ဘာသာစုံဂုဏ္ထူးရွင္ ေပၚထြက္မႈတြင္ မႏၱေလးတိုင္းထိပ္ဆုံးမွရပ္တည္ေန
ဘာသာစုံဂုဏ္ထူးရွင္ ေပၚထြက္မႈတြင္ မႏၱေလးတိုင္းထိပ္ဆုံးမွရပ္တည္ေန
၂၀၁၈-၁၉ ခုႏွစ္ တကၠသိုလ္ဝင္တန္း ေအာင္စာရင္မ်ားကို ဇြန္လ ၈ ရက္ေန႕က ထုတ္ျပန္ေၾကညာရာ မႏၱေလး တိုင္း ေဒသႀကီး အေနျဖင့္ ေအာင္ခ်က္ရာခိုင္ႏႈန္း ၃၆ ဒသမ ၁၃ျဖင့္ ဒုတိယအဆင့္ရွိခဲ့ေသာ္လည္း ဘာသာစုံဂုဏ္ထူးရွင္ ေပၚထြက္မႈတြင္ ထပ္ဆုံးမွ ရပ္တည္ခဲ့ေၾကာင္း မႏၱေလးတိုင္းေဒသႀကီး ပညာေရးၫႊန္ၾကားေရးမႉခ်ဳပ္႐ုံးမွ သိရသည္။တိုင္းနဲ႕ ျပည္နယ္အားလုံးမွာ က်ေနာ္တို႔ တိုင္းက ေအာင္ခ်က္ ရာခိုင္ႏႈန္း ဒုတိယအဆင့္ရပါတယ္၊ ဂုဏ္ထူးရရွိသူ ၆၉၂၀ ဦးရွိပါတယ္၊ အဲဒီမွာ ထူးျခားခ်က္ကေတာ့ ၆ဘာသာဂုဏ္ထူးရွင္က အမ်ားဆုံးပါပဲ”ဟု မႏၱေလး တိုင္းေဒသႀကီး ပညာေရး ၫႊန္ၾကားေရးမႉခ်ဳပ္႐ုံးမွ ၫႊန္ၾကားေရးမႈး(ပညာ) ဦးစိုးလြင္က ေျပာသည္။
မႏၱေလးတိုင္းေဒသႀကီးအေနျဖင့္ ၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္တြင္ တကၠသိုလ္ဝင္တန္း ေျဖဆိုခဲ့သူ ၁၁၉၂၁၀ဦး ရွိၿပီး ေအာင္ျမင္သူ ၄၃၀၇၅ ဦးရွိေၾကာင္းသိရသည္။ဂုဏ္ထူးရရွိမႈအေနျဖင့္ ၁ ဘာသာဂုဏ္ထူးရွင္ ၃၈၅၇ ဦး၊ ၂ ဘာသာဂုဏ္ထူးရွင္ ၁၀၅၉ ဦး၊ ၃ ဘာသာဂုဏ္ထူးရွင္ ၆၇၃ ဦး၊ ၄ ဘာသာဂုဏ္ထူးရွင္ ၆၂၁ ဦး၊ ၅ ဘာသာဂုဏ္ထူးရွင္ ၄၉၀ ဦး၊ ၆ ဘာသာဂုဏ္ထူးရွင္ ၂၂၀ ဦး ျဖစ္ၿပီး ဂုဏ္ထူးရရွိသူ ေပါင္း ၆၉၂၀ ဦးရွိေၾကာင္း သိရသည္။အဆိုပါေက်ာင္းသားမ်ား၏ ဂုဏ္ထူးရ ဘာသာရပ္ အေရအတြက္အေနျဖင့္ ျမန္မာစာ ၁၇၁၂၊ အဂၤလိပ္စာ ၄၅၆၊ သခၤ်ာ ၁၈၃၃၊ ဓာတုေဗဒ ၂၂၉၃၊ ႐ူပေဗဒ ၂၀၈၅၊ ဇီဝေဗဒ ၃၇၄၉ ၊ သမိုင္း ၁၃၉၊ ပထဝီ ၃၉၉၊ ေဘာဂ ၁၅၈၂ တို႔ ျဖစ္ေၾကာင္း သိရသည္။အဆိုပါကဲ့သို႔ ေအာင္ခ်က္မ်ား ရရွိခဲ့ေသာ္လည္း မႏၱေလးတိုင္းေဒသႀကီးအေနျဖင့္ ယခင္ႏွစ္ ေအာင္ခ်က္ထက္ ေလ်ာ့နည္း ခဲ့ ေၾကာင္း သိရသည္။
