“ကုိယ္တုိင္ေလယာဥ္ေဆာက္ၿပီး အီဂ်စ္ႏုိင္ငံကုိ ပ်ံသန္းေနတဲ့ ေတာင္အာဖရိက ဆယ္ေက်ာ္သက္မ်ား”



ကၽြန္ေတာ္တုိ႔ႏုိင္ငံမွာ ၁၆ ႏွစ္၊ ၁၇ ႏွစ္အရြယ္ဆုိတာ တကၠသုိလ္ဝင္တန္း ဒါမွမဟုတ္ တကၠသုိလ္ ပထမႏွစ္တက္ေနတဲ့အရြယ္ပါ။ စာသင္ခန္းနဲ႔ သင္တန္းေတြၾကား ဗ်ာမ်ားရေတာ့မယ့္ အရြယ္ေပါ့။ ေတာင္အာဖရိကႏုိင္ငံမွာေတာ့ အဲဒီအရြယ္ ကေလးငယ္ေတြက သူတုိ႔ကုိယ္တုိင္ ေလယာဥ္တစ္စင္း တည္ေဆာက္ၿပီး ေတာင္အာဖရိကႏုိင္ငံကေန အီဂ်စ္ႏုိင္ငံကုိ ပ်ံသန္းေနပါတယ္။


ေတာင္အာဖရိကဆယ္ေက်ာ္သက္ေတြ ေမာင္းႏွင္ေနတဲ့ ေလယာဥ္ငယ္ဟာ ဇြန္လ ၁၆ ရက္ေန႔က ပထမဆုံး ခရီးတစ္ေထာက္အျဖစ္ နမီးဘီးယားႏုိင္ငံေတာင္ပုိင္း လူဒရစ္ဇ္ၿမိဳ႕ကုိ ေအာင္ျမင္စြာနဲ႔ ဆင္းသက္ႏုိင္ခဲ့ပါတယ္။ လူ ၄ ေယာက္စီးႏုိင္တဲ့ Sling 4 ေလယာဥ္ကုိ ေက်ာင္းသား ၂၀ ပါဝင္တဲ့အဖြဲ႕က ၃ ပတ္အတြင္း တည္ေဆာက္ခဲ့တာပါ။ U-Dream Global စီမံကိန္းကုိ စတင္အေကာင္အထည္ေဖာ္ခဲ့သူကေတာ့ အသက္ ၁၇ ႏွစ္အရြယ္ ေက်ာင္းသူ မီဂန္ဝါနာျဖစ္ပါတယ္။

မီဂန္ဝါနာရဲ႕စီမံကိန္းမွာ ပါဝင္ခ်င္လုိ႔ ေလွ်ာက္ထားခဲ့သူ ၁၀၀၀ ေက်ာ္ထဲကေန အေယာက္ ၂၀ ေရြးခ်ယ္ခဲ့တာပါ။ ေရြးခ်ယ္ခံခဲ့ရသူေတြဟာ အေတြ႕အႀကံဳမရွိသူေတြျဖစ္ၿပီး သူတုိ႔ၾကားမွာ မတူကြဲျပားမႈ မ်ားျပားပါတယ္။ သူတုိ႔ဟာ ေတာင္အာဖရိကႏုိင္ငံအေျခစုိက္ ေလယာဥ္ထုတ္လုပ္ေရးကုမၸဏီ(Airplane Factory)က ထုတ္လုပ္တဲ့ ပစၥည္းေတြကုိ အသုံးျပဳၿပီး ေလယာဥ္႐ုပ္လုံးေပၚလာေအာင္ တပ္ဆင္ခဲ့ၾကတာပါ။


အသင့္ထုတ္လုပ္ၿပီးသား ပစၥည္းေတြကုိ အသုံးျပဳရတယ္ဆုိေပမဲ့ အစိတ္အပုိင္း ေထာင္ေပါင္းမ်ားစြာကုိ တပ္ဆင္ရတာျဖစ္ပါတယ္။ ေလယာဥ္အီလက္ထေရာနစ္ပုိင္းနဲ႔ အင္ဂ်င္ပုိင္းကုိ ကၽြမ္းက်င္ပညာရွင္ေတြ တာဝန္ယူၿပီး က်န္တဲ့အစိတ္အပုိင္းအားလုံးကုိ ေက်ာင္းသား၊ ေက်ာင္းသူ ၂၀ ပါတဲ့အဖြဲ႕က တာဝန္ယူေဆာင္ရြက္ခဲ့တာပါ။

