တစ္ဖက္ကစားသမားႏွင့္ တိုက္မိၿပီးေနာက္ သတိလစ္လဲက်ခဲ့တဲ့ ဂိုးသမားေက်ာ္ဇင္ထက္ သတိျပန္ရ





တစ္ဖက္ကစားသမားႏွင့္ တိုက္မိၿပီးေနာက္ သတိလစ္လဲက်ခဲ့သည့္ဂိုးသမားေက်ာ္ဇင္ထက္ သတိျပန္ရ

ေတာင္ႀကီးေဘာလုံးကြင္း၌ ရွမ္းယူႏိုက္တက္အသင္း ႏွင့္ ရန္ကုန္ယူႏိုက္အသင္းတို႔ ယေန႔ညေနပိုင္းက ယွဥ္ၿပိဳင္ကစားခဲ့ သည့္ျမန္မာေနရွင္နယ္လိဂ္ ေဘာလုံးပြဲစဥ္တြင္ သတိလစ္ေမ့လဲေနခဲ့ေသာရန္ကုန္ယူႏိုက္တက္အသင္းမွ ျမန္မာ့လက္ေ႐ြးစင္ဂိုးသမား ေက်ာ္ဇင္ထက္ ျပန္လည္ သတိရလာၿပီ ျဖစ္ေၾကာင္းသိရသည္။


ေက်ာ္ဇင္ထက္သည္ ပြဲခ်ိန္၄၁မိနစ္၌ တစ္ဖက္ကစားသမား
ဇင္မင္ထြန္းႏွင့္ ေဘာလုံးၿပိဳင္ခုန္လုယူစဥ္ ထိခိုက္မိခဲ့ျခင္းျဖစ္ၿပီး
ေဆးကုသမႈမ်ားခံယူၿပီးေနာက္ ပြဲကိုဆက္လက္ကစားေနခဲ့သည္။ သို႔ေသာ္လည္း ပြဲကစားေနစဥ္အတြင္း ပထမပိုင္းနာက်င္အခ်ိန္ပို ၄၆ မိနစ္၌ ဂိုးေရွ႕၌ သတိလစ္၍ လဲက်ေနခဲ့သျဖင့္ အေေရးပၚကုသမႈမ်ားျပလုပ္ရျခင္း ျဖစ္သည္။

ေက်ာ္ဇင္ထက္အား ကြင္းအတြင္း၌ ၅မိနစ္ခန္႔အၾကာ အေရးေပၚကုသ မႈမ်ားျပဳလုပ္ခဲ့ၿပီးေနာက္ အေရးေပၚကားျဖင့္ ေဆးရုံးသို႔ေခၚေဆာင္သြားခဲ့ကာ ေဆးကုသမႈမ်ားျပဳလုပ္ခဲ့ရျခင္း ျဖစ္ၿပီး ယခုအခါသတိျပန္ရလာျခင္း ျဖစ္သည္။

မိုင္းေစာလြင္
ဓာတ္ပုံ-Win Thu Moe Fb

Credit  \\  original

Unicode ျဖင့္ဖတ္ရန္

တစ်ဖက်ကစားသမားနှင့် တိုက်မိပြီးနောက် သတိလစ်လဲကျခဲ့သည့်ဂိုးသမားကျော်ဇင်ထက် သတိပြန်ရ

တောင်ကြီးဘောလုံးကွင်း၌ ရှမ်းယူနိုက်တက်အသင်း နှင့် ရန်ကုန်ယူနိုက်အသင်းတို့ ယနေ့ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့ သည့်မြန်မာနေရှင်နယ်လိဂ် ဘောလုံးပွဲစဉ်တွင် သတိလစ်မေ့လဲနေခဲ့သောရန်ကုန်ယူနိုက်တက်အသင်းမှ မြန်မာ့လက်ရွေးစင်ဂိုးသမား ကျော်ဇင်ထက် ပြန်လည် သတိရလာပြီ ဖြစ်ကြောင်းသိရသည်။

ကျော်ဇင်ထက်သည် ပွဲချိန်၄၁မိနစ်၌ တစ်ဖက်ကစားသမား

ဇင်မင်ထွန်းနှင့် ဘောလုံးပြိုင်ခုန်လုယူစဉ် ထိခိုက်မိခဲ့ခြင်းဖြစ်ပြီး

ဆေးကုသမှုများခံယူပြီးနောက် ပွဲကိုဆက်လက်ကစားနေခဲ့သည်။ သို့သော်လည်း ပွဲကစားနေစဉ်အတွင်း ပထမပိုင်းနာကျင်အချိန်ပို ၄၆ မိနစ်၌ ဂိုးရှေ့၌ သတိလစ်၍ လဲကျနေခဲ့သဖြင့် အေရေးပါ်ကုသမှုများပြလုပ်ရခြင်း ဖြစ်သည်။

ကျော်ဇင်ထက်အား ကွင်းအတွင်း၌ ၅မိနစ်ခန့်အကြာ အရေးပေါ်ကုသ မှုများပြုလုပ်ခဲ့ပြီးနောက် အရေးပေါ်ကားဖြင့် ဆေးရုံးသို့ခေါ်ဆောင်သွားခဲ့ကာ ဆေးကုသမှုများပြုလုပ်ခဲ့ရခြင်း ဖြစ်ပြီး ယခုအခါသတိပြန်ရလာခြင်း ဖြစ်သည်။

မိုင်းစောလွင်

ဓာတ်ပုံ-Win Thu Moe Fb

Credit  \\  original

Recent Updates

Recent Posts Widget