“တံုးအတဲ့ ေယာက္်ားနဲ႔ ထက္ျမတ္တဲ့ ေယာက္်ားရဲ.စရိုက္လကၡဏာမ်ား …”




တံုးအတဲ့ ေယာက္်ားနဲ႔ ထက္ျမတ္တဲ့ ေယာက္်ား

တံုးအတဲ႔ ေယာက္်ားက မိန္းမကို အသာစီးရခ်င္တယ္ထက္ျမတ္တဲ့ ေယာက္်ားက မိန္းမအေပၚ သေဘာထားႀကီး အေလွ်ာ့ေပးတတ္တယ္…

တံုးအတဲ့ ေယာက္်ားက မိန္းမရဲ႕အားနည္းခ်က္ေတြကို ျမင္တိုင္း စိတ္ပ်က္လြယ္တယ္ထက္ျမတ္တဲ့ ေယာက္်ားက မိန္းမရဲ႕ အရည္အခ်င္းကို ရွာႀကံ အသိအမွတ္ျပဳ ခ်ီးမြမ္းတတ္တယ္။

တံုးအတဲ့ ေယာက္်ားက မိန္းမနဲ႔ အခ်ိန္ေနရာ မခြဲဘဲ ျငင္းခံု ရန္ျဖစ္တယ္လူပံုအလယ္မွာ မိန္းမကို မ်က္ႏွာသာ မဲ႔ေစ တယ္…

ထက္ျမတ္တဲ့ ေယာက္်ားကလူပံုအလယ္မွာ မိန္းမကို မ်က္ႏွာသာ ရေစတယ္ဆံုးမ ေျပာဆိုစရာရွိရင္ ႏွစ္ကိုယ္ၾကားသာ ေျပာဆိုတယ္ …

တံုးအတဲ႔ ေယာက္်ားက မိတ္ေဆြ အေပါင္းအသင္းေတြက “မယားေၾကာက္” လို႔ ခနဲ႔တာကိုမခံႏိုင္ဘဲ မိန္းမအေပၚႏိုင္စားျပ ခ်င္တယ္…

ကိုယ့္ဘဝ လက္တြဲေဖာ္ဟာကိုယ့္မိန္းမသာ ျဖစ္တယ္ဆိုတာ သူေမ့ေနလို႔ ျဖစ္မယ္ထက္ျမတ္တဲ့ ေယာက္်ားကေတာ့ အေပါင္းအသင္းေတြက ခနဲ႔ရင္ေတာင္ ဂရုမစိုက္ဘဲယုယၿမဲ ယုယတယ္…



ကိုယ့္ဘဝအတြက္ ဆိုးတူေကာင္းဖက္ဟာ ကိုယ့္မိန္းမဘဲလို႔သူနားလည္လို႔ ျဖစ္တယ္တံုးအတဲ႔ ေယာက္်ားကမိန္းမရဲ႕အတိတ္ေဟာင္းကို ခဏခဏ တူးဆြၿပီး ျပႆနာ ရွာတယ္…

ထက္ျမတ္တဲ့ ေယာက္်ားက မိန္းမနဲ႔အတူ ေပ်ာ္ရႊင္သာယာတဲ႔အနာဂတ္ ဖန္တီးဖို႔ပဲ ႀကိဳးစားတယ္တံုးအတဲ႔ ေယာက္်ားက မိန္းမရဲ႕အမွားကို အေသ ဆုပ္ကိုင္ၿပီး ႏိုင္ကြက္အျဖစ္ အသံုးခ်တယ္

ထက္ျမတ္တဲ့ ေယာက္်ားက မိန္းမရဲ႕အမွားကို ခြင့္လႊတ္ၿပီး ေမတၱာနဲ ႔ ျပဳျပင္ေျပာင္းလဲဖို႔ ႀကိဳးစားတယ္တံုးအတဲ႔ ေယာက္်ားက “နင္ထြက္သြား မသြားရင္ ငါသြားမယ္” လို႔ဆိုတယ္။

ထက္ျမတ္တဲ့ ေယာက္်ားက”ငါတို႔ ဘယ္ေတာ့မွ ဘာ အေၾကာင္းနဲ႔မွ မခြဲၾကဘူး”လို႔ ဆိုတယ္တံုးအတဲ႔ေယာက္်ားကမိန္းမကို သဝန္တို ခ်ဳပ္ခ်ယ္တယ္။