”ဒီစီမံကိန္းရဲ႕ရည္ရြယ္ခ်က္ကေတာ့ တစ္ခုခုကုိလုပ္ဖုိ႔ စိတ္ပုိင္းျဖတ္လုိက္ၿပီဆုိရင္ ဘာမဆုိျဖစ္ႏုိင္တယ္ဆုိတာ အာဖရိကတစ္တုိက္လုံးသိေအာင္ ျပသခ်င္တာပါ”လုိ႔ မီဂန္ဝါနာက ေျပာပါတယ္။ သူတုိ႔အဖြဲ႕ထဲမွာ မီဂန္ဝါနာနဲ႔ တျခားအဖြဲ႕ဝင္ ၆ ေယာက္မွာ ပုိင္းေလာ့လုိင္စင္ရွိပါတယ္။ အဲဒီ ၆ ေယာက္က ပုိင္းေလာ့အျဖစ္ တာဝန္ယူပ်ံသန္းသြားၾကမွာပါ။

ကိတ္ေတာင္းၿမိဳ႕ကေန ကုိင္႐ုိၿမိဳ႕အထိ ပ်ံသန္းမယ့္ သူတုိ႔ရဲ႕ခရီးစဥ္က ၇၄၅၅ မုိင္ ကြာေဝးၿပီး သီတင္းပတ္ ၆ ပတ္ အခ်ိန္ယူရမွာပါ။ ေလယာဥ္ေပၚမွာ ေရအိမ္မပါလုိ႔ ခရီးတစ္ေထာက္ မနားမခ်င္း က်န္းမာေရးကိစၥ ေျဖရွင္းလုိ႔ရမွာမဟုတ္ပါဘူး။ ပေရာ္ဖက္ရွင္နယ္ပုိင္းေလာ့ေတြ ေမာင္းတဲ့ Sling 4 ေလယာဥ္က ခရီးစဥ္တစ္ေထာက္မွာ ဆယ္ေက်ာ္သက္ေတြကုိ လုိက္လံပံ့ပုိးေပးသြားမွာပါ။


ေတာင္ပံ ၂ဖက္မွာ အာဖရိကတုိက္ ေျမပုံေတြနဲ႔ စပြန္ဆာအမွတ္တံဆိပ္ေတြ ေရးဆြဲထားတဲ့ ေငြေရာင္ေလယာဥ္ငယ္က ၆ နာရီခြဲၾကာ ပ်ံသန္းႏုိင္ၿပီး နမီးဘီးယားႏုိင္ငံမွာ တစ္ေထာက္နားၿပီးရင္ ဇမ္ဘာေဘြ၊ မာလာဝီ၊ တန္ဇန္နီးယား၊ ကင္ညာ၊ အီသီယုိးပီးယား၊ အီရစ္ထရီယာႏုိင္ငံေတြမွာ ထပ္နားသြားမွာပါ။ အျပန္ခရီးစဥ္က်ရင္ေတာ့ တျခားလမ္းေၾကာင္းတစ္ခုကေန ပ်ံသန္းမွာျဖစ္ၿပီး ယူဂန္ဒါ၊ ရဝမ္ဒါ၊ ဇမ္ဘီယာ၊ ေဘာ့စ္ဝါနာႏုိင္ငံေတြမွာ တစ္ေထာက္စီ နားသြားမွာျဖစ္ပါတယ္။ ခရီးစဥ္တစ္ေလွ်ာက္မွာ သူတုိ႔အရြယ္ လူငယ္ေတြကုိ စိတ္ဓာတ္ခြန္အား ျမႇင့္တင္ေပးမယ့္ စကားဝုိင္းေတြလုပ္ဖုိ႔ ေတာင္အာဖရိက ဆယ္ေက်ာ္သက္ေတြက စီစဥ္ထားပါတယ္။

Photo Credit – U Dream Global
Ref:BBC
Source: Yoyarlay

Credit  \\  original


Unicode Version

ကျွန်တော်တို့နိုင်ငံမှာ ၁၆ နှစ်၊ ၁၇ နှစ်အရွယ်ဆိုတာ တက္ကသိုလ်ဝင်တန်း ဒါမှမဟုတ် တက္ကသိုလ် ပထမနှစ်တက်နေတဲ့အရွယ်ပါ။ စာသင်ခန်းနဲ့ သင်တန်းတွေကြား ဗျာများရတော့မယ့် အရွယ်ပေါ့။ တောင်အာဖရိကနိုင်ငံမှာတော့ အဲဒီအရွယ် ကလေးငယ်တွေက သူတို့ကိုယ်တိုင် လေယာဉ်တစ်စင်း တည်ဆောက်ပြီး တောင်အာဖရိကနိုင်ငံကနေ အီဂျစ်နိုင်ငံကို ပျံသန်းနေပါတယ်။



တောင်အာဖရိကဆယ်ကျော်သက်တွေ မောင်းနှင်နေတဲ့ လေယာဉ်ငယ်ဟာ ဇွန်လ ၁၆ ရက်နေ့က ပထမဆုံး ခရီးတစ်ထောက်အဖြစ် နမီးဘီးယားနိုင်ငံတောင်ပိုင်း လူဒရစ်ဇ်မြို့ကို အောင်မြင်စွာနဲ့ ဆင်းသက်နိုင်ခဲ့ပါတယ်။ လူ ၄ ယောက်စီးနိုင်တဲ့ Sling 4 လေယာဉ်ကို ကျောင်းသား ၂၀ ပါဝင်တဲ့အဖွဲ့က ၃ ပတ်အတွင်း တည်ဆောက်ခဲ့တာပါ။ U-Dream Global စီမံကိန်းကို စတင်အကောင်အထည်ဖော်ခဲ့သူကတော့ အသက် ၁၇ နှစ်အရွယ် ကျောင်းသူ မီဂန်ဝါနာဖြစ်ပါတယ်။

