ကလေးယောက် ၂၀ ကျော်ကို ပြုစုပျိုးထောင်ပေးနေတဲ့ ခိုင်နှင်းဝေ





တစ်ချိန်တုန်းက ကောင်းမွန် ပိုင်နိုင်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးလက်ခံမှုချစ်ခင်မှုတို့ကို ရရှိထားခဲ့သလို အခုလက်ရှိအချိန်မှာလည်း ပရဟိတလုပ်ငန်းတွေ ကိုယ်တိုင် ဦးစီးဦးဆောင်ပြီး လုပ်ကိုင်နေတဲ့ ပရဟိတ မင်းသမီးခိုင်နှင်းဝေကတော့ ကလေးအယောက် ၂၀ အတွက် ပြုစုပျိုးထောင်ပေးနေရပြီး အစစအရာရာ ကိုယ်တိုင်ဆောင်ရွက်နေပြီး ကလေးတွေအတွက် စိတ်မကောင်းတဲ့အကြောင်း မျက်ရည်တွေကျပြီး ပေါ်ပြူလာရဲ့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။



ခိုင်နှင်းဝေက “စိတ်မကောင်းတာထက် ငိုချင်တာပေါ့ သူတို့မပြောနဲ့ အစ်မအိမ်က အစ်မသမီးကို အစ်မဘယ်လောက်ချစ်လဲဆိုရင် ဧည့်သည်လာကြတော့ ချစ်လိုက်တာ ချစ်စရာလေး ကလေးကို သူတို့က ရယ်အောင်လုပ်ကြတယ် အခုသူတို့ဆိုလည်း ရယ်ပြတယ်။ အဲ့တာလေး ကြည့်နေရရင်ကို စိတ်မကောင်းဘူး။ သူတို့ရဲ့ မိခင်အရင်းတွေတော့ မပြောတတ်ဘူး အစ်မကတော့ ငိုချင်တယ်။ အစ်မက အစ်မသားသမီးတွေဆို အကောင်းဆုံးဖြစ်အောင် ထားတာပေါ့ ဆိုတော့ ကလေးတွေဆိုရင် သူများတွေက ကလေးတွေနဲ့ ပတ်သက်ပြီးတော့ မိခင်တွေက ထားသွားတာတို့ကို ကြည့်ပြီးတော့ စိတ်မကောင်းဘူး။ ဒါပေမဲ့ ငါ့လက်ထဲ ရောက်လာတဲ့အခါကျရင် သူတို့ကံကြောင့် မိဘက စွန့်ပစ်လိုက်ပေမယ့် အစ်မရဲ့လက်ထဲရောက်လာတဲ့အခါကျတော့ သူတို့ရဲ့ ကံလေးတွေကောင်းတယ်ပေါ့ ပရိသတ်ကလည်း ချစ်ကြတယ်ဆိုတဲ့ စိတ်မျိုးလေးတွေထည့်ထားတယ်။”လို့ပြောသွားခဲ့ပါတယ်။


ကလေးတွေအတွက် ဘယ်လို ကြိုးစားရုန်းကန်နေရလဲလို့ မေးမြန်းရာ “အစ်မက တစ်ယောက်တည်း Founder မရှိဘူး တစ်ယောက်တည်း ရုန်းကန်တယ်။ အစ်မသားတွေ သမီးတွေပေါ်မှာ မေတ္တာ အပြည့်အဝထားတယ် ပြီးရင် အစ်မမှာ ရှိရှိမရှိရှိ အစ်မသားတွေ သမီးတွေကို အစ်မက အဆင်ပြေအောင် အစ်မထားမယ်ပေါ့နော် လိုလေသေးမရှိအောင် လူတန်းစေ့ ကျန်းမာရေးကအစ ဂရုစိုက်ပြီးတော့ထားတယ်။ သူတို့တွေ အတွက် အစ်မကကံကောင်းတယ်ပေါ့နော်။

နောက်တစ်ခုကကြတော့ အစ်မဆီကို လာကြတဲ့ အလှူရှင်တွေဆိုရင်လည်း အစ်မကို ကြည့်ပြီးတော့ ကလေးတွေအတွက် လာလှူပေးကြတယ်။ နေရာတွေ အများကြီး ရှိတဲ့ ကြားထဲမှာ လှူစရာနေရာတွေ အများကြီးရှိတယ် မိဘမဲ့ကျောင်းတွေလည်း အများကြီး အများကြီးရှိတယ် အဲ့လိုလှူစရာတွေ အများကြီး ကြားထဲကနေမှ အစ်မကလေးတွေကို လာပြီး လှူပေးကြတာကို ကျေးဇူးတင်တယ်ပေါ့နော်။. တကယ်လည်း ဝမ်းသာတယ် အဲ့တော့ အစ်မသားတွေ သမီးတွေက မိဘမဲ့မဟုတ်ဘူးပေါ့ အစ်မသားတွေသမီးတွေ ဖြစ်တယ် နောက်တစ်ခုကကျတော့ သူတို့က ကံကောင်းတယ် ဘာလို့လဲဆိုတော့ သူတို့ကို ချစ်တဲ့လူတွေများတယ်။ လာလှူကြတယ် အဲ့တော့ သူတို့ ကံကောင်းတယ်လို့ ပြောလို့ရတယ်။”လို့ ပြောသွားခဲ့ပါတယ်။
ကလေးအယောက်၂၀ စာအတွက် စာရိတ် ဝန်ထမ်းတွေအတွက် စာရိတ် နေရာအခက်ခဲတွေအကြောင်းကိုလည်း ခိုင်နှင်းဝေ ရှင်းပြခဲ့ပြီး ဒီနှစ်အတွင်းမှာ အခုထက် ကျယ်တဲ့ နေရာတစ်ရအောင်လုပ်ပြီး လာအပ်တဲ့ကလေးတွေကို လက်ခံသွားမယ်လို့ ပြောခဲ့ကာ တစ်ချိန်ချိန်မှာ ဂေဟာကြီးတစ်ခုကို ဆောက်မယ်လို့လည်း ပြောသွားခဲ့ပါတယ်။ တကယ့်ကို မေတ္တာကရုနာရှင် တစ်ယောက်ဖြစ်ပါတယ် ပရိသတ်ကြီးကရော ပရဟိတမင်းသမီး ခိုင်နှင်းဝေကို ချစ်ရဲ့လား။

Credit  \\  original

Recent Updates

Recent Posts Widget