ကျူရှင်လုံးဝမယူဘဲ တက္ကသိုလ်ဝင်တန်း ၀ိဇ္ဇာဘာသာတွဲမှာ အမှတ်အများဆုံးရရှိခဲ့တဲ့ သူ မသဇင်ဝင်း





ဝိဇ္ဇာဘာသာတွဲ – မသဇင်ဝင်း၊ ရမှတ်စုစုပေါင်း ၄၉၃ (အထက၊ ကောက်တဲ့ရိုး၊ ကျုံပျော်၊ ဧရာဝတီတိုင်းဒေသကြီး)

ဧရာဝတီတိုင်း ကျုံပျော်မြို့ နယ် တောက်တဲ့ရိုးက ၂၀၁၉ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ၀ိဇ္ဇာဘာသာတွဲ မှာ အမှတ်အများဆုံးနဲ့ အောင်မြင်ခဲ့သူ မသဇင်ဝင်းက ပြင်ပ ကျူရှင် မယူခဲ့ဘဲ အောင်မြင်ခဲ့သူ ဖြစ်တယ်လို့ မိဘတွေက ဘီဘီစီကို ပြောပါတယ်။

မသိတဲ့စာတွေကို ကျောင်းက ဆရာမတွေကိုမေးခဲ့တယ်၊ တစ်နေ့ စာ တစ်နေ့ ပြီးအောင် ဖတ်လို့ အခုလို ဂုဏ်ထူးနဲ့ ထူးထူးချွန်ချွန် အောင်ခဲ့တာလို့ ဆိုပါတယ်။





မသဇင်ဝင်းက ကလေးတွေကို စာပြန် သင်ပေးချင်လို့ ဆရာမဖြစ်ချင် ပြီး ပညာရေး တက္ကသိုလ် ဆရာ အတတ်သင် တက်ပြီး ဘီအီးဒီ ဘွဲ့ယူနိုင်ဖို့ ရည်မှန်းထားတယ်လို့ မသဇင်ဝင်းက ပြောပါတယ်။




Credit-ဘီဘီစီ

Recent Updates

Recent Posts Widget