သူခိုးေတြ ရန္သူေတြကပါ ဦးညႊတ္ခဲ့ရတဲ့ ျမန္မာ့အႏုပညာရွင္ၾကီး ၃ ဦးတို ့ရဲ႕ ျဖစ္ရပ္ဆန္း
( ၁ )
လွည္းတန္း မီးပိြဳင့္အနီးက ယာဥ္တိုက္မွဳ
ဝုန္းခနဲ အသံနဲ႔အတူတစ္ဖက္ကားေပၚက လူငယ္တစ္စုတုတ္ေတြ ဓားေတြနဲ႔ ယာဥ္ေၾကာမွားၿပီး ေမာင္းလာတဲ့ကားသမားကိုေဆာ္ပေလာ္တီးဖို႔ ေဒါသေတြနဲ႔ ေျပးဆင္းလာတယ္
တစ္ဖက္ကားေပၚက လူတစ္ေယာက္လည္းေဘ့စ္ေဘာ ႐ိုက္တံနဲ႔အတူ ဆင္းလာတယ္…လူေတြ အံုခဲၿပီ း ၾကည့္ေနတယ္ေဆာ္ၾကေတာ့မယ္ေပါ့
ဒါမယ့္
” ဟာ အကိုရယ္ဘယ္လိုျဖစ္တာလဲဗ်ာ ” ဆိုၿပီးတစ္ဖက္လူက တုတ္ကို ပုခံုးေပၚ တင္ရင္းေဘ့စ္ေဘာ႐ိုက္တံနဲ႔ဆင္းလာသူကိုလက္ဆြဲ ႏွဳတ္ဆက္လိုက္တယ္
ေဘ့စ္ေဘာ႐ိုက္တံနဲ႔ဆင္းလာသူကကိုငွက္ ( ခ ) ထူးအိမ္သင္
“က်ေနာ္တို႔က အကို ့ရဲ့ ပရိတ္သတ္ပါ ” ဆိုၿပီးဆိုင္တစ္ဆိုင္ အတူထိုင္ရင္းရယ္ရယ္ေမာေမာနဲ႔စကားလက္ဆံုက်လို႔ေပါ့
ရန္ပြဲမျဖစ္ပဲမိတ္ဆက္ပြဲျဖစ္သြားတဲ့ ယာဥ္တိုက္မွဳ
*****Edit***** 👇👇👇
(#စာေရးဆရာ နီကိုရဲ ကိုေတာ့ ဘီယာဆိုင္ေရာက္မွ သိသြားၾကတယ္…..ကိုဌက္နဲ႔ဆရာနီကိုရဲ လမ္းေၾကာင္းမွားၿပီး ယာဥ္တိုက္မႈ ျဖစ္တာပါ) မူရင္းေရးသားသူ Edit မလုပ္မိျခင္းကို လုပ္ေပးထားျခင္း😁 #AK 🔥🔥🔥
( ၂ )
တခါကအေပါင္ဆိုင္တစ္ဆိုင္ကိုစက္ဘီးတစ္စီးလာေပါင္တာနဲ႔ဆိုင္႐ွင္ကအေပါင္ခံထားလိုက္တယ္
သူ ဒီ ဘီးကို ရင္းရင္းနီးနီးသိတယ္သိလို႔လည္း လက္ခံလိုက္တာ…ဘီး လာေပါင္တဲ့သူဟာခိုးလာတာပဲျဖစ္ရမယ္…
သူ ခ်က္ခ်င္းပဲလိပ္စာတစ္ခုကို အျမန္စံုစမ္းၿပီးေနာက္ရက္ဘီး ပိုင္႐ွင္႐ွိရာ အိမ္ေလးဆီကိုအဲ့ဘီးေလး ယူသြားတယ္…ေရာက္ပါၿပီ…အဲ့ဒီအိမ္ေလးကစိုင္းထီးဆိုင္ရဲ႕ အိမ္
