ထိုင္းႏိုင္ငံသား တစ္ဦးကို.. က်ည္မ်ိဳးစံ အေတာင့္ ၆၀၀ ေက်ာ္နဲ႔အတူ ..တာခ်ီလိတ္မွာ ဖမ္းမိ
မိုင္းလင္းၿမိဳ႕ဘက္ကေန တာခ်ီလိတ္ၿမိဳ႕ဘက္ကို ေမာင္းႏွင္လာတဲ့ ဆိုင္ကယ္တစ္စီးကို မယ္ယန္းဂိတ္မွာ တားဆီးစစ္ေဆးရာကေန က်ည္မ်ိဳးစံု အေတာင့္ ၆၀၀ေက်ာ္နဲ႔အတူ ထိုင္းႏိုင္ငံသားတစ္ဦးကို ဇြန္လ ၂၂ရက္ ညေနပိုင္းက ဖမ္းဆီးရမိပါတယ္။
ထိုင္းႏိုင္ငံသား အာႏြတ္ခ်ိဳင္စီးလာတဲ့ FZ အမ်ိဳးအစား ဆိုင္ကယ္ကို တာခ်ီလိတ္ၿမိဳ႕၊ မယ္ယန္းစုေပါင္းစစ္ေဆးေရးဂိတ္မွာ တားဆီးစစ္ေဆးရာ အာႏြတ္ခ်ိဳင္ရဲ႕ လြယ္အိတ္ထဲကေန M22 က်ည္ ၁၃၀ေတာင့္၊ ၅.၅၆ က်ည္ ၁၀ေတာင့္၊ ပိြဳင့္ ၃၈၀က်ည္ ၁၅၀ေတာင့္၊ 12 ဗိြဳ႕က်ည္ ၁၂၅ေတာင့္၊ ပိြဳင့္ 45 က်ည္ ၂၃ေတာင့္၊ ပြိဳင့္ 22 က်ည္ ၂၀၀ေတာင့္၊ သံဘြတ္ ၂၈လံုးနဲ႔ အနံ႔ေဆးရည္ ၁၂လံုးတို႔ကို ဖမ္းဆီးရမိတာ ျဖစ္ပါတယ္။
က်ည္ဆံေတြနဲ႔အတူဖမ္းမိတဲ့ အသက္ ၂၃နွစ္အရြယ္ အာႏြတ္ခ်ိဳင္ကို ဥပေဒအရ အေရးယူဖို႔ေဆာင္ရြက္ေနတယ္လို႔ သိရပါတယ္။
#သတင္း-ေရႊႀတိဂံေဒသသတင္း
Credit \\ original
Unicode VErsion
မိုင်းလင်းမြို့ဘက်ကနေ တာချီလိတ်မြို့ဘက်ကို မောင်းနှင်လာတဲ့ ဆိုင်ကယ်တစ်စီးကို မယ်ယန်းဂိတ်မှာ တားဆီးစစ်ဆေးရာကနေ ကျည်မျိုးစုံ အတောင့် ၆၀၀ကျော်နဲ့အတူ ထိုင်းနိုင်ငံသားတစ်ဦးကို ဇွန်လ ၂၂ရက် ညနေပိုင်းက ဖမ်းဆီးရမိပါတယ်။
ထိုင်းနိုင်ငံသား အာနွတ်ချိုင်စီးလာတဲ့ FZ အမျိုးအစား ဆိုင်ကယ်ကို တာချီလိတ်မြို့၊ မယ်ယန်းစုပေါင်းစစ်ဆေးရေးဂိတ်မှာ တားဆီးစစ်ဆေးရာ အာနွတ်ချိုင်ရဲ့ လွယ်အိတ်ထဲကနေ M22 ကျည် ၁၃၀တောင့်၊ ၅.၅၆ ကျည် ၁၀တောင့်၊ ပွိုင့် ၃၈၀ကျည် ၁၅၀တောင့်၊ 12 ဗွို့ကျည် ၁၂၅တောင့်၊ ပွိုင့် 45 ကျည် ၂၃တောင့်၊ ပွိုင့် 22 ကျည် ၂၀၀တောင့်၊ သံဘွတ် ၂၈လုံးနဲ့ အနံ့ဆေးရည် ၁၂လုံးတို့ကို ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။
ကျည်ဆံတွေနဲ့အတူဖမ်းမိတဲ့ အသက် ၂၃နှစ်အရွယ် အာနွတ်ချိုင်ကို ဥပဒေအရ အရေးယူဖို့ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#သတင်း-ရွှေတြိဂံဒေသသတင်း
Credit \\ original





