အက်ဥ္းေထာင္စာစစ္ဌာနမ်ားမွ တကၠသိုလ္၀င္တန္းေျဖဆိုသူ ၉၆ ဦးေအာင္၊ ဂုဏ္ထူးရွင္ ၄၁ ဦးပါ၀င္ေန




ျမန္မာႏိုင္ငံ အက်ဥ္းေထာင္ ၉ ခုမွ တကၠသိုလ္၀င္တန္းေျဖဆိုသူ ၁၇၁ ဦးအနက္ ၉၆ ဦးေအာင္ျမင္ခဲ့ၿပီး ဂုဏ္ထူးရွင္ ၄၁ ဦးပါ၀င္ေၾကာင္း သိရသည္။

အင္းစိန္အက်ဥ္းေထာင္မွေျဖဆိုသူ ၇၁ ဦးအနက္ ၅၀ ဦးေအာင္ျမင္ျပီး ဂုဏ္ထူးရွင္ ၂၇ ဦးအထိပါရွိသည္။

“အင္းစိန္အက်ဥ္းေထာင္ထဲက ေျဖဆိုသူ ဂုဏ္ထူးပါသူေတြကေတာ့ 3D ေလးဦး 2D ၁၃ ဦး၊ 1D တဦး၊ ႐ိုး႐ိုးက ၂၅ ဦး ေအာင္ပါတယ္။ ေစတနာထားၿပီး သင္ၾကားေပးတဲ့ ဆရာ၊ ဆရာမေတြက အင္းစိန္ (ဒု)ပညာေရးမွဴး၊ အင္းစိန္ အလက ၁၃ ေက်ာင္းအုပ္ဆရာႀကီးမ်ားနဲ႔ ဆရာမမ်ား၊ အထက (၂)၊ အထက(၆)နဲ႔ မဂၤလာေက်ာင္း ပရဟိတစာသင္၀ိုင္း ဆရာ ဆရာမမ်ား၊အက်ဥ္းသား၊ အက်ဥ္းသူ ဆရာမမ်ားက သင္ၾကားေပးပါတယ္။ မႏၱေလးက ၇၁ ဦးေျဖတယ္၊ ၄၂ ဦးေအာင္တယ္။ 2D က သံုးဦး၊ 1D ၁၁ ဦး၊ ႐ိုး႐ိုးေအာင္တာက ၂၈ ဦးနဲ႔ ေတာင္ငူေထာင္က ၄ ဦး ေျဖတာ ၂ ဦး ႐ိုး႐ိုးေအာင္တယ္”ဟု အက်ဥ္းဦးစီး၏ ေျပာေရးဆိုခြင့္ရွိသူ ဦးမင္းထြန္စိုးက News Watch သို႔ ေျပာသည္။


မႏၱေလးအက်ဥ္းေထာင္မွေျဖဆိုသူ ၇၁ ဦးအနက္ ေအာင္ျမင္သူ ၄၂ ဦးရွိျပီး ၂ ဘာသာဂုဏ္ထူးရွင္ ၃ ဦး ၁ ဘာသာဂုဏ္ထူးရွင္ ၁၁ ဦး စုစုေပါင္း ၁၄ ဦးအထိပါရွိသည္။

ေတာင္ငူအက်ဥ္းေထာင္မွ ေျဖဆိုသူ ၄ ဦးအနက္ ၂ ဦး ေအာင္ျမင္သည္ အက်ဥ္းေထာင္မ်ားမွ တကၠသိုလ္၀င္တန္းစာေမးပြဲ ေျဖဆိုေအာင္ျမင္သူ အက်ဥ္းသားမ်ား၏ ေရွ႕အစီအစဥ္မ်ားအတြက္ ျပည္ထဲေရး၀န္ႀကီးဌာနႏွင့္ ႏုိင္ငံေတာ္သမၼတထံ ဆက္လက္တင္ျပေပးမည္ျဖစ္ေၾကာင္း သိရသည္။

