အကုသိုလ်ဟာ ဘယ်လိုအခြေအနေ မျိုးနဲ့ ကြုံလာရင် အကျိုးပေးသလဲ ဆိုတော့
သတ္တဝါတွေကို ချေချွတ်တဲ့အခါမှာ မြတ်စွာဘုရား က တရားဟောတဲ့အခါမှာအသုံးပြုတဲ့ဉာဏ်တော် ကြီး ၁ဝမျိုးထဲမှ ဒုတိယဥာဏ်ဖြစ်တဲ့ ကမ္မဝိပါက ဥာဏ်ဆိုတာ…
(၂) ကမ္မဝိပါကဉာဏ်…
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
နောက် ဒုတိယဉာဏ်က ဘာတုန်းဆိုတော့အတိတ် အနာဂတ် ပစ္စုပ္ပန်,အတိတ်တုန်းက လုပ်ခဲ့တဲ့ ကံ တရား၊အနာဂတ်မှာလုပ်မယ့်ကံတရား၊ပစ္စုပ္ပန်မှာ ဖြစ်လာတဲ့ကံတရား။
အဲဒီကံတရားတွေရဲ့အကျိုးတရားနဲ့ ပတ်သက်ပြီး တော့ အကျိုးပေးမယ် မပေးဘူးဆိုတာ ကို မှန်မှန် ကန်ကန် သိတဲ့ဉာဏ်တဲ့။
အကျိုးပေးတယ်ဆိုတဲ့နေရာမှာ မြတ်စွာဘုရားက ဟောတယ်၊အကုသိုလ်ဆိုရင် မကောင်းတဲ့အကျိုး ပေး တယ်၊ကုသိုလ်ဆိုရင် ကောင်းတဲ့အကျိုးပေး တယ်။
ဒါဖြင့် အဲဒီကံဟာ ဒါက The law of Kamma ကမ္မနိယာမသဘောကို ပြောတာ။
ကံရဲ့သဘာဝနိယာမ တရားကို ပြောတာ၊ ကောင်း တာ က ကောင်းကျိုး၊မကောင်းတာက မကောင်း ကျိုး ပေးတယ်။
အဲဒီမှာ အကျိုးပေးမယ့်ကံလား,အကျိုးမပေးမယ့် ကံလားဆိုတာ သာမန်ပုဂ္ဂိုလ်က မသိဘူးနော်။
မြတ်စွာဘုရားကျတော့ သိတယ်၊ဌာနသောဟေတု သောတဲ့၊အခြေအနေနဲ့ အကြောင်းတရားကို ပိုင်း
ပိုင်းခြားခြားသိတယ်။
ဆိုပါစို့ ဥပမာတစ်ခုကြည့်-မြန်မာနိုင်ငံထဲ မှာ ဘင်္ဂလား ပင်လယ်အော်က မုန်တိုင်းဝင်တော့မယ် ဆိုရင် မုန်တိုင်းအခြေပြုနေတာ မရှိဘူးလား။
ဟိုမှာ အဲဒီအခြေပြုနေတာကို ကြည့်ပြီး တော့
ဒီမှာ ဝင်မယ်,မဝင်ဘူး မှန်းဆပြီးတော့ ပြောကြ တယ်မို့လား။
အခြေအနေကြည့်ပြီးတော့ ပြောရတယ်၊ ဖြစ်ပေါ် နေတဲ့ အရာတစ်ခုကို အခြေအနေကြည့် ပြော တယ်။
မြတ်စွာဘုရားကျတော့ လူတစ်ယောက်ဟာ အခု ဘာတွေလုပ်နေလဲ။