ထက္ျမတ္တဲ႔ ေယာက္်ားက မိန္းမကို ယံုၾကည္မႈ ေပးၿပီး ခ်စ္ေမတၱာနဲ႔ စိတ္ေအးလက္ေအး ခ်ည္ေႏွာင္ထားတယ္တံုးအတဲ့ ေယာက္်ားကကိုယ္ေတာ္ကိုယ္တတ္ေၾကာင္းသာ ဦးစားေပး အေလးထားတယ္…

ထက္ျမတ္တဲ့ ေယာက္်ားက မိန္းမဆီက ကိုယ္ မသိေသးတာေတြကို ေလ့လာသင္ယူတယ္တံုးအတဲ့ ေယာက္်ားကမိန္းမ ကိုယ့္အနားက တစ္ဖဝါးမွ မခြာရင္ စိတ္က်ဥ္းက်ပ္ ေမာင္းထုတ္ တယ္။

ထက္ျမတ္တဲ့ ေယာက္်ားက ဘုရားသြား ေက်ာင္းတက္ တူစံုေမာင္ႏွံ တတြဲတြဲ သြားလာရတာကို ပီတိျဖစ္တတ္ဂုဏ္ယူတတ္တယ္။

တံုးအတဲ့ ေယာက္်ားက စီးပြားသာ ရွာၿပီး မိန္းမအေပၚ ယုယၾကင္နာမႈ ေပးရမွာ ပ်င္းတယ္ အပိုအလုပ္လို႔ ယူဆတယ္ထက္ျမတ္တဲ့ ေယာက္်ားက စီးပြားလဲ ရွာတယ္ မိန္းမအေပၚ ယုယၾကင္နာမႈ ေပးတယ္။

တံုးအတဲ့ ေယာက္်ားကမိန္းမကို စိုးရိမ္ ပူပန္မႈနဲ႔ စိတ္ဖိစီးမႈ ေတြေပးတယ္ထက္ျမတ္တဲ့ ေယာက္်ားက မိန္းမကို စိတ္အားထက္သန္မႈနဲ႔ ေပ်ာ္ရႊင္မႈကို ေပးတယ္။

တံုးအတဲ့ ေယာက္်ားက သူ႔ရဲ႕ဇာတ္ရွဳပ္ေတြေဖာက္ျပန္မႈေတြနဲ႔ မိန္းမကို မ်က္ရည္ က်ေစတယ္ထက္ျမတ္တဲ့

ေယာက္်ားက ေအာင္ျမင္တဲ႔ မိသားစု ဘဝကို တည္ေဆာက္ၿပီး မိန္းမကို ၿပံဳးရယ္ေစတယ္။

Credit – မူရင္းေရးသူ

တုံးအတဲ့ ယောက်ျားနဲ့ ထက်မြတ်တဲ့ ယောက်ျား …

တုံးအတဲ့ ယောက်ျားက မိန်းမကို အသာစီးရချင်တယ်ထက်မြတ်တဲ့ ယောက်ျားက မိန်းမအပေါ် သဘောထားကြီး အလျှော့ပေးတတ်တယ်။

တုံးအတဲ့ ယောက်ျားက မိန်းမရဲ့အားနည်းချက်တွေကို မြင်တိုင်း စိတ်ပျက်လွယ်တယ်ထက်မြတ်တဲ့

ယောက်ျားက မိန်းမရဲ့ အရည်အချင်းကို ရှာကြံ အသိအမှတ်ပြု ချီးမွမ်းတတ်တယ်…

တုံးအတဲ့ ယောက်ျားက မိန်းမနဲ့ အချိန်နေရာ မခွဲဘဲ ငြင်းခုံ ရန်ဖြစ်တယ်လူပုံအလယ်မှာ မိန်းမကို မျက်နှာသာ မဲ့စေ တယ်။

ထက်မြတ်တဲ့ ယောက်ျားကလူပုံအလယ်မှာ မိန်းမကို မျက်နှာသာ ရစေတယ်ဆုံးမ ပြောဆိုစရာရှိရင် နှစ်ကိုယ်ကြားသာ ပြောဆိုတယ် …

တုံးအတဲ့ ယောက်ျားက မိတ်ဆွေအပေါင်းအသင်းတွေက “မယားကြောက်” လို့ ခနဲ့တာကိုမခံနိုင်ဘဲ

မိန်းမအပေါ်နိုင်စားပြ ချင်တယ်ကိုယ့်ဘဝ လက်တွဲဖော်ဟာကိုယ့်မိန်းမသာ ဖြစ်တယ်ဆိုတာ သူမေ့နေလို့ ဖြစ်မယ်…

