန်းပြောင်းလိုက်တာ ဖြစ်တဲ့အတွက်ကြောင့် ရွေးချယ်စရာ နည်းသွားတာမို့ အပိုင်းတစ်ပိုင်းကိုမှ မလွတ်စေအောင် သေချာကျက်မှတ် ဖြစ်ခဲ့ပါတယ်။ ဖြေရတာကိုလည်း အားရခဲ့ပါတယ်။

အားနည်းတဲ့ ဘာသာရပ် တွေရှိလား။ အဲဒီဘာသာရပ်တွေအတွက် ဘယ်လိုပြင်ဆင်ခဲ့လဲ။ ဓာတုဗေဒဘာသာရပ်မှာ အားနည်းခဲ့လို့ နှစ်လယ်ကစပြီး ပိုအားစိုက်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်က အင်္ဂလိပ်စာနဲ့ သချၤာဘာသာရပ်မှာ အားသာတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ အဲဒီဘာသာတွေ မှာ အားမလျှော့ခဲ့ဘဲ ဂရုစိုက်လေ့ လာဖြစ်ခဲ့ပါတယ်။

ဆရာ၊ ဆရာမတွေဘက်က ဘယ်လိုပံ့ပိုးပေးခဲ့လဲ။

ဆရာ၊ ဆရာမတွေကလည်း ကျွန်တော့်ကို ပံ့ပိုးမှုအများကြီး ပေးခဲ့ပါတယ်။ အခုလို တစ်နိုင်ငံလုံး ပထမရရှိခဲ့တာမှာ ကျွန်တော့်ကြိုးစားမှုက ၂၀ ရာခိုင်နှုန်းဆိုရင် ဆရာ၊ ဆရာမတွေနဲ့ မိဘရဲ့ ပံ့ပိုးမှုက ၈၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ဆရာ၊ ဆရာမတွေကိုလည်း ကျေးဇူးတင်ပါတယ် ခင်ဗျ။

စာကျက်ချိန်နဲ့ နားချိန်ကို ကော ဘယ်လိုစီမံခန့်ခွဲဖြစ်ခဲ့လဲ။

Time Table တိတိကျကျ ထားပြီး လုပ်ခဲ့တာတော့ မရှိပါဘူး။ တချို့နေ့တွေမှာ ကျောင်းချိန်၊ ကျူရှင်ချိန်က များနေတယ်ဆိုရင် စာကျက်ချိန်က နည်းသွား

တတ်ပါတယ်။ အဲဒီလိုကြောင့်မို့ လည်း Time Table အတိအကျ တော့ မရှိခဲ့ပါဘူး။ စာကျက်ရတာ မနက်ပိုင်းထက် ညပိုင်းကို ပိုအားသန်တာကြောင့် ညပိုင်းကို ပိုကြည့်ဖြစ်ပါတယ်။ ဒါပေမဲ့ အရမ်းနောက်ကျတဲ့အထိ ကြည့်တာ မဟုတ်ဘဲနဲ့ ၁၂ နာရီခွဲလောက်ထိ ကြည့်ဖြစ်ပါတယ်။ မနက်ဆို ကျူရှင်၊ ကျောင်း မရှိဘူးဆိုရင် အိပ်ဖြစ်ပါတယ်။ အိပ်ချိန်က ၆နာရီခွဲ၊ ၇ နာရီလောက်ထိ ထားပါတယ်။

စာမကျက်ချင်လောက် အောင် စိတ်ဖိစီးမှုများတဲ့ အချိန်ကော ရှိခဲ့လား။ စိတ်ဖိစီးမှုတွေ လျော့အောင် ဘာလုပ်လေ့ရှိလဲ။

အဲဒီလိုအချိန်မျိုးဆို စာကျက်တာကို ရပ်လိုက်ပါတယ်။ သီချင်းနားထောင်တာဖြစ်ဖြစ်၊ တစ်မှေးလောက် အိပ်လိုက်တာဖြစ်ဖြစ်၊ ဖုန်းခဏသုံးတာဖြစ်ဖြစ် လုပ်ဖြစ်ပါတယ်။ ဖုန်းသုံးတယ် ဆိုပေမယ့်လည်း ဖုန်းကို Limit နဲ့သုံးဖြစ်ပါတယ်။ ဖုန်းကို အလွန်အကျွံသုံးမိရင်လည်း ပညာရေးကို ထိခိုက်နိုင်တာကြောင့်မို့ပါ။