အဲဒီ လုပ်နေတဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ သူ လုပ်နေ တဲ့ အလုပ်ကို ကြည့်မယ်ဆိုလို့ ရှိရင် ဒီကံ ရဲ့ အကျိုး တရားကို သူခံရမယ်၊မခံရဘူးကို မြတ်စွာ ဘုရားက တပ်အပ်ပြောလို့ ရတယ်။
အကုသိုလ်ဆိုတာ မကောင်းတဲ့အကျိုးကို ပေး တယ်ဆိုတဲ့နေရာမှာ မြတ်စွာဘုရားက အကုသိုလ် ကမကောင်းတဲ့အကျိုးပေးတယ် ဆိုပေမယ့်လို့တဲ့
ဂတိပထမမှာ ဂတိသမ္ပတ္တိလို့ ခေါ်တဲ့ ကောင်းတဲ့ ဘဝရောက်နေတဲ့အချိန်ဆိုလို့ရှိရင် အကုသိုလ်က အကျိုးမပေးဘူး။
ဂတိသမ္ပတ္တိက ဖယ်ရှားထားလို့ အကုသိုလ် က အကျိုးပေးလို့ မရဘူး။
နောက်တစ်ခါ ကာလသမ္ပတ္တိလို့ဆိုတဲ့ အချိန် ကောင်း နဲ့ ကြုံနေလို့ရှိရင်လည်းအကုသိုလ်က အကျိုးပေးလို့ မရဘူးတဲ့။
ဥပဓိသမ္ပတ္တိ လို့ ခေါ်တဲ့ လူရဲ့ခန္ဓာကိုယ်အနေ
အထားက ပြည့်စုံနေလို့ရှိရင်လည်း အကုသိုလ်က
အကျိုးပေး ချင်ပေမယ့်လို့ အကျိုးပေးလို့ မရဘူး တဲ့။
နောက်တစ်ခုက ပယောဂသမ္ပတ္တိ တဲ့။
ကြိုးပမ်းအားထုတ်မှုလုံ့လ ရှိနေတဲ့ ပုဂ္ဂိုလ် ကို လည်းပဲ အကုသိုလ်က အကျိုးပေးချင်တိုင်း အကျိုး ပေးလို့ မရဘူးတဲ့။
အကုသိုလ်ဆိုတာ မကောင်းကျိုးပေးတာတော့
မှန်တယ်။
သို့သော် သမ္ပတ္တိလေးပါးက ဟန့်တားထားလိုက် လို့ ရှိရင် အဲဒီအကုသိုလ်ကံက မကောင်းကို မပေး နိုင် သေးဘူးတဲ့၊ဒါ ဘုရားက ဒီလိုသိတယ်။ ဟုတ်ကဲ့ လား။
သာမန်လူတွေကတော့ မကောင်းတာ လုပ်ရင် မ ကောင်းတာ ဖြစ်မယ်၊ဒီလောက်ပဲ ပြောလို့ ရမယ်။
ဟော နောက်တစ်ခုက အကုသိုလ်ဟာ ဝိပတ္တိ ရှိ လာပြီဆိုရင်တော့ ဝိပတ္တိလေးမျိုးနဲ့ကြုံလာရင်
အကျိုးပေးတယ်တဲ့။
သမ္ပတ္တိနဲ့ ကြုံလာရင် သမ္ပတ္တိရဲ့အဟန့် အတား ကြောင့် သူ အကျိုးမပေးနိုင်ဘူး။
ထို့အတူပဲ ကုသိုလ်ကလည်းပဲနော် သမ္ပတ္တိနဲ့ ကြုံ တဲ့ အခါမှ အကျိုးပေးတယ်။
ဝိပတ္တိနဲ့ ကြုံတဲ့အခါမှာ ဝိပတ္တိရဲ့ အဟန့်အတား ကြောင့် ဆိုပါစို့ – လူတစ်ယောက်ဟာ ကုသိုလ်ကံ တွေ ရှိနေသော်လည်းပဲ မကောင်းတဲ့ဘဝ ရောက်နေတယ်။
