“အေမရိကန္မွာ ထီ ေပါက္ဂဏန္း သုည ေလးလုံးေၾကာင့္ ထီေပါက္သူအေယာက္ ၂၀၀၀ ေက်ာ္သြား”





ေျမာက္ကယ္႐ိုလိုင္းနားက ထီ႐ုံတစ္႐ုံကေတာ့ သုညေတြခ်ည္္းပဲ အပူးဂဏန္း ထီဂဏန္းထြက္တာေၾကာင့္ လက္မႈိင္ခ် စိတ္ညစ္သြားရပါတယ္။ဒီလို သုညေလးလုံး ေပါက္ဂဏန္းေၾကာင့္ ဒီ ဂဏန္္းကို ထိုးထားၾကတဲ့ ဦးေရ ၂၀၀၀ ေက်ာ္ဟာ ထီေပါက္ၾကေတာ့တာ ျဖစ္ပါတယ္။

ခုလို သုညေလးလုံး ထီေပါက္စဥ္ေၾကာင့္မွာ ထီေပါက္သူေပါင္း ၂၀၁၄ ဦး ရွိၿပီး တစ္၀က္ေလာက္ဟာ အေမရိကန္ တစ္ေဒၚလာတန္္ ထီလက္မွတ္ ေပါက္တာေၾကာင့္ ေဒၚလာ ၅၀၀၀ ဆုေၾကး ရၾကၿပီး က်န္္သူေတြကေတာ့ ဆင့္ ၅၀ တန္္ ထီလက္မွတ္ေတြ ေပါက္တာျဖစ္လို႔ ေဒၚလာ ၂၅၀၀ စီ ဆုေၾကးေပးရတာ ျဖစ္ပါတယ္။



အျခား ထီေပါက္သူေတြ အပါအ၀င္ ဒီ ထီဖြင့္ရက္မွာ ဆုေၾကးေပးခဲ့ရတဲ့ ေငြေၾကးက အေမရိကန္ေဒၚလာ ၇ ဒသမ ၈ သန္း ရွိၿပီး အမ်ားဆုံး ျပည္နယ္အတြင္း အမ်ားဆုံး ေပါက္ၾကတာဟာ သုညေလးလုံး ထီဂဏန္းျဖစ္ပါတ္ယ။

ေျမာက္ကို႐ိုလိုင္းနား ပညာေရး ထီ႐ုံအေနနဲ႔ ၂၀၁၂ ခုႏွစ္တုန္းကလည္း တစ္ေလးလုံး ထီေပါက္ဂဏန္းေၾကာင့္ အေမရိကန္ေဒၚလာ ၇ ဒသမ ၅ သန္္း ဆုေၾကးေပးခဲ့ရတာ ျဖစ္္ပါတယ္။ထီ႐ုံအေနနဲ႔ ထီေပါက္သူေတြ မ်ားလြန္းတာေၾကာင့္ ဆုေငြလာထုတ္ဖို႔ အခ်ိန္ ၾကာၾကာေတာ့ ေစာင့္ရမွာျဖစ္ေၾကာင္း ထီေပါက္သူေတြကို သတိေပးထားပါတယ္။ခုလို ဂဏန္းေလးလုံးတုိက္တာမ်ဳိးဟာ အႀကိမ္တစ္ေသာင္းမွာ တစ္ႀကိမ္ေတာင္ ျဖစ္ခဲေၾကာင္း ထီ႐ုံက ေျပာပါတယ္။

Credit   \\   original

Unicode Version

မြောက်ကယ်ရိုလိုင်းနားက ထီရုံတစ်ရုံကတော့ သုညတွေချည်းပဲ အပူးဂဏန်း ထီဂဏန်းထွက်တာကြောင့် လက်မှိုင်ချ စိတ်ညစ်သွားရပါတယ်။ဒီလို သုညလေးလုံး ပေါက်ဂဏန်းကြောင့် ဒီ ဂဏန်းကို ထိုးထားကြတဲ့ ဦးရေ ၂၀၀၀ ကျော်ဟာ ထီပေါက်ကြတော့တာ ဖြစ်ပါတယ်။

ခုလို သုညလေးလုံး ထီပေါက်စဉ်ကြောင့်မှာ ထီပေါက်သူပေါင်း ၂၀၁၄ ဦး ရှိပြီး တစ်ဝက်လောက်ဟာ အမေရိကန် တစ်ဒေါ်လာတန် ထီလက်မှတ် ပေါက်တာကြောင့် ဒေါ်လာ ၅၀၀၀ ဆုကြေး ရကြပြီး ကျန်သူတွေကတော့ ဆင့် ၅၀ တန် ထီလက်မှတ်တွေ ပေါက်တာဖြစ်လို့ ဒေါ်လာ ၂၅၀၀ စီ ဆုကြေးပေးရတာ ဖြစ်ပါတယ်။

အခြား ထီပေါက်သူတွေ အပါအဝင် ဒီ ထီဖွင့်ရက်မှာ ဆုကြေးပေးခဲ့ရတဲ့ ငွေကြေးက အမေရိကန်ဒေါ်လာ ၇ ဒသမ ၈ သန်း ရှိပြီး အများဆုံး ပြည်နယ်အတွင်း အများဆုံး ပေါက်ကြတာဟာ သုညလေးလုံး ထီဂဏန်းဖြစ်ပါတ်ယ။

မြောက်ကိုရိုလိုင်းနား ပညာရေး ထီရုံအနေနဲ့ ၂၀၁၂ ခုနှစ်တုန်းကလည်း တစ်လေးလုံး ထီပေါက်ဂဏန်းကြောင့် အမေရိကန်ဒေါ်လာ ၇ ဒသမ ၅ သန်း ဆုကြေးပေးခဲ့ရတာ ဖြစ်ပါတယ်။ထီရုံအနေနဲ့ ထီပေါက်သူတွေ များလွန်းတာကြောင့် ဆုငွေလာထုတ်ဖို့ အချိန် ကြာကြာတော့ စောင့်ရမှာဖြစ်ကြောင်း ထီပေါက်သူတွေကို သတိပေးထားပါတယ်။ခုလို ဂဏန်းလေးလုံးတိုက်တာမျိုးဟာ အကြိမ်တစ်သောင်းမှာ တစ်ကြိမ်တောင် ဖြစ်ခဲကြောင်း ထီရုံက ပြောပါတယ်။

Credit   \\   original


Recent Updates

Recent Posts Widget