ကျန်းမာရေးကိုကော ဘယ် လိုဂရုစိုက်ဖြစ်လဲ။

၁၀ တန်းမှာ ကျန်းမာရေးက အရမ်းအရေးကြီးပါတယ်။ ကိုယ်ဘယ်လောက် ကျက်မှတ်ထားပေမယ့် ကျန်းမာရေးမကောင်းရင် ဖြေနိုင်မှာမဟုတ်ပါဘူး။ အဲဒါကြောင့်မို့လည်း မိဘတွေက အရမ်းဂရုစိုက်ပါတယ်။ အစားအသောက်၊ အနေအထိုင်ကအစ ဆင်ခြင်နိုင်အောင် ပံ့ပိုးပေးပါတယ်။ ကိုယ်တိုင်ကလည်း စာမေးပွဲနီးလာချိန်မှာ အစားအသောက် ဆင်ခြင်ဖြစ်ပါတယ်။အခုလို တစ်နိုင်ငံလုံး အမှတ်အများဆုံးရဖို့ ရည်ရွယ်ကြိုးစား ခဲ့တာလား။ ဒီလိုရဖို့ မျှော်မှန်းခဲ့ ပါသလား။

ကျွန်တော် မျှော်မှန်းထားတာ ထက် ပိုဖြစ်ခဲ့တာပါ။ ကျွန်တော် က နှစ်စကတည်းက All D ရဖို့ပဲ မှန်းထားခဲ့တာပါ။ ဒီလို တစ်နိုင်ငံလုံး ပထမဆုရယ်လို့တော့ မမှန်းဖြစ်ခဲ့ပါဘူး။ အခုလို ဖြစ်လာတဲ့အတွက် အတိုင်းမသိ ၀မ်းသာရပါတယ်။ အဖေ၊ အမေရဲ့ တွန်းအားပေးမှုကြောင့်ရော၊ ကိုယ်တိုင်အသိစိတ်ဓာတ်ကြောင့် ရော ကြိုးစားခဲ့ပါတယ်။ မနှစ်က တစ်နိုင်ငံလုံး ပထမရခဲ့တဲ့ အစ်မကြီး သင်းမြနွေးကို အရမ်းအားကျခဲ့တာလည်း ပါပါတယ်။

ငယ်ငယ်ကတည်းကနေ အခုထိ ဘယ်လိုထူးချွန်ဆုတွေ ရ ခဲ့လဲ။

သူငယ်တန်းကနေ ဒသမတန်းအထိ နှစ်စဉ်ပညာရည်ထူး ချွန်ဆုတွေကို ရခဲ့ပါတယ်။ ရှစ်တန်း၊ ကိုးတန်း၊ ၁၀ တန်းတွေ မှာ သုံးနှစ်ဆက်တိုက် လူရည်ချွန် ရရှိခဲ့ပါတယ်။

ဘယ်တက္ကသိုလ်တက်ဖို့ စဉ်းစားထားလဲ။ကျွန်တော် ဆရာ၀န်ဖြစ်ချင် တာမို့ ဆေးတက္ကသိုလ်ကိုပဲ တက် ဖို့ ရည်မှန်းထားပါတယ်။ ဆေးတက္ကသိုလ်တက်ဖို့ကို အိမ်က တိုက်တွန်းတာလား၊ ငယ်ငယ်ကတည်းက ဝါသနာပါတာ လား။

ငယ်ငယ်ကတည်းက ကျန်းမာရေး အတော်ချူချာခဲ့ပါတယ်။ ကလေးတုန်းကဆို ဆေးရုံ၊ ဆေး ခန်း ခဏခဏသွားခဲ့ရတယ်။ အဲဒီတုန်းက ကျွန်တော့်ကို ကုသပေးတဲ့ ဆရာ၀န်တွေကိုကြည့်ပြီး လုံး၀အားကျခဲ့တာ။ အဲဒီတုန်း ကတည်းက ဆရာ၀န်ဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ကြိုးစားခဲ့တာပါ။

စံထားရတဲ့၊ သဘောကျတဲ့ ပုဂ္ဂိုလ်တွေကောရှိလား ကျွန်တော်က ငယ်ငယ်ကတည်းက ဘောလုံးဝါသနာပါတာ ကြောင့် ခရစ္စတီယာနိုရော်နယ်ဒိုကိုတော့ လုံး၀အားကျတယ်။ သဘောကျတယ်။

ထူးချွန်တ့ဲ မျိုးဆက်သစ် လူငယ်တစ်ယောက်အနေနဲ့ တက္ကသိုလ်၀င်စာမေးပွဲ ဖြေဆိုမယ့် မောင်ငယ်၊ ညီမငယ်တွေကို ဘယ်လိုအကြံပြုစကား ပြောချင်ပါ သလဲ။

No Pain, No Gain ပါပဲ။ အနာခံမှ အသာစံရမှာပါ။ ကိုယ်ရည်မှန်းထားတဲ့ ရည်မှန်းချက်ပြည့်မြောက်ဖို့အတွက် ကြိုးစားကြပါ။ ကြိုးစားရင် မဖြစ်နိုင်တာ ဘာမှမရှိပါဘူး။ ကံကောင်းကြပါ စေလို့ ဆုတောင်းပေးပါတယ်။

Credit – 7daydaily

Recent Updates

Recent Posts Widget