ဗုိလ္ႀကီးေဟာင္းေနမ်ဳိးဇင္ရဲ႕ သားျဖစ္သူေမာင္ေအာင္သန္ ့ဇင္ ၅ ဘာသာဂုဏ္ထူးျဖင့္ ေအာင္ျမင္….




အမ်ားျပည္သူအက်ိဳးပ်က္စီးေစမႈ ၊ႏုိင္ငံေတာ္အၾကည္ညိဳပ်က္ ေစမႈ ပုဒ္မ ၅၀၅(က)(ခ)ျဖင့္ တပ္မေတာ္၏တရားစြဲဆိုခဲ့ျခင္းခံထားရသည့္ ဗိုလ္ႀကီးေဟာင္းေနမ်ိဳးဇင္၏သားျဖစ္သူ ေမာင္ေအာင္သန္႔ဇင္မွာယေန ့(ဇြန္ ၈ )တြင္ထုတ္ျပန္ခဲ့သည့္ ၂၀၁၈-၁၉ တကၠသိုလ္ဝင္တန္းစာေမးပြဲေအာင္စာရင္းတြင္ ၅ ဘာသာဂုဏ္ထူးျဖင့္ေအာင္ျမင္ခဲ့ေၾကာင္းသိရသည္။

ဗိုလ္ၾကီးေဟာင္း ေနမ်ိဳးဇင္သည္ ဧၿပီ ၂ ရက္ေန႔ ညေနပိုင္းက အေဖ်ာက္ၿမိဳ႕ရွိ ဗိုလ္ခ်ဳပ္ေၾကးရုပ္အနီးတြင္ ျပဳလုပ္ခဲ့သည့္ ၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒျပင္ဆင္ေရး ေဟာေျပာပြဲမွ ေျပာၾကားခ်က္မ်ားႏွင့္ပတ္သက္၍ တပ္မေတာ္၏ တရားစြဲဆိုမွု ့ကို ခံခဲ့ရျခင္းျဖစ္သည္။


ယမန္ေန ့( ဇြန္ ၇ ရက္ေန႔ )က တိုက္ၾကီးတရားရံုးတြင္ ဗိုလ္ၾကီးေဟာင္း ေနမ်ိဳးဇင္ကို ၅ ၾကိမ္ေျမာက္ရံုးထုတ္ခဲ့ရာတြင္ လိူင္သာယာ၊ေရႊျပည္သာ၊သန္လ်င္၊တိုက္ႀကီးႏွင့္အေဖ်ာက္ၿမဳိ႕မ်ားမွ ျပည္သူမ်ားက “တပ္မေတာ္၏ တရားစြဲဆိုမႈမ်ား ရုပ္သိမ္းေပးပါ” စာသားပါအက်ၤ ီမ်ားကိုဝတ္ဆင္ကာ လာေရာက္ဝန္းရံခဲ့ၾကသလို တာဝန္ရွိသူမ်ားကလည္း လံုျခံဳေရးတင္းက်ပ္စြာ ခ်ထားခဲ့သည္ကို ေတြ ့ရသည္။


Credit-The Ladies

Unicode ျဖင့္ဖတ္ရန္

အများပြည်သူအကျိုးပျက်စီးစေမှု ၊နိုင်ငံတော်အကြည်ညိုပျက် စေမှု ပုဒ်မ ၅၀၅(က)(ခ)ဖြင့် တပ်မတော်၏တရားစွဲဆိုခဲ့ခြင်းခံထားရသည့် ဗိုလ်ကြီးဟောင်းနေမျိုးဇင်၏သားဖြစ်သူ မောင်အောင်သန့်ဇင်မှာယနေ ့(ဇွန် ၈ )တွင်ထုတ်ပြန်ခဲ့သည့် ၂၀၁၈-၁၉ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းတွင် ၅ ဘာသာဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ကြောင်းသိရသည်။


ဗိုလ်ကြီးဟောင်း နေမျိုးဇင်သည် ဧပြီ ၂ ရက်နေ့ ညနေပိုင်းက အဖျောက်မြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်အနီးတွင် ပြုလုပ်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဟောပြောပွဲမှ ပြောကြားချက်များနှင့်ပတ်သက်၍ တပ်မတော်၏ တရားစွဲဆိုမှု ့ကို ခံခဲ့ရခြင်းဖြစ်သည်။

ယမန်နေ ့( ဇွန် ၇ ရက်နေ့ )က တိုက်ကြီးတရားရုံးတွင် ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ၅ ကြိမ်မြောက်ရုံးထုတ်ခဲ့ရာတွင် လိူင်သာယာ၊ရွှေပြည်သာ၊သန်လျင်၊တိုက်ကြီးနှင့်အဖျောက်မြို့များမှ ပြည်သူများက “တပ်မတော်၏ တရားစွဲဆိုမှုများ ရုပ်သိမ်းပေးပါ” စာသားပါအကျၤ ီများကိုဝတ်ဆင်ကာ လာရောက်ဝန်းရံခဲ့ကြသလို တာဝန်ရှိသူများကလည်း လုံခြုံရေးတင်းကျပ်စွာ ချထားခဲ့သည်ကို တွေ ့ရသည်။

Credit-The Ladies

Recent Updates

Recent Posts Widget