မကောင်းတဲ့အချိန်မှာ လူဖြစ်တယ်၊ သူ့ရဲ့ဥပဓိရုပ် ကလည်း ညံ့တယ်၊ကြိုးစားအားထုတ်မှုကလည်း မရှိဘူးဆိုရင် ကုသိုလ်က အကျိုးပေးလို့ မရဘူး။
အဲဒီပုဂ္ဂိုလ်မှာ၊ဒီလို ဆိုလိုတာနော်။ ။
ဒီတော့ ဂတိသမ္ပတ္တိတို့၊ဂတိဝိပတ္တိတို့၊ကာလဝိပတ္တိ တို့၊ဥပဓိဝိပတ္တိတို့၊ဒီပယောဂဝိပတ္တိတို့ ဆိုတဲ့ချို့ငဲ့မှု တွေနဲ့ကြုံနေလို့ရှိရင် ကုသိုလ်က အကျိုးပေးလို့ မရဘူးတဲ့။
ကုသိုလ်ပြည့်ပြည့်ဝဝ အကျိုးပေးနိုင်တယ် ဆိုတာ သမ္ပတ္တိနဲ့ ကြုံမှ ပေးတယ်တဲ့။
ဒါဟာဖြစ်နိုင်ချေနဲ့ ကြည့်ပြီးတော့ မြတ်စွာဘုရား က ကံတရားကို အဆုံးအဖြတ်ပေးနိုင်တယ်။
ဒါဟာ မြတ်စွာဘုရားရဲ့ကမ္မသမာဒါနနဲ့ ပတ်သက် တဲ့ ဒုတိယဉာဏ်တော်ကြီးပဲ။
ကမ္မဝိပါက နဲ့ပတ်သက်ပြီးတော့ ရှင်းရှင်း လင်း လင်း သိတော်မူတယ်။
မြတ်စွာဘုရားက အဲဒီလို ရှင်းရှင်းလင်းလင်း
သိတော့ ဘာကို သူပြောနိုင်တုန်းဆိုရင် ကမ္မဝိပါက
ဉာဏ် နဲ့ ဝိပါကာဝရဏ ရှိမရှိ သိနိုင်တယ်။
ဝိပါကာဝရဏဆိုတာ လူတစ်ယောက်ဟာ ဒွိဟိတ် ပဋိသန္ဓေနေလာခဲ့တယ်။
ဒွိဟိတ်ပုဂ္ဂိုလ်ဖြစ်နေတယ်၊အဟိတ်ပဋိသန္ဓေ နဲ့ နေ လာခဲ့တယ်။
ဒွိဟိတ်ပဋိသန္ဓေဆိုတာသူ့သန္ဓေ ထဲမှာ အသိဉာဏ် မပါတာကို ပြောတာ။
အဟိတ်ဆိုတာကျတော့ ပိုပြီး အစွမ်းသတ္တိနည်း
တယ်။
ဟေတုလို့ ခေါ်တဲ့ အလောဘ အဒေါသတွေမပါ ဘူး၊အမောဟဆိုတဲ့ အသိဉာဏ်လည်း မပါဘူး။
အဲဒီလောက် ပျော့ညံ့တဲ့ပဋိသန္ဓေ နေလာတဲ့ပုဂ္ဂိုလ်
ဟာ ဝိပါကာဝရဏလို့ ခေါ်တယ်။
ဘယ်လိုပဲ တရားဟောဟော ဘယ်လိုပဲ တရား ကျင့်ကျင့် အဲဒီပုဂ္ဂိုလ်မျိုးဟာ ဒီဘဝမှာ အောင်မြင် နိုင်တဲ့ပုဂ္ဂိုလ်မျိုး မဟုတ်ဘူးတဲ့။
ဒါ ကံတရားတွေနဲ့ ပတ်သက်ပြီးတော့ မြတ်စွာ ဘုရား က ဒုတိယဉာဏ်နဲ့သိတော်မူတာပေါ့။
ဒါက ကမ္မဝိပါကဉာဏ် လို့ ခေါ်တယ်။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ
AD…Khin Sandar Soe Htut
Credit \\ original


