လိမ္သြားၾကျပန္ၿပီ။ ဂ်ပန္မွာ အလုပ္ရမယ္ သိန္း ၅၀ ေပးရမယ္ဆုိၿပီး လူ ၅၀ စီက လိမ္သြားတာတဲ့




လိမ္သြားၾကျပန္ၿပီ။ ဂ်ပန္မွာ အလုပ္ရမယ္ သိန္း ၅၀ ေပးရမယ္ဆုိၿပီး လူ ၅၀ စီက လိမ္သြားတာတဲ့

ဂ်ပန္ႏုိင္ငံတြင္ အလုပ္ ရမည္ဆုိကာ အလုပ္သမား ၄၈ ဦးထံမွ တစ္ဦးလွ်င္ က်ပ္သိန္း ၅၀ စီလိမ္လည္ယူေဆာင္မႈႏွင့္ပတ္ သက္၍ ႏုိင္ငံ့အႀကီးအကဲမ်ား ထံတိုင္ၾကားမည္ဟု အဆုိပါအလုပ္သမားမ်ားက ေျပာသည္။

ယခုႏွစ္ ေဖေဖာ္၀ါရီတြင္ ဂ်ပန္ႏုိင္ငံရွိ ထမင္းဘူးစက္႐ုံ၌ သြားေရာက္ လုပ္ကိုင္ရမည္ဆုိ ကာ ဒဂုံၿမိဳ႕သစ္(ေျမာက္ပုိင္း)ၿမိဳ႕ နယ္ေန ေဒၚဇင္မီကုိဆုိသူက ၂၀၁၈ ကတည္းက အလုပ္သမား မ်ားစုေဆာင္းခဲ့ၿပီး ၀န္ေဆာင္ခကုိ အရစ္က်ခြဲ၍ ေတာင္းခံ ခဲ့ေၾကာင္း ၎တို႔က ဆုိသည္။


‘‘ႏွစ္လပိုင္းထြက္ရမယ္ေျပာ ၿပီး ဘာမွအေၾကာင္းမထူးလုိ႔ ေမးေတာ့ သုံးလပိုင္းလုိ႔ေျပာတယ္။ သုံးလပိုင္း ေရာက္ေတာ့ လည္း ေလးလပုိင္းဆုိၿပီး ထပ္ေရႊ႕တယ္။ ေနာက္ေတာ့ ကြၽန္ေတာ္တို႔ပုိက္ဆံ ျပန္ေတာင္းေတာ့ ငါးလပိုင္း ၇ ရက္ေန႔ ျပန္ေပး မယ္ဆုိၿပီး စာခ်ဳပ္ ခ်ဳပ္တယ္။ ဒါေပမဲ့လည္း အဲဒီေန႔ ေက်ာ္တဲ့အထိ ကြၽန္ေတာ္တို႔ပိုက္ ဆံျပန္မရဘူး’’ ဟု ေငြေပး သြင္း ထားခဲ့သည့္ ကုိေအာင္ရဲေနာင္က ေျပာသည္။

ထုိသု႔ိလိမ္လည္ခံရသည့္ အလုပ္သမား ၄၈ဦး တြင္ပါ၀င္သည့္ အလုပ္သမားအခ်ိဳ႕က ဇြန္လ ၂၁ ရက္တြင္ သတင္းစာ ရွင္းလင္းပြဲျပဳ လုပ္ကာ ၎တို႔ႀကံဳေတြ႕ရသည့္ အေျခအေနႏွင့္ရည္ရြယ္ခ်က္ကုိ ေျပာၾကားခဲ့သည္။ ေမလတြင္ ေဒၚဇင္မီကုိ အား ယခင္လိမ္လည္ခံရသည့္အလုပ္ သမားတစ္ဦးက လူကုန္ကူးမႈျဖင့္ တိုင္ၾကားခဲ့ရာ ဒဂုံၿမိဳ႕သစ္ (ေျမာက္ပုိင္း)ၿမိဳ႕နယ္ ထား၀ယ္ ေခ်ာင္ရဲစခန္းတြင္ ဖမ္းဆီးခ်ဳပ္ ေႏွာင္ထားသျဖင့္ ထပ္မံေတြ႕ဆုံ ခြင့့္မရေတာ့ေၾကာင္း အလုပ္သမားမ်ားက ဆုိသည္။

