မန္တလေးပရိသတ်တွေပေးတဲ့ လက်ဆောင်တွေကို တန်ဖိုးထားပြီး ရန်ကုန်ထိပြန်သယ်သွားတဲ့ ဝတ်မှုံရွှေရည်





ပရိသတ်တွေချစ်တဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က သရုပ်ဆောင်ကောင်းပြီး ဖက်ရှင်ကျကျဝတ်တတ်တဲ့ မင်းသမီးလေးအဖြစ် နာမည်ကြီးသူလေးပါ။ ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ ဝတ်မှုံရွှေရည်က ယခုအချိန်ထိတိုင် အောင်မြင်မှုတွေများစွာ ဆွတ်ခူးရရှိနေသူလေးလဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က လက်ရှိမှာလည်း နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေသူလေးဖြစ်ပါတယ်။



ဝတ်မှုံရွှေရည်က ဒီနေ့မှာတော့ မင်းသားချောပြေတီဦးနဲ့အတူတူ မန္တလေးမြို့မှာ ကျင်းပတဲ့ “နှစ်ပတ်အလို” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ လက်မှတ်ထိုးပွဲကို တက်ရောက်ခဲ့ပါတယ်။ ဝတ်မှုံရွှေရည်နဲ့ ပြေတီဦးကို ချစ်ကြတဲ့ ပရိသတ်တွေကလည်း တစ်ခဲနက် လာရောက်အားပေးကြတာကို တွေ့ရပါတယ်။


ဝတ်မှုံရွှေရည်က မန္တလေးပရိသတ်တွေနဲ့ တွေ့ဆုံရင်း ပရိသတ်တွေပေးတဲ့ ပန်းစည်းတွေ၊ လက်ဆောင်တွေကို တန်ဖိုးထားပြီး ရန်ကုန်မှာရှိတဲ့ သူမရဲ့အိမ်အထိ ပြန်သယ်သွားခဲ့တယ်လို့ ဆိုပါတယ်။


စကားတွေတောင် မှားကုန်ပြီတဲ့ 🤣😘


မန္တလေးပရိသတ်တွေကို ကျေးဇူးတင်စကားပြောခဲ့တဲ့ ဝတ်မှုံရွှေရည်

ဝတ်မှုံရွှေရည်ကတော့ မန္တလေးပရိသတ်တွေရဲ့ မေတ္တာတွေ စေတနာတွေကို အသိအမှတ်ပြု လေးစားသူလေးဖြစ်ပါတယ်။ ပရိသတ်တွေကချစ်တဲ့ မင်းသမီးနဲ့ မင်းသမီးကချစ်တဲ့ ပရိသတ်တွေရဲ့ မေတ္တာအသွားအပြန်ကတော့ ကြည်နူးစရာပါပဲ။ .

Rowena
Source: Wutt Hmone Shwe Yi’s ig

Credit   \\  original

Recent Updates

Recent Posts Widget