Exercise လုပ်ရင်းပျော်ရွှင်နေတဲ့ မိုးယုစံရဲ့သားသားလေး ကောင်သိင်္ခမိုးသူရဲ့ ဗီဒီယို
ပရိသတ်တွေအရမ်းချစ်ခင်ခဲ့ကြရတဲ့ မင်းသမီးချောလေး မိုးယုစံကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေနဲ့ အလှမ်းကွာနေပေမယ့်လည်း သူမရဲ့ တစ်ချိန်က ကြိုးစားအားထုတ်ထားတဲ့ အနုပညာလှုပ်ရှားမှုတွေကြောင့် ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိနေဆဲပဲ ဖြစ်ပါတယ်။ မိုးယုစံရဲ့ သားသားလေး ကောင်းသိင်္ခမိုးသူ ဟာဆိုရင်လည်း အမေတူလေးမို့ ပရိသတ်တွေက အရမ်းကိုအချစ်ပိုနေကြတာပါ။
ယခုအချိန်မှာတော့ မေမေ မိုးယုစံက Exercise လုပ်ရင်း အရမ်းကိုပျော်ရွှင်နေခဲ့တဲ့ သားသားလေးရဲ့ ချစ်စရာဗီဒီယိုလေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ မိုမိုလေး ချစ်ပရိသတ်တွေအတွက် အရမ်းကိုချစ်စရာကောင်းတဲ့ သားလိမ္မာလေးကောင်းသိင်္ခမိုးသူရဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။
သားလေးရဲ့ ချစ်စရာ ဗီဒီယိုဖိုင်လေးကို ဖော်ပြပေးထားခဲ့တဲ့ မေမေ မိုးယုစံကတော့ ” Exercise လုပ်နေတာသူလေးက😘😘😘 ” ဆိုပြီး သားလေးရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။
Exercise လုပ်ရင်းပျော်ရွှင်နေတဲ့ မိုးယုစံရဲ့သားသားလေး ကောင်သိင်္ခမိုးသူရဲ့ video
အသက် ၂ နှစ်အရွယ်သာ ရှိသေးပေမယ့်လည်း Exercise ကို စိတ်ဝင်တစား လုပ်တတ်နေပြီဖြစ်တဲ့ သားသားလေးရဲ့ ဗီဒီယိုဖိုင်လေးကို သဘောကျ ကြိုက်နှစ်သက်တယ်ဆိုရင် ဒီပို့စ်လေးကို မျှဝေပြီး အားပေးသွားကြပါဦးနော် ပရိသတ်ကြီးရေ။ အရမ်းကို ချစ်စရာကောင်းတဲ့ မိုးယုရဲ့ သားသားလေးကိုလည်း ဆက်လက်ပြီး ချစ်ပေးအားပေးကြပါဦးနော်။ ကြည့်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Kay Kay
Ref: Kaung Theinkha Moe Thu’s Facebook
Credit \ original




