” သင္ရဲ႕ ဆိုင္ကယ္ကို ၾကိဳက္တဲ့ (ကညန) ရံုးမွာ သက္တမ္းတုိးနိုင္ျပီဆိုတဲ့ အေၾကာင္းေလးမွ်ေ၀ေပးလိုက္ပါတယ္ေနာ္ “





ဆိုင္ကယ္ပိုင္ရွင္ေတြ အျမဲစိတ္ရွုပ္စိတ္ညစ္ရတာ လိုင္စင္သက္တမ္းတိုးတဲ့ ကိစၥပါ။ အခုအခါမွာေတာ့ သင္ရဲ႕ ဆိုင္ကယ္ကို ၾကိဳက္တဲ့ (ကညန) ရံုးမွာ သက္တမ္းတုိးနိုင္ျပီဆိုတဲ့ အေၾကာင္းေလးမွ်ေ၀ေပးလိုက္ပါတယ္ေနာ္ “
10.1.2019 မွစလို႔ သက္တမ္းတိုးတာပဲျဖစ္ျဖစ္ အေပ်ာက္ေလွ်ာက္လို႔ပဲျဖစ္ျဖစ္ မူလျမန္မာအကၡရာႏွင့္ ေဖါင္းႂကြနံပါတ္ျပားအား အပ္ႏွံေစၿပီး အသစ္ထုတ္ေပးတဲ့ အဂၤလိပ္အကၡရာနံပါတ္ျပားမွာ ပုံပါအတိုင္း “ယ”ေနရာမွာ “W” လို႔ေျပာင္းလဲၿပီး
မူလလိုင္စင္ျပဳလုပ္ရာ ျပည္နယ္/တိုင္း အမွတ္အသားျဖစ္တဲ့ NPW(ေနျပည္ေတာ္) MDY(မႏၲေလး) MON(မြန္) KCN(ကခ်င္)SHAN(ရွမ္း) စသည္ျဖင့္ ၿမိဳ႕အတိုေကာက္ အဂၤလိပ္စာလုံးေလးေတြ ဝွီးတက္တြင္ မပါရွိေသာ္လည္း နံပါတ္ျပားမွာ ပါလာပါတယ္။

ဘယ္ျပည္နယ္ ဘယ္တိုင္းမွာပဲ လိုင္စင္ဝင္ခဲ့ေပမဲ့ လုပ္ငန္းအေျခအေနအရ သြားလာလုပ္ကိုင္ၾကတဲ့အခါ အဆိုပါဆိုင္ကယ္ေတြဟာ ေနရာေဒသ အသီးသီးကို ပ်ံႏွံ႔တည္ရွိသြားပါတယ္။ဒီအခါ သက္တမ္းကုန္လို႔ လိုင္စင္သက္တမ္းျပန္တိုးတဲ့အခါ 1.9.2017 ရက္မွစ၍ ေမာ္ေတာ္ဆိုင္ကယ္မ်ား သက္တမ္းတိုး ေဆာင္႐ြက္ရာတြင္ ယာဥ္၏ႀကံခိုင္မႈကိုပါ စစ္ေဆးပီးမွ သက္တမ္းတိုးျခင္းလုပ္ငန္း ေဆာင္႐ြက္မည္ဟု ဆိုထားတာေၾကာင့္ မူလလိုင္စင္ ဝင္ခဲ့တဲ့႐ုံးကို ျပန္လာလုပ္ၾကရတာမို႔ ဆိုင္ကယ္ႀကီး ျပန္သယ္ယူလာဖို႔ ဒုကၡေတြ ျဖစ္ၾကပါတယ္။
ဒါေပမဲ့ သင့္ဆိုင္ကယ္ဟာ”ယ” ဒါမွမဟုတ္ ေစာေစာကေျပာသလို”W”ဆိုခဲ့ရင္ျဖင့္ သက္တမ္းတိုးဖို႔ မူလလိုင္စင္ လုပ္တဲ့ေနရာထိ ဆိုင္ကယ္ကို ယူသြားစရာမလိုေတာ့ပဲ မိမိလက္ရွိတည္ရွိရာ ကညနမွာ ဆိုင္ကယ္ကိုစစ္လို႔ မူလ႐ုံးကိုစာ႐ြက္စာတမ္း ပို႔ေပးေစျခင္းျဖင့္ သက္တမ္းတိုးျခင္းကို ေဆာင္႐ြက္ႏိုင္ပါတယ္။
(“ယ” “W”မဟုတ္တဲ့ ဆိုင္ကယ္ေတာ့ မရပါ)။
သက္တမ္းတိုးတဲ့အခါ ဆိုင္ကယ္ပါ သယ္သြားရမွာလားလို႔ ေမးၾကတဲ့ fri ေတြအတြက္တင္ျပရင္း မိမိကဲ့သို႔ မသိေသးတဲ့သူေတြကိုလည္း တဆင့္စကားပါးရင္း အခ်င္းခ်င္း ဗဟုသုတမွ်ေဝေပးၾကပါခင္ဗ်ာ။
source ဒုရဲအုပ္ေဌးလြင္(ခ)ေနမ်ိဳးသူရ