ေအာင္ခ်က္ ရာႏႈန္းကို ႏွိုင္းယွဥ္ၾကည့္မယ္ဆိုရင္ ၿပီးခဲ့တဲ့ ႏွစ္ထက္ က်ပါတယ္၊ ၿပီးခဲ့တဲ့ႏွစ္က ေအာင္ခ်က္ရာႏႈန္းက ပထမအဆင့္ပါ၊ ဒီႏွစ္က ေမးခြန္း ပုံစံ ေျပာင္းလဲမႈေပၚမွာ ဂုဏ္ထူးရရွိမႈ အရည္အတြက္ေတြက အျခားတိုင္းနဲ႕ ျပည္နယ္ ေတြမွာ နည္းသြားေပမယ့္ က်ေနာ္တို႔ တိုင္းအေနအထားကေတာ့ အရည္အေသြးပိုင္းအေနနဲ႕ တိုးတက္တယ္လို႔ သုံးသပ္ပါတယ္”ဟု ဦးစိုးလြင္က ဆက္လက္ေျပာသည္။၂၀၁၇-၁၈ ပညာသင္ႏွစ္က မႏၱေလးတိုင္းေဒသႀကီးတြင္ တကၠသိုလ္ဝင္တန္းစာေမးပြဲ ဝင္ေရာက္ေျဖဆိုသူ ၁၁၁၃၉၈ ဦးရွိ ကာ ေအာင္ျမင္သူ ၄၂၅၁၇ ဦးရွိခဲ့ၿပီး ရာခိုင္ႏႈန္း ၃၈ ဒသမ ၁၇ ရာႏႈန္းရွိခဲ့ေၾကာင္း၊ ဂုဏ္ထူးရရွိမႈအေနျဖင့္ ၆ဘာသာ ဂုဏ္ထူးရွင္ ၂၈၉ ဦး၊ ၅ဘာသာဂုဏ္ထူးရွင္ ၆၄၀ ဦး၊ ၄ဘာသာဂုဏ္ထူးရွင္ ၁၁၃၄ ဦး၊ ၃ဘာသာဂုဏ္ထူးရွင္ ၁၁၆၆ ဦး၊ ၂ဘာသာ ဂုဏ္ထူးရွင္ ၁၇၄၃ဦး၊ ၁ဘာသာဂုဏ္ထူးရွင္ ၆၈၉၆ ဦး ရွိကာ စုစုေပါင္းအေနျဖင့္ ၁၁၈၆၈ ဦးအထိ ရွိခဲ့ေၾကာင္း မႏၱေလးတိုင္းေဒသႀကီး ပညာေရးၫႊန္ၾကားေရးမႉခ်ဳပ္႐ုံး၏ မွတ္တမ္းမ်ားအရ သိရသည္။
ျမန္မာတနိုင္ငံလုံး အတိုင္းအတာျဖင့္ တကၠသိုလ္ဝင္တန္း ေအာင္ခ်က္ ရာခိုင္ႏႈန္းမွာ ၃၁ ဒသမ ၄၄ရွိခဲ့ၿပီး မြန္ျပည္နယ္မွ ေအာင္ခ်က္ရာႏႈန္း ၃၇ ဒသမ ၅၄ ျဖင့္ ပထမအဆင့္ျဖစ္ခဲ့ေၾကာင္း သိရသည္။၂၀၁၈-၁၉ ပညာသင္ႏွစ္အတြက္ ေအာင္ခ်က္ ရာခိုင္ႏႈန္းႏွင့္ ဂုဏ္ထူး ထြက္ရွိမႈႏႈန္း ၂ခု လုံးသည္ ယခင္ႏွစ္မ်ားထက္ က်ဆင္းခဲ့ၿပီး ယခုႏွစ္ တကၠသိုလ္ဝင္တန္း၌ ေျဖဆိုသူ ၈၅၁၅၂၄ ဦးအနက္ ေအာင္ျမင္မႈမွာ ၂၆၇၆၂၄ ဦးသာရွိရာ က်ရႈံး သူမွာ ၅၈၃၈၂၈ ဦးအထိ ရွိေၾကာင္း သိရသည္။အဆိုပါကဲ့သို႔ က်ဆဳံးမႈ မ်ားရျခင္းကို မႏၱေလးၿမိဳ႕ခံ လူငယ္က်ဴရွင္ဆရာ ကိုမင္းမင္းစိုးက “အေျပာင္းအလဲ ျဖစ္တာ ေၾကာင့္ ပါ၊ အဂၤလိပ္စာ ဆိုရင္လည္း သင္ရိုးပုံစံ ေျပာင္းသြားတယ္၊ က်န္တဲ့ဘာသာရပ္ေတြမွာလည္း သင္ရိုးပုံစံ ေျပာင္းသြားတယ္၊ ေနာက္ၿပီး ၂၀၀၂ကေန ၂၀၁၈အထိက စနစ္တခုကို က်င့္သုံးခဲ့ၾကတာ၊ ဆရာေတြကလည္း အဲဒါနဲ႕ ရင္းႏွီးခဲ့ၾက တာ၊ ၂၀၁၉ မွာေတာ့ ေမးခြန္းေမးတဲ့ ပုံစံ ေျပာင္းလိုက္တဲ့ အခါ ကေလးေတြအတြက္ နည္းနည္းေလးေတာ့ အခက္အခဲရွိခဲ့တယ္၊ အဓိက ေမးခြန္းပုံစံ ေျပာင္းလဲမႈေၾကာင့္ ေအာင္ခ်က္ေတြ က်ဆင္းခဲ့ရတယ္လို႔ ျမင္ပါတယ္”ဟု သုံးသပ္ေျပာျပသည္။
တနိုင္ငံလုံး အတိုင္းအတာျဖင့္ ယခင္ႏွစ္က ေအာင္ခ်က္ ရာခိုင္ႏႈန္း ၆၆ ဒသမ ၁၉ ရွိခဲ့ၿပီး ယခုႏွစ္ ေအာင္ခ်က္ရာခိုင္ႏႈန္းမွာ ၃၁ ဒသမ ၄၄ ရွိေသာေၾကာင့္ ထက္ဝက္ေက်ာ္ က်ဆင္းခဲ့ရေၾကာင္း၊ ထို႔အတူ ဂုဏ္ထူးရရွိမႈအေနျဖင့္လည္း ယခင္ႏွစ္က ဘာသာစုံ ဂုဏ္ထူးရသူ ၇၁၆ ဦးအပါအဝင္ ဂုဏ္ထူးရရွိသူ ၇၅၇၅၆ ဦးအထိ ရွိခဲ့ၿပီး ယခုႏွစ္တြင္ ဘာသာစုံ ဂုဏ္ထူးရသူ ၅၃၇ဦးအပါအဝင္ ဂုဏ္ထူးရရွိသူ ၄၃၀၂၂ ဦးရွိခဲ့ေၾကာင္း သိရသည္။
Credit TheIrrawaddyBurmeseNews
Unicode
၂၀၁၈-၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်များကို ဇွန်လ ၈ ရက်နေ့က ထုတ်ပြန်ကြေညာရာ မန္တလေး တိုင်း ဒေသကြီး အနေဖြင့် အောင်ချက်ရာခိုင်နှုန်း ၃၆ ဒသမ ၁၃ဖြင့် ဒုတိယအဆင့်ရှိခဲ့သော်လည်း ဘာသာစုံဂုဏ်ထူးရှင် ပေါ်ထွက်မှုတွင် ထပ်ဆုံးမှ ရပ်တည်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူချုပ်ရုံးမှ သိရသည်။တိုင်းနဲ့ ပြည်နယ်အားလုံးမှာ ကျနော်တို့ တိုင်းက အောင်ချက် ရာခိုင်နှုန်း ဒုတိယအဆင့်ရပါတယ်၊ ဂုဏ်ထူးရရှိသူ ၆၉၂၀ ဦးရှိပါတယ်၊ အဲဒီမှာ ထူးခြားချက်ကတော့ ၆ဘာသာဂုဏ်ထူးရှင်က အများဆုံးပါပဲ”ဟု မန္တလေး တိုင်းဒေသကြီး ပညာရေး ညွှန်ကြားရေးမှူချုပ်ရုံးမှ ညွှန်ကြားရေးမှုး(ပညာ) ဦးစိုးလွင်က ပြောသည်။