အက်ဥ္းစာစစ္ဌာန ၏ ေအာင္ခ်က္ရာခိုင္ႏႈန္းမွာ ၅၄ ဒသမ ၉၇ ရာခိုင္ႏႈန္းရွိေၾကာင္း လည္း ဦးမင္းထြန္းစိုးက ဆက္ေျပာသည္။

အင္းစိန္၊ ေတာင္ငူ၊ ဘားအ့ံ၊ မႏၱေလး၊ လိြဳင္ေကာ္၊ ျမိတ္၊ သရက္၊ ကသာ ႏွင့္ မံုရြာ အက်ဥ္းေထာင္မ်ားမွေန၍ အက်ဥ္းသား/အက်ဥ္းသူ ၁၇၁ေယာက္ ေျဖဆိုၾကရာတြင္ အင္းစိန္၊ ေတာင္ငူ၊ မႏၱေလး အက်ဥ္းေထာင္မ်ားမွ(၉၄)ဦး ေအာင္ျမင္ခဲ့သည္ဟု ဦးမင္းထြန္းစိုးက ေျပာသည္။

ပညာေရး၀န္ၾကီးဌာနမွ ယေန႔ ထုတ္ျပန္လိုက္သည့္ တကၠသိုလ္ဝင္တန္း စာေမးပြဲ ေအာင္ခ်က္ျပ ႏႈိင္းယွဥ္ဇယားအရ ယခင္ႏွစ္က ေအာင္ခ်က္ရာခိုင္ႏႈန္းမွာ (၃၂ . ၈၂ ရာခိုင္ႏႈန္း)ရွိခဲ့ျပီး ယခုနွစ္ေအာင္ခ်က္ ရာခိုင္ႏႈန္းမွာ (၃၁.၄၄ ရာခိုင္ႏႈန္း)ရွိေၾကာင္းသိရသည္။

ပညာေရး၀န္ၾကီးဌာနမွ ယေန႔ ထုတ္ျပန္လိုက္သည့္ ေအာင္ခ်က္ႏွင့္ ဂုုဏ္ထူးဦးေရျပဇယားအရ ၂၀၁၈ခုုနွစ္က ဂုုဏ္ထူးထြက္သူ စုစုေပါင္း (၇၅၇၅၆)ဦးရွိခဲ့ေသာ္လည္း ယခု ၂၀၁၉ ခုုႏွစ္တြင္ ဂုဏ္ထူးထြက္သူ စုစုေပါင္း (၄၃၀၂၂)ဦးသာရွိေၾကာင္းသိရသည္။

သဒၶါထက္(လွည္းတန္း)
Via: News Watch and Popular News


Credit  \  original
#Unicode Version

မြန်မာနိုင်ငံ အကျဉ်းထောင် ၉ ခုမှ တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ၁၇၁ ဦးအနက် ၉၆ ဦးအောင်မြင်ခဲ့ပြီး ဂုဏ်ထူးရှင် ၄၁ ဦးပါဝင်ကြောင်း သိရသည်။

အင်းစိန်အကျဉ်းထောင်မှဖြေဆိုသူ ၇၁ ဦးအနက် ၅၀ ဦးအောင်မြင်ပြီး ဂုဏ်ထူးရှင် ၂၇ ဦးအထိပါရှိသည်။

“အင်းစိန်အကျဉ်းထောင်ထဲက ဖြေဆိုသူ ဂုဏ်ထူးပါသူတွေကတော့ 3D လေးဦး 2D ၁၃ ဦး၊ 1D တဦး၊ ရိုးရိုးက ၂၅ ဦး အောင်ပါတယ်။ စေတနာထားပြီး သင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေက အင်းစိန် (ဒု)ပညာရေးမှူး၊ အင်းစိန် အလက ၁၃ ကျောင်းအုပ်ဆရာကြီးများနဲ့ ဆရာမများ၊ အထက (၂)၊ အထက(၆)နဲ့ မင်္ဂလာကျောင်း ပရဟိတစာသင်ဝိုင်း ဆရာ ဆရာမများ၊အကျဉ်းသား၊ အကျဉ်းသူ ဆရာမများက သင်ကြားပေးပါတယ်။ မန္တလေးက ၇၁ ဦးဖြေတယ်၊ ၄၂ ဦးအောင်တယ်။ 2D က သုံးဦး၊ 1D ၁၁ ဦး၊ ရိုးရိုးအောင်တာက ၂၈ ဦးနဲ့ တောင်ငူထောင်က ၄ ဦး ဖြေတာ ၂ ဦး ရိုးရိုးအောင်တယ်”ဟု အကျဉ်းဦးစီး၏ ပြောရေးဆိုခွင့်ရှိသူ ဦးမင်းထွန်စိုးက News Watch သို့ ပြောသည်။