” အကိုေရ ကိုထီးဆိုင္ ႐ွိလားခင္ဗ် ”
” ေအာ္ ဘာကိစၥလဲခင္ဗ် ”
” ဟာကိုထီးေတြ႔ရတာ ဝမ္းသာတယ္ဗ်ာဒါ ကိုထီးရဲ႕ စက္ဘီးေလး မလား ”
” အိုဟုတ္တာေပါ့ေပ်ာက္ေနလို႔ လိုက္႐ွာမရ ျဖစ္ေနတာ “ဘယ္ကေတြ႔တာလဲ ခင္ဗ် ”
” ဒီလို အကိုေရအကို႔ဘီးက ခိုးခံရတာ ထင္ပါတယ္လူတစ္ေယာက္ က်ေနာ့္ဆီ လာေပါင္လို႔အကို႔ဘီးေလးမွန္းသိၿပီး ယူထားလိုက္တာ ”
” ေက်းဇူးတင္လိုက္တာဗ်ာ ”
” ရပါတယ္ ကိုထီးရယ္က်ေနာ္က ကိုထီး အမာခံ ပရိတ္သတ္ပါသီခ်င္းေတြ အကုန္ နားေထာင္ျဖစ္တယ္….ဘီးနံပါတ္ Ok 0122 L ဆိုတဲ့ သီခ်င္းေလးေၾကာင့္ကိုထီးဆီကို ဘီးေလး ျပန္လာပို႔တာပါ ”
( ၃ )
ညက တိတ္ဆိတ္ေနသည္ခမ္းနားထည္ဝါတဲ့ တိုက္ႀကီးထဲတြင္အရိပ္တစ္ခုက ပိရိေသသပ္စြာ လွဳပ္႐ွားလွ်က္
ထိုသူမွာ သူခိုးျဖစ္သည္အဖိုးတန္ပစၥည္းမ်ားစြာလည္း သူ႔လက္ထဲကအထုပ္ထဲမွာ ယူၿပီးေနၿပီ
တိတ္ဆိတ္စြာ ျပန္လည္ထြက္ခြာရန္အခန္းတစ္ခန္းကိုျဖတ္သြားေလေတာ့သည္…ထိုအခ်ိန္မထင္မွတ္တဲ့ ျမင္ကြင္းတစ္ခုကို ျမင္လိုက္ရသျဖင့္ အထုပ္မ်ားကို ျပန္ ခ်ကာစာတစ္ေစာင္ ေရး၍ စားပြဲေပၚ တင္လိုက္သည္
ၿပီးလ်ွင္လက္ဗလာနဲ႔ ထြက္ေျပးသြားေလေတာ့သည္
သို႔
ခ်စ္ခင္ေလးစားရပါေသာမင္းသားႀကီးခင္ဗ်ာ…က်ေနာ္ ညက မင္းသားရဲ႕အိမ္ကိုခိုးဝင္တဲ့သူခိုးျဖစ္ပါတယ္
ပစၥည္းေတာ္ေတာ္မ်ားမ်ား ရၿပီးမွဧည့္ခန္းက အကို႕ရဲ႕ ဓာတ္ပံုေတြ ျမင္မိၿပီးမင္းသားရဲ့ အိမ္မွန္း သိလိုက္ရလို႔ပစၥည္းေတြ အကုန္ ျပန္ထားခဲ့ပါတယ္….ဘာလို့လဲဆိုေတာ့ က်ေနာ္သိပ္ခ်စ္တဲ့မင္းသားျဖစ္ေနလို႔ပါပဲ…က်ေနာ့္ကိုလည္း ခြင့္လႊတ္ပါ အကို
အကိုလည္း က်န္းမာခ်မ္းသာပါေစ..အမ်ားႀကီးလည္း ေအာင္ျမင္ပါေစ
..