မန္တလေးတိုင်းဒေသကြီးအနေဖြင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုခဲ့သူ ၁၁၉၂၁၀ဦး ရှိပြီး အောင်မြင်သူ ၄၃၀၇၅ ဦးရှိကြောင်းသိရသည်။ဂုဏ်ထူးရရှိမှုအနေဖြင့် ၁ ဘာသာဂုဏ်ထူးရှင် ၃၈၅၇ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၁၀၅၉ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၆၇၃ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၆၂၁ ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၄၉၀ ဦး၊ ၆ ဘာသာဂုဏ်ထူးရှင် ၂၂၀ ဦး ဖြစ်ပြီး ဂုဏ်ထူးရရှိသူ ပေါင်း ၆၉၂၀ ဦးရှိကြောင်း သိရသည်။အဆိုပါကျောင်းသားများ၏ ဂုဏ်ထူးရ ဘာသာရပ် အရေအတွက်အနေဖြင့် မြန်မာစာ ၁၇၁၂၊ အင်္ဂလိပ်စာ ၄၅၆၊ သင်္ချာ ၁၈၃၃၊ ဓာတုဗေဒ ၂၂၉၃၊ ရူပဗေဒ ၂၀၈၅၊ ဇီဝဗေဒ ၃၇၄၉ ၊ သမိုင်း ၁၃၉၊ ပထဝီ ၃၉၉၊ ဘောဂ ၁၅၈၂ တို့ ဖြစ်ကြောင်း သိရသည်။အဆိုပါကဲ့သို့ အောင်ချက်များ ရရှိခဲ့သော်လည်း မန္တလေးတိုင်းဒေသကြီးအနေဖြင့် ယခင်နှစ် အောင်ချက်ထက် လျော့နည်း ခဲ့ ကြောင်း သိရသည်။
အောင်ချက် ရာနှုန်းကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ နှစ်ထက် ကျပါတယ်၊ ပြီးခဲ့တဲ့နှစ်က အောင်ချက်ရာနှုန်းက ပထမအဆင့်ပါ၊ ဒီနှစ်က မေးခွန်း ပုံစံ ပြောင်းလဲမှုပေါ်မှာ ဂုဏ်ထူးရရှိမှု အရည်အတွက်တွေက အခြားတိုင်းနဲ့ ပြည်နယ် တွေမှာ နည်းသွားပေမယ့် ကျနော်တို့ တိုင်းအနေအထားကတော့ အရည်အသွေးပိုင်းအနေနဲ့ တိုးတက်တယ်လို့ သုံးသပ်ပါတယ်”ဟု ဦးစိုးလွင်က ဆက်လက်ပြောသည်။၂၀၁၇-၁၈ ပညာသင်နှစ်က မန္တလေးတိုင်းဒေသကြီးတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၁၁၁၃၉၈ ဦးရှိ ကာ အောင်မြင်သူ ၄၂၅၁၇ ဦးရှိခဲ့ပြီး ရာခိုင်နှုန်း ၃၈ ဒသမ ၁၇ ရာနှုန်းရှိခဲ့ကြောင်း၊ ဂုဏ်ထူးရရှိမှုအနေဖြင့် ၆ဘာသာ ဂုဏ်ထူးရှင် ၂၈၉ ဦး၊ ၅ဘာသာဂုဏ်ထူးရှင် ၆၄၀ ဦး၊ ၄ဘာသာဂုဏ်ထူးရှင် ၁၁၃၄ ဦး၊ ၃ဘာသာဂုဏ်ထူးရှင် ၁၁၆၆ ဦး၊ ၂ဘာသာ ဂုဏ်ထူးရှင် ၁၇၄၃ဦး၊ ၁ဘာသာဂုဏ်ထူးရှင် ၆၈၉၆ ဦး ရှိကာ စုစုပေါင်းအနေဖြင့် ၁၁၈၆၈ ဦးအထိ ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူချုပ်ရုံး၏ မှတ်တမ်းများအရ သိရသည်။
