“ေျမြျဖတ္တာေတြ႕က ခရီးရွည္ရ”
ကိုယ္သြားေနတဲ့ လမ္းခရီးတစ္ခုမွာ မိမိသြားေနတဲ့လမ္းကို ေရွ႕မွေန၍ ေျမြျဖတ္သြားတာေတြ႕လိုက္ရင္ မိမိသြားေနတဲ့ ခရီးကပိုရွည္တတ္တယ္လို႔ သိရပါတယ္။
အခုလည္း Italo Nascimento Fernandes တို႔ လင္မယား ႏွစ္ေယာက္ဟာ သူတို႔ သြားေနတဲ့ အေ၀းေျပးလမ္းမႀကီးေပၚမွာ အျမန္ေမာင္းႏွင္ေနခဲ့ရာမွ အမွတ္မထင္ဘဲ သူတို႔ေမာင္းႏွင္လာရာကားအေရွ႕မွေန၍ လမ္းကိုျဖတ္ကူးေနတဲ့ ေျမြႀကီးတစ္ေကာင္ကိုေတြ႔လိုက္ရတဲ့ ခဏမွာပဲ အလန္႔တၾကားနဲ႔ ကားကိုရပ္လိုက္ရတဲ့အျဖစ္ေလး ဘရာဇီးႏိုင္ငံမွာျဖစ္ပ်က္ခဲ့တာကို ျပန္လည္မွ်ေ၀သိေစခ်င္ပါတယ္။
သူတို႔လင္မယားေတြ႔ခဲ့တဲ့ အဲဒီေျမြႀကီးဟာanaconda ေျမြအမ်ိဳးအစားျဖစ္ကာ နက္နဲတဲ့ ေတာထဲမွထြက္လာၿပီး အေနာက္ဖက္ ေတာအုပ္ရွိရာအရပ္ကို အစရွာဖို႔ ျဖတ္သြားတာျဖစ္တယ္လို႔သိရပါတယ္။ အဲဒီေလာက္ႀကီးမားတဲ့ ေျမြႀကီးကို ျမင္လိုက္ရတဲ့ ခဏအေတာအတြင္းမွာသူတို႔လင္မယားႏွစ္ေယာက္ဟာ အေၾကာက္အလန္႔မရွိ ဆင္းၾကည့္ခဲ့ၿပီး၊ ဒီေျမြႀကီးအႏၱရာယ္ကင္းစြာျဖတ္သြားႏိုင္ဖို႔အတြက္ တျခားကားေတြကိုပါ အက်ိဳးအေၾကာင္းေျပာျပေပးကာ လမ္းရွင္းေပးခဲ့တယ္လို႔သိရပါတယ္။ သတၱိကေတာ့ေခသူမ်ားမဟုတ္တာသိသာပါတယ္။
ဒီလိုလမ္းေၾကာင္းရွင္းေပးတဲ့ သူတို႔ေမာင္ႏွံ အတြက္ေတာ့ ဆက္သြားဖို႔ရွိေနတဲ့ သူတို႔ခရီးေလးမွာသာယာ ေျဖာင္းျဖဴးမႈ အေပါင္းနဲ႔ျပည့္စံု သြားေပမယ့္ ခရီးရွည္တစ္ခုအျဖစ္ေျပာင္းလဲေတာ့မယ္ဆိုတာသိသာေနပါတယ္။ ေနာက္ကားမ်ားဟာလည္း ေရွ႕ဆက္မေမာင္းၾကေတာ့ဘဲ ကားေတြကိုရပ္ထားေပးကာ ဓာတ္ပံုမ်ားအမိအရရိုက္ယူခဲ့ၾကတဲ့ ဒီအျဖစ္အပ်က္ေလးတစ္ခုမွာ သူတို႔လင္မယားနဲ႔အတူ ကားေတြရပ္ေပးၿပီး ေျမြႀကီးကိုေဘးကင္းေအာင္လုပ္ေပးခဲ့တဲ့ ဇနီးေမာင္ႏွံအေနနဲ႔လည္း အၾကင္နားတရားျပည့္၀တဲ့သူေတြ ျဖစ္တာမို႔ သူတို႔ဆက္သြားၾကမယ့္လမ္းခရီးဟာလည္း ေကာင္းေသာခရီးရွည္ႀကီးျဖစ္ပါေစလို႔ဆုေတာင္းေပးရင္း ဒီေနရာမွာပဲနိဂံုးခ်ဳပ္လိုက္ခ်င္ပါတယ္။
မိတ္ေဆြတို႔လည္းလမ္းသြားတဲ့အခါ ေရွ႔ကို ေလာၿပီးမသြားလာၾကပါနဲ႔ အဲဒီလိုေျမြအႀကီးမ်ိဳးမဟုတ္ေတာင္ ေျမြေတြ႕ရင္မသတ္မိေအာင္ ေရွာင္သြားႏိုင္ဖို႔ သတိေပးခ်င္ပါတယ္။
Credit \\ original