မန္တလေးအကျဉ်းထောင်မှဖြေဆိုသူ ၇၁ ဦးအနက် အောင်မြင်သူ ၄၂ ဦးရှိပြီး ၂ ဘာသာဂုဏ်ထူးရှင် ၃ ဦး ၁ ဘာသာဂုဏ်ထူးရှင် ၁၁ ဦး စုစုပေါင်း ၁၄ ဦးအထိပါရှိသည်။

တောင်ငူအကျဉ်းထောင်မှ ဖြေဆိုသူ ၄ ဦးအနက် ၂ ဦး အောင်မြင်သည်။

အကျဉ်းထောင်များမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်သူ အကျဉ်းသားများ၏ ရှေ့အစီအစဉ်များအတွက် ပြည်ထဲရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်သမ္မတထံ ဆက်လက်တင်ပြပေးမည်ဖြစ်ကြောင်း သိရသည်။

အကျဉ်းစာစစ်ဌာန ၏ အောင်ချက်ရာခိုင်နှုန်းမှာ ၅၄ ဒသမ ၉၇ ရာခိုင်နှုန်းရှိကြောင်း လည်း ဦးမင်းထွန်းစိုးက ဆက်ပြောသည်။

အင်းစိန်၊ တောင်ငူ၊ ဘားအံ့၊ မန္တလေး၊ လွိုင်ကော်၊ မြိတ်၊ သရက်၊ ကသာ နှင့် မုံရွာ အကျဉ်းထောင်များမှနေ၍ အကျဉ်းသား/အကျဉ်းသူ ၁၇၁ယောက် ဖြေဆိုကြရာတွင် အင်းစိန်၊ တောင်ငူ၊ မန္တလေး အကျဉ်းထောင်များမှ(၉၄)ဦး အောင်မြင်ခဲ့သည်ဟု ဦးမင်းထွန်းစိုးက ပြောသည်။

ပညာရေးဝန်ကြီးဌာနမှ ယနေ့ ထုတ်ပြန်လိုက်သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်ချက်ပြ နှိုင်းယှဉ်ဇယားအရ ယခင်နှစ်က အောင်ချက်ရာခိုင်နှုန်းမှာ (၃၂ . ၈၂ ရာခိုင်နှုန်း)ရှိခဲ့ပြီး ယခုနှစ်အောင်ချက် ရာခိုင်နှုန်းမှာ (၃၁.၄၄ ရာခိုင်နှုန်း)ရှိကြောင်းသိရသည်။

ပညာရေးဝန်ကြီးဌာနမှ ယနေ့ ထုတ်ပြန်လိုက်သည့် အောင်ချက်နှင့် ဂုဏ်ထူးဦးရေပြဇယားအရ ၂၀၁၈ခုနှစ်က ဂုဏ်ထူးထွက်သူ စုစုပေါင်း (၇၅၇၅၆)ဦးရှိခဲ့သော်လည်း ယခု ၂၀၁၉ ခုနှစ်တွင် ဂုဏ်ထူးထွက်သူ စုစုပေါင်း (၄၃၀၂၂)ဦးသာရှိကြောင်းသိရသည်။

သဒ္ဓါထက်(လှည်းတန်း)
Via: News Watch and Popular News

Recent Updates

Recent Posts Widget