ထက်မြတ်တဲ့ ယောက်ျားကတော့ အပေါင်းအသင်းတွေက ခနဲ့ရင်တောင် ဂရုမစိုက်ဘဲယုယမြဲ ယုယတယ်ကိုယ့်ဘဝအတွက်

ဆိုးတူကောင်းဖက်ဟာ ကိုယ့်မိန်းမဘဲလို့သူနားလည်လို့ ဖြစ်တယ်…

တုံးအတဲ့ ယောက်ျားကမိန်းမရဲ့အတိတ်ဟောင်းကို ခဏခဏ တူးဆွပြီး ပြဿနာ ရှာတယ်ထက်မြတ်တဲ့

ယောက်ျားက မိန်းမနဲ့အတူ ပျော်ရွှင်သာယာတဲ့အနာဂတ် ဖန်တီးဖို့ပဲ ကြိုးစားတယ်။

တုံးအတဲ့ ယောက်ျားက မိန်းမရဲ့အမှားကို အသေ ဆုပ်ကိုင်ပြီး နိုင်ကွက်အဖြစ် အသုံးချတယ်ထက်မြတ်တဲ့

ယောက်ျားက မိန်းမရဲ့အမှားကို ခွင့်လွှတ်ပြီး မေတ္တာနဲ ့ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားတယ်…



တုံးအတဲ့ ယောက်ျားက “နင်ထွက်သွား မသွားရင် ငါသွားမယ်” လို့ဆိုတယ်ထက်မြတ်တဲ့ ယောက်ျားက”ငါတို့ ဘယ်တော့မှ ဘာ အကြောင်းနဲ့မှ မခွဲကြဘူး”လို့ ဆိုတယ်။

တုံးအတဲ့ယောက်ျားကမိန်းမကို သဝန်တို ချုပ်ချယ်တယ်ထက်မြတ်တဲ့ ယောက်ျားက မိန်းမကို ယုံကြည်မှု ပေးပြီး ချစ်မေတ္တာနဲ့ စိတ်အေးလက်အေး ချည်နှောင်ထားတယ်…

တုံးအတဲ့ ယောက်ျားကကိုယ်တော်ကိုယ်တတ်ကြောင်းသာ ဦးစားပေး အလေးထားတယ်ထက်မြတ်တဲ့ ယောက်ျားက မိန်းမဆီက ကိုယ် မသိသေးတာတွေကို လေ့လာသင်ယူတယ်…

တုံးအတဲ့ ယောက်ျားကမိန်းမ ကိုယ့်အနားက တစ်ဖဝါးမှ မခွာရင် စိတ်ကျဉ်းကျပ် မောင်းထုတ် တယ္…

ထက်မြတ်တဲ့ ယောက်ျားက ဘုရားသွား ကျောင်းတက် တူစုံမောင်နှံ တတွဲတွဲ သွားလာရတာကို ပီတိဖြစ်တတ် ….ဂုဏ်ယူတတ်တယ်။

တုံးအတဲ့ ယောက်ျားက စီးပွားသာ ရှာပြီး မိန်းမအပေါ် ယုယကြင်နာမှု ပေးရမှာ ပျင်းတယ်

အပိုအလုပ်လို့ ယူဆတယ်ထက်မြတ်တဲ့ ယောက်ျားက စီးပွားလဲ ရှာတယ်မိန်းမအပေါ် ယုယကြင်နာမှု ပေးတယ်။

တုံးအတဲ့ ယောက်ျားကမိန်းမကို စိုးရိမ် ပူပန်မှုနဲ့ စိတ်ဖိစီးမှု တွေပေးတယ်ထက်မြတ်တဲ့ ယောက်ျားကမိန်းမကို စိတ်အားထက်သန်မှုနဲ့ ပျော်ရွှင်မှုကို ပေးတယ်။

တုံးအတဲ့ ယောက်ျားက သူ့ရဲ့ဇာတ်ရှုပ်တွေဖောက်ပြန်မှုတွေနဲ့ မိန်းမကို မျက်ရည် ကျစေတယ်ထက်မြတ်တဲ့

ယောက်ျားက အောင်မြင်တဲ့ မိသားစု ဘဝကို တည်ဆောက်ပြီးမိန်းမကို ပြုံးရယ်စေတယ်။

Credit – မူရင်းရေးသူ


Recent Updates

Recent Posts Widget