‘‘ကြၽန္ေတာ္လည္း ထား၀ယ္ ေခ်ာင္စခန္းမွာ ေမလအတြင္းက သြားတိုင္ထားေသးတယ္။ ဘယ္ လုိပုဒ္မတပ္ထားလဲေတာ့ မသိ ရေသးဘူး’’ ဟု အလုပ္သမား ကုိသန္းလြင္က ေျပာသည္။ ထုိသုိ႔လိမ္လည္ခံရျခင္းမ်ိဳး ထပ္မံမျဖစ္ေပၚေစရန္ႏွင့္ လိမ္ လည္သူကုိ ထိေရာက္စြာ အေရးယူေဆာင္ရြက္ေစလုိ၍ သတင္း စာရွင္းလင္းပြဲျပဳလုပ္ရျခင္းျဖစ္ သည္ဟု ၎တို႔က ဆုိသည္။

‘‘ျဖစ္ႏုိင္ရင္ေတာ့ ပါသြား တဲ့ပုိက္ဆံေတြျပန္ရခ်င္တာေပါ့။ ဒီအေျခအေနမွာ ဒါကလည္း မလြယ္ေတာ့ဘူးဆုိတာနားလည္ ပါတယ္။ ထိေရာက္တဲ့အေရးယူ အျပစ္ေပးခံရတာကုိ အဓိကလုိ ခ်င္ပါတယ္’’ ဟု ကုိေအာင္ရဲ ေနာင္က ေျပာသည္။

ေဒၚဇင္မီကုိသည္ ျပည္ပသုိ႔ အလုပ္သမားေစလႊတ္ခြင့္လုိင္စင္ ရရွိထားျခင္းမရွိဘဲ အလုပ္သမား စုေဆာင္း၍ ေငြေၾကး ရယူေနျခင္း ျဖစ္ကာ အလုပ္သမားၫႊန္ၾကား ေရးဦးစီးဌာနထံ အဆုိပါျဖစ္ရပ္ ႏွင့္ပတ္သက္၍ စာျဖင့္တိုင္ၾကား ထားသည္ ဟု အလုပ္သမားမ်ား က ဆုိသည္။

‘‘လာမယ့္အဂၤါေန႔ (ဇြန္လ ၂၅ ရက္)မွာ ႏုိင္ငံေတာ္သမၼတ၊ ႏုိင္ငံေတာ္အတုိင္ပင္ခံ၊ ျပည္ထဲ ေရး၀န္ႀကီးဌာန၊ အလုပ္သမား ၀န္ႀကီးဌာနစတဲ့သက္ဆိုင္တဲ့ဆီ ေတြကုိ စာပုိ႔တိုင္ၾကားသြားဖုိ႔ လည္းရွိပါတယ္’’ ဟု ယင္းအလုပ္သမားမ်ားအေရး ကူညီ ေဆာင္ရြက္ေနသည့္ဦးစုိးမင္းဦးက ေျပာသည္။ ေဒၚဇင္မီကုိအား အမႈဖြင့္အ ေရးယူထားမႈအေျခအေနႏွင့္ပတ္ သက္၍ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း) ၿမိဳ႕နယ္ ထား၀ယ္ေခ်ာင္ရဲစခန္း သုိ႔ ဆက္သြယ္ေမးျမန္းေသာ္ လည္း ဆက္သြယ္မရေပ။

Credit – 7Day Daily (ေလးစားမႈျဖင့္ ခရက္ဒစ္)

Unicode

လိမ်သွားကြပြန်ပြီ။ ဂျပန်မှာ အလုပ်ရမယ် သိန်း ၅၀ ပေးရမယ်ဆိုပြီး လူ ၅၀ စီက လိမ်သွားတာတဲ့

ဂျပန်နိုင်ငံတွင် အလုပ် ရမည်ဆိုကာ အလုပ်သမား ၄၈ ဦးထံမှ တစ်ဦးလျှင် ကျပ်သိန်း ၅၀ စီလိမ်လည်ယူဆောင်မှုနှင့်ပတ် သက်၍ နိုင်ငံ့အကြီးအကဲများ ထံတိုင်ကြားမည်ဟု အဆိုပါအလုပ်သမားများက ပြောသည်။

ယခုနှစ် ဖေဖော်ဝါရီတွင် ဂျပန်နိုင်ငံရှိ ထမင်းဘူးစက်ရုံ၌ သွားရောက် လုပ်ကိုင်ရမည်ဆို ကာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့ နယ်နေ ဒေါ်ဇင်မီကိုဆိုသူက ၂၀၁၈ ကတည်းက အလုပ်သမား များစုဆောင်းခဲ့ပြီး ၀န်ဆောင်ခကို အရစ်ကျခွဲ၍ တောင်းခံ ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

