“႐ိုက္ကူးေရးနားရင္ ဂ်ဴနီယာျမင့္ျမတ္ေလးကိုသြားခ်ီတယ္ဆိုတဲ့ ခိုင္သင္းၾကည္”
ခုိင္သင္းၾကည္က ၿပဳံးခ်ဳိရုိက္ကြင္းေပၚကုိ ေရာက္ေနတဲ့ ဂ်ဴနီယာျမင့္ျမတ္ေလးကုိ အားတဲ့အခ်ိန္တုိင္း သြားခ်ီျဖစ္တယ္လုိ႔ ဆုိပါတယ္။ အရမ္းခ်စ္ဖုိ႔ေကာင္းတဲ့အေၾကာင္းေတြလည္း ေျပာျပခဲ့ပါတယ္။
ခုိင္သင္းၾကည္က ဂ်ဴနီယာျမင့္ျမတ္ေလး ဘယ္ေလာက္အထိ ခ်စ္ဖုိ႔ေကာင္းတဲ့အေၾကာင္းေတြ ေျပာျပလာပါတယ္။ ဂ်ဴနီယာျမင့္ျမတ္ေလးဟာ ေဖေဖ ေမေမ တုိ႔နဲ႔ အတူ ‘’ၿပဳံးခ်ဳိ’’ ရုိက္ကြင္းကုိ ေရာက္ရွိေနတာျဖစ္ပါတယ္။
‘’ ျမင့္ျမတ္သားက အရမ္းေခ်ာတာေနာ္။ လုံးဝကုိ ေခ်ာတာေနာ္။ အခု ဒီမွာ ပါလာတယ္။ သူ႔ကုိ သြားသြားခ်ီရတာ သိလား။ ငါ့ေနာက္ကုိလည္း လုိက္တယ္ေတာ္။ ေတာ္ေတာ္ေခ်ာတာပါေတာ့။ ၁၀ လသားကုိ ခ်ီရတာ ၂ ႏွစ္သားေလာက္ရွိတယ္’’ လုိ႔ သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ဇြန္ ၁၇ ရက္ေန႔ ည ၆ နာရီေက်ာ္က Facebook Live လႊင့္ရင္း ရယ္ရယ္ေမာေမာနဲ႔ ေျပာျပလာပါတယ္။
လက္ရွိမွာေတာ့ ခုိင္သင္းၾကည္ဟာ ၿပဳံးခ်ဳိ ဆုိတဲ့ ရုပ္ရွင္ဇာတ္ကားကုိ ေမၿမိဳ႕မွာ ဇြန္လ ၉ ရက္ေန႔ကတည္းက ရုိက္ကူးေနတာျဖစ္ပါတယ္။ ဒီဇာတ္ကားကုိေတာ့ ဒါရုိက္တာ ကုိေဇာ္(အရုဏ္ဦး) က ရုိက္ကူးပုံေဖာ္ေနတာပါ။ ဒီဇာတ္ကားထဲမွာ သရုပ္ေဆာင္ ခုိင္သင္းၾကည္နဲ႔ အတူ ျမင့္ျမတ္၊ ေအးဝတ္ရည္ေသာင္းတုိ႔ကလည္း ပါဝင္သရုပ္ေဆာင္ေနတာျဖစ္ပါတယ္။
ျမင့္ျမတ္ရဲ႕ သားေလးကေတာ့ ၁၀ ေက်ာ္ေက်ာ္ေလးသာရွိပါေသးတယ္။ ခ်စ္စရာေကာင္းတဲ့ အမူအရာေလးေတြ ေၾကာင့္လည္း ပရိသတ္ေတြက သဲသဲလႈပ္ခ်စ္ၾကတာပါ။ သူ႔ကုိေတာ့ ေဖေဖ ျမင့္ျမတ္ရဲ႕ သားျဖစ္လုိ႔ ဂ်ဴနီယာျမင့္ျမတ္လုိ႔ ခ်စ္စႏိုးေခၚၾကပါတယ္။ နာမည္အရင္းကုိေတာ့ ျမတ္သူလုိ႔ နာမည္ေပးထားပါတယ္။ ဂ်ဴနီယာျမင့္ျမတ္ေလးကုိေတာ့ ၂၀၁၈ ခုႏွစ္ ၾသဂုတ္လ ၇ ရက္ေန႔က ဝိတုိရိယ ေဆးရုံမွာ ျမင့္ျမတ္ဇနီးျဖစ္သူ မခင္သူေအာင္က ေမြးဖြားခဲ့တာျဖစ္ပါတယ္။
ခိုင္သင္းၾကည္ဟာ က်ရာဇာတ္ရုပ္ကို ပီျပင္စြာ သရုပ္ေဆာင္ႏုိင္သူ တစ္ဦးျဖစ္ၿပီ ့ပရိသတ္မ်ားရဲ႕ ခ်စ္ခင္အားေပးမႈကို ရရွိထားသူလည္း ျဖစ္ပါတယ္။၂၀၁၃ခုႏွစ္က စုန္းျပဴး ရုပ္ရွင္ဇာတ္ကားႀကီးနဲ႕ အေကာင္းဆံုး အမ်ိဳးသမီးဇာတ္ပို႕ဆုကို ရရွိထားသူ တစ္ဦးျဖစ္ၿပီး ၂၀၁၄ခုႏွစ္မွာ ေကာင္းက်ိဳးကိုယ္၌တည္ေစမင္း ရုပ္ရွင္ဇာတ္ကား နဲ႕ ေကာင္းဆံုးအမ်ိဳး သမီးဇာတ္ေဆာင္ဆုကို ရရွိခဲ့သူလည္း ျဖစ္ပါတယ္။
Credit: Duwun
Unicode Version