စာဆံုးတာနဲ႔ႏွဳတ္ခမ္းေလး ေကြးၿပီးျပံဲးလိုက္တဲ့ မင္းသားကေတာ့က်ေနာ္တို႔ အားလံုး သိပ္ခ်စ္တဲ့ ကိုသားႀကီး ( ခ ) ေဒြး ျဖစ္ပါတယ္
**
ျဖစ္ရပ္မွန္ေတြသာ ျဖစ္ပါတယ္..ၾကားဖူးတာနဲ႔ ေရးျပတာ အနည္းငယ္ လြဲတာပါရင္လည္း..ေထာက္ျပေဝဖန္ေပးပါ
ဒီပို႔စ္ရဲ႕ ရည္ရြယ္ခ်က္ကေတာ့႐ွင္းပါတယ္
” အႏုပညာသမား စစ္စစ္ဆိုတာ ဘယ္လိုလူမ်ိဳးလဲ ”
ကားေပၚက ဆင္းလာလို႔ဝိုင္း႐ိုက္ခံရမယ့္ အခ်ိဳးမ်ိဳးကိုယ့္အိမ္မွန္းသိလို႔မီးပါ ႐ွိဳ႕သြားမယ့္ အခ်ိဳးမ်ိဳးေတြနဲ႔ေတာ့
” အႏုပညာ ” လို႔ ေခါင္းစဥ္ မတပ္ၾကပါနဲ႔လား ။ ။
#Crd
Unicode
( ၁ )
လှည်းတန်း မီးပွိုင့်အနီးက ယာဉ်တိုက်မှု
ဝုန်းခနဲ အသံနဲ့အတူတစ်ဖက်ကားပေါ်က လူငယ်တစ်စုတုတ်တွေ ဓားတွေနဲ့ ယာဉ်ကြောမှားပြီး မောင်းလာတဲ့ကားသမားကိုဆော်ပလော်တီးဖို့ ဒေါသတွေနဲ့ ပြေးဆင်းလာတယ်
တစ်ဖက်ကားပေါ်က လူတစ်ယောက်လည်းဘေ့စ်ဘော ရိုက်တံနဲ့အတူ ဆင်းလာတယ်…လူတွေ အုံခဲပြီ း ကြည့်နေတယ်ဆော်ကြတော့မယ်ပေါ့
ဒါမယ့်
” ဟာ အကိုရယ်ဘယ်လိုဖြစ်တာလဲဗျာ ” ဆိုပြီးတစ်ဖက်လူက တုတ်ကို ပုခုံးပေါ် တင်ရင်းဘေ့စ်ဘောရိုက်တံနဲ့ဆင်းလာသူကိုလက်ဆွဲ နှုတ်ဆက်လိုက်တယ်
ဘေ့စ်ဘောရိုက်တံနဲ့ဆင်းလာသူကကိုငှက် ( ခ ) ထူးအိမ်သင်
“ကျနော်တို့က အကို့ရဲ့ ပရိတ်သတ်ပါ ” ဆိုပြီးဆိုင်တစ်ဆိုင် အတူထိုင်ရင်းရယ်ရယ်မောမောနဲ့စကားလက်ဆုံကျလို့ပေါ့
ရန်ပွဲမဖြစ်ပဲမိတ်ဆက်ပွဲဖြစ်သွားတဲ့ ယာဉ်တိုက်မှု
*****Edit***** 👇👇👇
(#စာရေးဆရာ နီကိုရဲ ကိုတော့ ဘီယာဆိုင်ရောက်မှ သိသွားကြတယ်…..ကိုဌက်နဲ့ဆရာနီကိုရဲ လမ်းကြောင်းမှားပြီး ယာဉ်တိုက်မှု ဖြစ်တာပါ) မူရင်းရေးသားသူ Edit မလုပ်မိခြင်းကို လုပ်ပေးထားခြင်း😁 #AK 🔥🔥🔥
( ၂ )
တခါကအပေါင်ဆိုင်တစ်ဆိုင်ကိုစက်ဘီးတစ်စီးလာပေါင်တာနဲ့ဆိုင်ရှင်ကအပေါင်ခံထားလိုက်တယ်
သူ ဒီ ဘီးကို ရင်းရင်းနီးနီးသိတယ်သိလို့လည်း လက်ခံလိုက်တာ…ဘီး လာပေါင်တဲ့သူဟာခိုးလာတာပဲဖြစ်ရမယ်…
သူ ချက်ချင်းပဲလိပ်စာတစ်ခုကို အမြန်စုံစမ်းပြီးနောက်ရက်ဘီး ပိုင်ရှင်ရှိရာ အိမ်လေးဆီကိုအဲ့ဘီးလေး ယူသွားတယ်…ရောက်ပါပြီ…အဲ့ဒီအိမ်လေးကစိုင်းထီးဆိုင်ရဲ့ အိမ်
” အကိုရေ ကိုထီးဆိုင် ရှိလားခင်ဗျ ”
” အော် ဘာကိစ္စလဲခင်ဗျ ”