(Unicode Version)
ကိုယ်သွားနေတဲ့ လမ်းခရီးတစ်ခုမှာ မိမိသွားနေတဲ့လမ်းကို ရှေ့မှနေ၍ မြွေဖြတ်သွားတာတွေ့လိုက်ရင် မိမိသွားနေတဲ့ ခရီးကပိုရှည်တတ်တယ်လို့ သိရပါတယ်။
အခုလည်း Italo Nascimento Fernandes တို့ လင်မယား နှစ်ယောက်ဟာ သူတို့ သွားနေတဲ့ အဝေးပြေးလမ်းမကြီးပေါ်မှာ အမြန်မောင်းနှင်နေခဲ့ရာမှ အမှတ်မထင်ဘဲ သူတို့မောင်းနှင်လာရာကားအရှေ့မှနေ၍ လမ်းကိုဖြတ်ကူးနေတဲ့ မြွေကြီးတစ်ကောင်ကိုတွေ့လိုက်ရတဲ့ ခဏမှာပဲ အလန့်တကြားနဲ့ ကားကိုရပ်လိုက်ရတဲ့အဖြစ်လေး ဘရာဇီးနိုင်ငံမှာဖြစ်ပျက်ခဲ့တာကို ပြန်လည်မျှဝေသိစေချင်ပါတယ်။
သူတို့လင်မယားတွေ့ခဲ့တဲ့ အဲဒီမြွေကြီးဟာanaconda မြွေအမျိုးအစားဖြစ်ကာ နက်နဲတဲ့ တောထဲမှထွက်လာပြီး အနောက်ဖက် တောအုပ်ရှိရာအရပ်ကို အစရှာဖို့ ဖြတ်သွားတာဖြစ်တယ်လို့သိရပါတယ်။ အဲဒီလောက်ကြီးမားတဲ့ မြွေကြီးကို မြင်လိုက်ရတဲ့ ခဏအတောအတွင်းမှာသူတို့လင်မယားနှစ်ယောက်ဟာ အကြောက်အလန့်မရှိ ဆင်းကြည့်ခဲ့ပြီး၊ ဒီမြွေကြီးအန္တရာယ်ကင်းစွာဖြတ်သွားနိုင်ဖို့အတွက် တခြားကားတွေကိုပါ အကျိုးအကြောင်းပြောပြပေးကာ လမ်းရှင်းပေးခဲ့တယ်လို့သိရပါတယ်။ သတ္တိကတော့ခေသူများမဟုတ်တာသိသာပါတယ်။
ဒီလိုလမ်းကြောင်းရှင်းပေးတဲ့ သူတို့မောင်နှံ အတွက်တော့ ဆက်သွားဖို့ရှိနေတဲ့ သူတို့ခရီးလေးမှာသာယာ ဖြောင်းဖြူးမှု အပေါင်းနဲ့ပြည့်စုံ သွားပေမယ့် ခရီးရှည်တစ်ခုအဖြစ်ပြောင်းလဲတော့မယ်ဆိုတာသိသာနေပါတယ်။ နောက်ကားများဟာလည်း ရှေ့ဆက်မမောင်းကြတော့ဘဲ ကားတွေကိုရပ်ထားပေးကာ ဓာတ်ပုံများအမိအရရိုက်ယူခဲ့ကြတဲ့ ဒီအဖြစ်အပျက်လေးတစ်ခုမှာ သူတို့လင်မယားနဲ့အတူ ကားတွေရပ်ပေးပြီး မြွေကြီးကိုဘေးကင်းအောင်လုပ်ပေးခဲ့တဲ့ ဇနီးမောင်နှံအနေနဲ့လည်း အကြင်နားတရားပြည့်ဝတဲ့သူတွေ ဖြစ်တာမို့ သူတို့ဆက်သွားကြမယ့်လမ်းခရီးဟာလည်း ကောင်းသောခရီးရှည်ကြီးဖြစ်ပါစေလို့ဆုတောင်းပေးရင်း ဒီနေရာမှာပဲနိဂုံးချုပ်လိုက်ချင်ပါတယ်။
မိတ်ဆွေတို့လည်းလမ်းသွားတဲ့အခါ ရှေ့ကို လောပြီးမသွားလာကြပါနဲ့ အဲဒီလိုမြွေအကြီးမျိုးမဟုတ်တောင် မြွေတွေ့ရင်မသတ်မိအောင် ရှောင်သွားနိုင်ဖို့ သတိပေးချင်ပါတယ်။
Credit \\ original