ခိုင်သင်းကြည်က ပြုံးချိုရိုက်ကွင်းပေါ်ကို ရောက်နေတဲ့ ဂျူနီယာမြင့်မြတ်လေးကို အားတဲ့အချိန်တိုင်း သွားချီဖြစ်တယ်လို့ ဆိုပါတယ်။ အရမ်းချစ်ဖို့ကောင်းတဲ့အကြောင်းတွေလည်း ပြောပြခဲ့ပါတယ်။
ခိုင်သင်းကြည်က ဂျူနီယာမြင့်မြတ်လေး ဘယ်လောက်အထိ ချစ်ဖို့ကောင်းတဲ့အကြောင်းတွေ ပြောပြလာပါတယ်။ ဂျူနီယာမြင့်မြတ်လေးဟာ ဖေဖေ မေမေ တို့နဲ့ အတူ ‘’ပြုံးချို’’ ရိုက်ကွင်းကို ရောက်ရှိနေတာဖြစ်ပါတယ်။
‘’ မြင့်မြတ်သားက အရမ်းချောတာနော်။ လုံးဝကို ချောတာနော်။ အခု ဒီမှာ ပါလာတယ်။ သူ့ကို သွားသွားချီရတာ သိလား။ ငါ့နောက်ကိုလည်း လိုက်တယ်တော်။ တော်တော်ချောတာပါတော့။ ၁၀ လသားကို ချီရတာ ၂ နှစ်သားလောက်ရှိတယ်’’ လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဇွန် ၁၇ ရက်နေ့ ည ၆ နာရီကျော်က Facebook Live လွှင့်ရင်း ရယ်ရယ်မောမောနဲ့ ပြောပြလာပါတယ်။
လက်ရှိမှာတော့ ခိုင်သင်းကြည်ဟာ ပြုံးချို ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို မေမြို့မှာ ဇွန်လ ၉ ရက်နေ့ကတည်းက ရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) က ရိုက်ကူးပုံဖော်နေတာပါ။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် ခိုင်သင်းကြည်နဲ့ အတူ မြင့်မြတ်၊ အေးဝတ်ရည်သောင်းတို့ကလည်း ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။
မြင့်မြတ်ရဲ့ သားလေးကတော့ ၁၀ ကျော်ကျော်လေးသာရှိပါသေးတယ်။ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေ ကြောင့်လည်း ပရိသတ်တွေက သဲသဲလှုပ်ချစ်ကြတာပါ။ သူ့ကိုတော့ ဖေဖေ မြင့်မြတ်ရဲ့ သားဖြစ်လို့ ဂျူနီယာမြင့်မြတ်လို့ ချစ်စနိုးခေါ်ကြပါတယ်။ နာမည်အရင်းကိုတော့ မြတ်သူလို့ နာမည်ပေးထားပါတယ်။ ဂျူနီယာမြင့်မြတ်လေးကိုတော့ ၂၀၁၈ ခုနှစ် သြဂုတ်လ ၇ ရက်နေ့က ဝိတိုရိယ ဆေးရုံမှာ မြင့်မြတ်ဇနီးဖြစ်သူ မခင်သူအောင်က မွေးဖွားခဲ့တာဖြစ်ပါတယ်။
ခိုင်သင်းကြည်ဟာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်ပြီ့ပရိသတ်များရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။၂၀၁၃ခုနှစ်က စုန်းပြူး ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပြီး ၂၀၁၄ခုနှစ်မှာ ကောင်းကျိုးကိုယ်၌တည်စေမင်း ရုပ်ရှင်ဇာတ်ကား နဲ့ ကောင်းဆုံးအမျိုး သမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။
Credit: Duwun