Credit  \\  original
Unicode
“ဆိုင်ကယ်ပိုင်ရှင်တွေ အမြဲစိတ်ရှုပ်စိတ်ညစ်ရတာ လိုင်စင်သက်တမ်းတိုးတဲ့ ကိစ္စပါ။ အခုအခါမှာတော့ သင်ရဲ့ ဆိုင်ကယ်ကို ကြိုက်တဲ့ (ကညန) ရုံးမှာ သက်တမ်းတိုးနိုင်ပြီဆိုတဲ့ အကြောင်းလေးမျှဝေပေးလိုက်ပါတယ်နော် “
10.1.2019 မှစလို့ သက်တမ်းတိုးတာပဲဖြစ်ဖြစ် အပျောက်လျှောက်လို့ပဲဖြစ်ဖြစ် မူလမြန်မာအက္ခရာနှင့် ဖေါင်းကြွနံပါတ်ပြားအား အပ်နှံစေပြီး အသစ်ထုတ်ပေးတဲ့ အင်္ဂလိပ်အက္ခရာနံပါတ်ပြားမှာ ပုံပါအတိုင်း “ယ”နေရာမှာ “W” လို့ပြောင်းလဲပြီး
မူလလိုင်စင်ပြုလုပ်ရာ ပြည်နယ်/တိုင်း အမှတ်အသားဖြစ်တဲ့ NPW(နေပြည်တော်) MDY(မန္တလေး) MON(မွန်) KCN(ကချင်)SHAN(ရှမ်း) စသည်ဖြင့် မြို့အတိုကောက် အင်္ဂလိပ်စာလုံးလေးတွေ ဝှီးတက်တွင် မပါရှိသော်လည်း နံပါတ်ပြားမှာ ပါလာပါတယ်။
ဘယ်ပြည်နယ် ဘယ်တိုင်းမှာပဲ လိုင်စင်ဝင်ခဲ့ပေမဲ့ လုပ်ငန်းအခြေအနေအရ သွားလာလုပ်ကိုင်ကြတဲ့အခါ အဆိုပါဆိုင်ကယ်တွေဟာ နေရာဒေသ အသီးသီးကို ပျံနှံ့တည်ရှိသွားပါတယ်။ဒီအခါ သက်တမ်းကုန်လို့ လိုင်စင်သက်တမ်းပြန်တိုးတဲ့အခါ 1.9.2017 ရက်မှစ၍ မော်တော်ဆိုင်ကယ်များ သက်တမ်းတိုး ဆောင်ရွက်ရာတွင် ယာဉ်၏ကြံခိုင်မှုကိုပါ စစ်ဆေးပီးမှ သက်တမ်းတိုးခြင်းလုပ်ငန်း ဆောင်ရွက်မည်ဟု ဆိုထားတာကြောင့် မူလလိုင်စင် ဝင်ခဲ့တဲ့ရုံးကို ပြန်လာလုပ်ကြရတာမို့ ဆိုင်ကယ်ကြီး ပြန်သယ်ယူလာဖို့ ဒုက္ခတွေ ဖြစ်ကြပါတယ်။
ဒါပေမဲ့ သင့်ဆိုင်ကယ်ဟာ”ယ” ဒါမှမဟုတ် စောစောကပြောသလို”W”ဆိုခဲ့ရင်ဖြင့် သက်တမ်းတိုးဖို့ မူလလိုင်စင် လုပ်တဲ့နေရာထိ ဆိုင်ကယ်ကို ယူသွားစရာမလိုတော့ပဲ မိမိလက်ရှိတည်ရှိရာ ကညနမှာ ဆိုင်ကယ်ကိုစစ်လို့ မူလရုံးကိုစာရွက်စာတမ်း ပို့ပေးစေခြင်းဖြင့် သက်တမ်းတိုးခြင်းကို ဆောင်ရွက်နိုင်ပါတယ်။
(“ယ” “W”မဟုတ်တဲ့ ဆိုင်ကယ်တော့ မရပါ)။
သက်တမ်းတိုးတဲ့အခါ ဆိုင်ကယ်ပါ သယ်သွားရမှာလားလို့ မေးကြတဲ့ fri တွေအတွက်တင်ပြရင်း မိမိကဲ့သို့ မသိသေးတဲ့သူတွေကိုလည်း တဆင့်စကားပါးရင်း အချင်းချင်း ဗဟုသုတမျှဝေပေးကြပါခင်ဗျာ။
source ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

Credit  \\  original

Recent Updates

Recent Posts Widget