‘‘နှစ်လပိုင်းထွက်ရမယ်ပြော ပြီး ဘာမှအကြောင်းမထူးလို့ မေးတော့ သုံးလပိုင်းလို့ပြောတယ်။ သုံးလပိုင်း ရောက်တော့ လည်း လေးလပိုင်းဆိုပြီး ထပ်ရွှေ့တယ်။ နောက်တော့ ကျွန်တော်တို့ပိုက်ဆံ ပြန်တောင်းတော့ ငါးလပိုင်း ရ ရက်နေ့ ပြန်ပေး မယ်ဆိုပြီး စာချုပ် ချုပ်တယ်။ ဒါပေမဲ့လည်း အဲဒီနေ့ ကျော်တဲ့အထိ ကျွန်တော်တို့ပိုက် ဆံပြန်မရဘူး’’ ဟု ငွေပေး သွင်း ထားခဲ့သည့် ကိုအောင်ရဲနောင်က ပြောသည်။

ထိုသို့လိမ်လည်ခံရသည့် အလုပ်သမား ၄၈ဦး တွင်ပါ၀င်သည့် အလုပ်သမားအချို့က ဇွန်လ ၂၁ ရက်တွင် သတင်းစာ ရှင်းလင်းပွဲပြု လုပ်ကာ ၎င်းတို့ကြုံတွေ့ရသည့် အခြေအနေနှင့်ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။ မေလတွင် ဒေါ်ဇင်မီကို အား ယခင်လိမ်လည်ခံရသည့်အလုပ် သမားတစ်ဦးက လူကုန်ကူးမှုဖြင့် တိုင်ကြားခဲ့ရာ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် ထားဝယ် ချောင်ရဲစခန်းတွင် ဖမ်းဆီးချုပ် နှောင်ထားသဖြင့် ထပ်မံတွေ့ဆုံ ခွင့့်မရတော့ကြောင်း အလုပ်သမားများက ဆိုသည်။

‘‘ကျွန်တော်လည်း ထားဝယ် ချောင်စခန်းမှာ မေလအတွင်းက သွားတိုင်ထားသေးတယ်။ ဘယ် လိုပုဒ်မတပ်ထားလဲတော့ မသိ ရသေးဘူး’’ ဟု အလုပ်သမား ကိုသန်းလွင်က ပြောသည်။ ထိုသို့လိမ်လည်ခံရခြင်းမျိုး ထပ်မံမဖြစ်ပေါ်စေရန်နှင့် လိမ် လည်သူကို ထိရောက်စွာ အရေးယူဆောင်ရွက်စေလို၍ သတင်း စာရှင်းလင်းပွဲပြုလုပ်ရခြင်းဖြစ် သည်ဟု ၎င်းတို့က ဆိုသည်။

‘‘ဖြစ်နိုင်ရင်တော့ ပါသွား တဲ့ပိုက်ဆံတွေပြန်ရချင်တာပေါ့။ ဒီအခြေအနေမှာ ဒါကလည်း မလွယ်တော့ဘူးဆိုတာနားလည် ပါတယ်။ ထိရောက်တဲ့အရေးယူ အပြစ်ပေးခံရတာကို အဓိကလို ချင်ပါတယ်’’ ဟု ကိုအောင်ရဲ နောင်က ပြောသည်။

ဒေါ်ဇင်မီကိုသည် ပြည်ပသို့ အလုပ်သမားစေလွှတ်ခွင့်လိုင်စင် ရရှိထားခြင်းမရှိဘဲ အလုပ်သမား စုဆောင်း၍ ငွေကြေး ရယူနေခြင်း ဖြစ်ကာ အလုပ်သမားညွှန်ကြား ရေးဦးစီးဌာနထံ အဆိုပါဖြစ်ရပ် နှင့်ပတ်သက်၍ စာဖြင့်တိုင်ကြား ထားသည် ဟု အလုပ်သမားများ က ဆိုသည်။

‘‘လာမယ့်အင်္ဂါနေ့ (ဇွန်လ ၂၅ ရက်)မှာ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ၊ ပြည်ထဲ ရေးဝန်ကြီးဌာန၊ အလုပ်သမား ၀န်ကြီးဌာနစတဲ့သက်ဆိုင်တဲ့ဆီ တွေကို စာပို့တိုင်ကြားသွားဖို့ လည်းရှိပါတယ်’’ ဟု ယင်းအလုပ်သမားများအရေး ကူညီ ဆောင်ရွက်နေသည့်ဦးစိုးမင်းဦးက ပြောသည်။ ဒေါ်ဇင်မီကိုအား အမှုဖွင့်အ ရေးယူထားမှုအခြေအနေနှင့်ပတ် သက်၍ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် ထားဝယ်ချောင်ရဲစခန်း သို့ ဆက်သွယ်မေးမြန်းသော် လည်း ဆက်သွယ်မရပေ။

7Day Daily (လေးစားမှုဖြင့် ခရက်ဒစ်)

Recent Updates

Recent Posts Widget