” ဟာကိုထီးတွေ့ရတာ ဝမ်းသာတယ်ဗျာဒါ ကိုထီးရဲ့ စက်ဘီးလေး မလား ”
” အိုဟုတ်တာပေါ့ပျောက်နေလို့ လိုက်ရှာမရ ဖြစ်နေတာ “ဘယ်ကတွေ့တာလဲ ခင်ဗျ ”
” ဒီလို အကိုရေအကို့ဘီးက ခိုးခံရတာ ထင်ပါတယ်လူတစ်ယောက် ကျနော့်ဆီ လာပေါင်လို့အကို့ဘီးလေးမှန်းသိပြီး ယူထားလိုက်တာ ”
” ကျေးဇူးတင်လိုက်တာဗျာ ”
” ရပါတယ် ကိုထီးရယ်ကျနော်က ကိုထီး အမာခံ ပရိတ်သတ်ပါသီချင်းတွေ အကုန် နားထောင်ဖြစ်တယ်….ဘီးနံပါတ် Ok 0122 L ဆိုတဲ့ သီချင်းလေးကြောင့်ကိုထီးဆီကို ဘီးလေး ပြန်လာပို့တာပါ ”
( ၃ )
ညက တိတ်ဆိတ်နေသည်ခမ်းနားထည်ဝါတဲ့ တိုက်ကြီးထဲတွင်အရိပ်တစ်ခုက ပိရိသေသပ်စွာ လှုပ်ရှားလျှက်
ထိုသူမှာ သူခိုးဖြစ်သည်အဖိုးတန်ပစ္စည်းများစွာလည်း သူ့လက်ထဲကအထုပ်ထဲမှာ ယူပြီးနေပြီ
တိတ်ဆိတ်စွာ ပြန်လည်ထွက်ခွာရန်အခန်းတစ်ခန်းကိုဖြတ်သွားလေတော့သည်…ထိုအချိန်မထင်မှတ်တဲ့ မြင်ကွင်းတစ်ခုကို မြင်လိုက်ရသဖြင့် အထုပ်များကို ပြန် ချကာစာတစ်စောင် ရေး၍ စားပွဲပေါ် တင်လိုက်သည်
ပြီးလျှင်လက်ဗလာနဲ့ ထွက်ပြေးသွားလေတော့သည်
သို့
ချစ်ခင်လေးစားရပါသောမင်းသားကြီးခင်ဗျာ…ကျနော် ညက မင်းသားရဲ့အိမ်ကိုခိုးဝင်တဲ့သူခိုးဖြစ်ပါတယ်
ပစ္စည်းတော်တော်များများ ရပြီးမှဧည့်ခန်းက အကို့ရဲ့ ဓာတ်ပုံတွေ မြင်မိပြီးမင်းသားရဲ့ အိမ်မှန်း သိလိုက်ရလို့ပစ္စည်းတွေ အကုန် ပြန်ထားခဲ့ပါတယ်….ဘာလို့လဲဆိုတော့ ကျနော်သိပ်ချစ်တဲ့မင်းသားဖြစ်နေလို့ပါပဲ…ကျနော့်ကိုလည်း ခွင့်လွှတ်ပါ အကို
အကိုလည်း ကျန်းမာချမ်းသာပါစေ..အများကြီးလည်း အောင်မြင်ပါစေ
..
စာဆုံးတာနဲ့နှုတ်ခမ်းလေး ကွေးပြီးပြံဲးလိုက်တဲ့ မင်းသားကတော့ကျနော်တို့ အားလုံး သိပ်ချစ်တဲ့ ကိုသားကြီး ( ခ ) ဒွေး ဖြစ်ပါတယ်
**
ဖြစ်ရပ်မှန်တွေသာ ဖြစ်ပါတယ်..ကြားဖူးတာနဲ့ ရေးပြတာ အနည်းငယ် လွဲတာပါရင်လည်း..ထောက်ပြဝေဖန်ပေးပါ
ဒီပို့စ်ရဲ့ ရည်ရွယ်ချက်ကတော့ရှင်းပါတယ်
” အနုပညာသမား စစ်စစ်ဆိုတာ ဘယ်လိုလူမျိုးလဲ ”
ကားပေါ်က ဆင်းလာလို့ဝိုင်းရိုက်ခံရမယ့် အချိုးမျိုးကိုယ့်အိမ်မှန်းသိလို့မီးပါ ရှို့သွားမယ့် အချိုးမျိုးတွေနဲ့တော့
” အနုပညာ ” လို့ ခေါင်းစဉ် မတပ်ကြပါနဲ့လား ။ ။
#Crd