မြန်မာတနိုင်ငံလုံး အတိုင်းအတာဖြင့် တက္ကသိုလ်ဝင်တန်း အောင်ချက် ရာခိုင်နှုန်းမှာ ၃၁ ဒသမ ၄၄ရှိခဲ့ပြီး မွန်ပြည်နယ်မှ အောင်ချက်ရာနှုန်း ၃၇ ဒသမ ၅၄ ဖြင့် ပထမအဆင့်ဖြစ်ခဲ့ကြောင်း သိရသည်။၂၀၁၈-၁၉ ပညာသင်နှစ်အတွက် အောင်ချက် ရာခိုင်နှုန်းနှင့် ဂုဏ်ထူး ထွက်ရှိမှုနှုန်း ၂ခု လုံးသည် ယခင်နှစ်များထက် ကျဆင်းခဲ့ပြီး ယခုနှစ် တက္ကသိုလ်ဝင်တန်း၌ ဖြေဆိုသူ ၈၅၁၅၂၄ ဦးအနက် အောင်မြင်မှုမှာ ၂၆၇၆၂၄ ဦးသာရှိရာ ကျရှုံး သူမှာ ၅၈၃၈၂၈ ဦးအထိ ရှိကြောင်း သိရသည်။အဆိုပါကဲ့သို့ ကျဆုံးမှု များရခြင်းကို မန္တလေးမြို့ခံ လူငယ်ကျူရှင်ဆရာ ကိုမင်းမင်းစိုးက “အပြောင်းအလဲ ဖြစ်တာ ကြောင့် ပါ၊ အင်္ဂလိပ်စာ ဆိုရင်လည်း သင်ရိုးပုံစံ ပြောင်းသွားတယ်၊ ကျန်တဲ့ဘာသာရပ်တွေမှာလည်း သင်ရိုးပုံစံ ပြောင်းသွားတယ်၊ နောက်ပြီး ၂၀၀၂ကနေ ၂၀၁၈အထိက စနစ်တခုကို ကျင့်သုံးခဲ့ကြတာ၊ ဆရာတွေကလည်း အဲဒါနဲ့ ရင်းနှီးခဲ့ကြ တာ၊ ၂၀၁၉ မှာတော့ မေးခွန်းမေးတဲ့ ပုံစံ ပြောင်းလိုက်တဲ့ အခါ ကလေးတွေအတွက် နည်းနည်းလေးတော့ အခက်အခဲရှိခဲ့တယ်၊ အဓိက မေးခွန်းပုံစံ ပြောင်းလဲမှုကြောင့် အောင်ချက်တွေ ကျဆင်းခဲ့ရတယ်လို့ မြင်ပါတယ်”ဟု သုံးသပ်ပြောပြသည်။
တနိုင်ငံလုံး အတိုင်းအတာဖြင့် ယခင်နှစ်က အောင်ချက် ရာခိုင်နှုန်း ၆၆ ဒသမ ၁၉ ရှိခဲ့ပြီး ယခုနှစ် အောင်ချက်ရာခိုင်နှုန်းမှာ ၃၁ ဒသမ ၄၄ ရှိသောကြောင့် ထက်ဝက်ကျော် ကျဆင်းခဲ့ရကြောင်း၊ ထို့အတူ ဂုဏ်ထူးရရှိမှုအနေဖြင့်လည်း ယခင်နှစ်က ဘာသာစုံ ဂုဏ်ထူးရသူ ၇၁၆ ဦးအပါအဝင် ဂုဏ်ထူးရရှိသူ ၇၅၇၅၆ ဦးအထိ ရှိခဲ့ပြီး ယခုနှစ်တွင် ဘာသာစုံ ဂုဏ်ထူးရသူ ၅၃၇ဦးအပါအဝင် ဂုဏ်ထူးရရှိသူ ၄၃၀၂၂ ဦးရှိခဲ့ကြောင်း သိရသည်။
Credit TheIrrawaddyBurmeseNews


