ကိုလူမင်းရဲ့မိခင် ကွယ်လွန်ခြင်း (၁၄) နှစ်ပြည့်မှာ ရတနာတွေ လှူဒါန်းခဲ့တယ်ဆိုတဲ့ ခင်စံပယ်ဦး





ပရိသတ်တွေက အန်ကယ်လေးဆိုပြီး ချစ်စနိုးခေါ်ကြတဲ့ အကယ်ဒမီ လူမင်းကတော့ သူချစ်ရတဲ့ အနုပညာကို အကောင်းဆုံးဖန်တီးပြီး ပရိသတ်ကို တာဝန်ကျေသူတစ်ဦးဖြစ်သလို ချစ်ရတဲ့ဇနီးနဲ့ သားသမီးတွေအပေါ်မှာလည်း တာဝန်ကျေပြွန်တဲ့ ဖခင်ကောင်း၊ ခင်ပွန်းကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ လူမင်းရဲ့ဇနီးချောလေး ခင်စံပယ်ဦးက ခင်ပွန်းဖြစ်သူရဲ့မိခင်ကြီး ကွယ်လွန်ခြင်း (၁၄) နှစ်ပြည့်မှာ ဗိုလ်တစ်ထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်မှာ ရတနာတွေ လှူဒါန်းခဲ့တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ဘာသာရေးကိုင်းရှိုင်းပြီး အေးချမ်းလွန်းတဲ့ ဇနီးချောလေးကို ပိုင်ဆိုင်ထားတဲ့ လူမင်းကတော့ အရမ်းကို ကံကောင်းလွန်းပါတယ်နော်။



မိုမိုလေးချစ်ပရိသတ်တွေအတွက် ခင်ပွန်းဖြစ်သူရဲ့မိခင်ကြီးအတွက် ရည်စူးပြီး ရတနာတွေ လှူဒါန်းခဲ့တဲ့ ဇနီးချောလေး ခင်စံပယ်ဦးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။



ခင်စံပယ်ဦးကတော့ “ကိုလူမင်းရဲ့မိခင်ကြီးကွယ်လွန်ခြင်း(၁၄)နှစ်ပြည့်တဲ့(4-6-2019)နေ့ကကွယ်လွန်သူမိခင်ကြီးဒေါ်ရီရီအားရည်စူးပြီးဗိုလ်တစ်ထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မှာလှူဒါန်းခဲ့တာလေးတပ်ဆင်ပြီးစီး🙏🙏🙏အမျှ အမျှ အမျှ 🙏🙏🙏အားလုံးထပ်တူကုသိုလ်ရကြပါစေ🙏🙏🙏” ဆိုပြီး သူမတို့ မိသားစုလေးရဲ့အလှူကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။



ဗိုလ်တစ်ထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်မှာ လူမင်းတို့ဇနီးမောင်နှံ လှူဒါန်းတပ်ဆင်ထားတဲ့ ရတနာပစ္စည်းတွေ…။



သရုပ်ဆောင်ပိုင်းမှာ ကျရာဇာတ်ရုပ်ကနေ အကောင်းဆုံး သရုပ်ဆောင်တတ်တဲ့ အကယ်ဒမီလူမင်းကတော့ လတ်တလောမှာလည်း အနုပညာအလုပ်တွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတယ်လို့ သိရပါတယ်။ လူမင်းပါဝင်သရုပ်ဆောင်ထားတဲ့ “လောဘနွံ” ရုပ်ရှင်ဇာတ်ကားကြီးကလည်း လာမယ့် ဇွန်လ ၂၇ ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးမှာ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း တန်ဖိုးကြီးတဲ့ ရတနာပစ္စည်းတွေကို လှူဒါန်းခဲ့တဲ့ လူမင်းတို့ မိသားစုလေးရဲ့အလှူကို သာဓုခေါ်သွားကြဖို့ မမေ့ပါနဲ့နော်။



Myint Myat
Source;Ayarwaddy Lu Min’s Facebook

Credit   \\   original

Recent Updates

Recent Posts Widget