မီဂန်ဝါနာရဲ့စီမံကိန်းမှာ ပါဝင်ချင်လို့ လျှောက်ထားခဲ့သူ ၁၀၀၀ ကျော်ထဲကနေ အယောက် ၂၀ ရွေးချယ်ခဲ့တာပါ။ ရွေးချယ်ခံခဲ့ရသူတွေဟာ အတွေ့အကြုံမရှိသူတွေဖြစ်ပြီး သူတို့ကြားမှာ မတူကွဲပြားမှု များပြားပါတယ်။ သူတို့ဟာ တောင်အာဖရိကနိုင်ငံအခြေစိုက် လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ(Airplane Factory)က ထုတ်လုပ်တဲ့ ပစ္စည်းတွေကို အသုံးပြုပြီး လေယာဉ်ရုပ်လုံးပေါ်လာအောင် တပ်ဆင်ခဲ့ကြတာပါ။

အသင့်ထုတ်လုပ်ပြီးသား ပစ္စည်းတွေကို အသုံးပြုရတယ်ဆိုပေမဲ့ အစိတ်အပိုင်း ထောင်ပေါင်းများစွာကို တပ်ဆင်ရတာဖြစ်ပါတယ်။ လေယာဉ်အီလက်ထရောနစ်ပိုင်းနဲ့ အင်ဂျင်ပိုင်းကို ကျွမ်းကျင်ပညာရှင်တွေ တာဝန်ယူပြီး ကျန်တဲ့အစိတ်အပိုင်းအားလုံးကို ကျောင်းသား၊ ကျောင်းသူ ၂၀ ပါတဲ့အဖွဲ့က တာဝန်ယူဆောင်ရွက်ခဲ့တာပါ။

”ဒီစီမံကိန်းရဲ့ရည်ရွယ်ချက်ကတော့ တစ်ခုခုကိုလုပ်ဖို့ စိတ်ပိုင်းဖြတ်လိုက်ပြီဆိုရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတာ အာဖရိကတစ်တိုက်လုံးသိအောင် ပြသချင်တာပါ”လို့ မီဂန်ဝါနာက ပြောပါတယ်။ သူတို့အဖွဲ့ထဲမှာ မီဂန်ဝါနာနဲ့ တခြားအဖွဲ့ဝင် ၆ ယောက်မှာ ပိုင်းလော့လိုင်စင်ရှိပါတယ်။ အဲဒီ ၆ ယောက်က ပိုင်းလော့အဖြစ် တာဝန်ယူပျံသန်းသွားကြမှာပါ။

ကိတ်တောင်းမြို့ကနေ ကိုင်ရိုမြို့အထိ ပျံသန်းမယ့် သူတို့ရဲ့ခရီးစဉ်က ၇၄၅၅ မိုင် ကွာဝေးပြီး သီတင်းပတ် ၆ ပတ် အချိန်ယူရမှာပါ။ လေယာဉ်ပေါ်မှာ ရေအိမ်မပါလို့ ခရီးတစ်ထောက် မနားမချင်း ကျန်းမာရေးကိစ္စ ဖြေရှင်းလို့ရမှာမဟုတ်ပါဘူး။ ပရော်ဖက်ရှင်နယ်ပိုင်းလော့တွေ မောင်းတဲ့ Sling 4 လေယာဉ်က ခရီးစဉ်တစ်ထောက်မှာ ဆယ်ကျော်သက်တွေကို လိုက်လံပံ့ပိုးပေးသွားမှာပါ။

တောင်ပံ ၂ဖက်မှာ အာဖရိကတိုက် မြေပုံတွေနဲ့ စပွန်ဆာအမှတ်တံဆိပ်တွေ ရေးဆွဲထားတဲ့ ငွေရောင်လေယာဉ်ငယ်က ၆ နာရီခွဲကြာ ပျံသန်းနိုင်ပြီး နမီးဘီးယားနိုင်ငံမှာ တစ်ထောက်နားပြီးရင် ဇမ်ဘာဘွေ၊ မာလာဝီ၊ တန်ဇန်နီးယား၊ ကင်ညာ၊ အီသီယိုးပီးယား၊ အီရစ်ထရီယာနိုင်ငံတွေမှာ ထပ်နားသွားမှာပါ။ အပြန်ခရီးစဉ်ကျရင်တော့ တခြားလမ်းကြောင်းတစ်ခုကနေ ပျံသန်းမှာဖြစ်ပြီး ယူဂန်ဒါ၊ ရဝမ်ဒါ၊ ဇမ်ဘီယာ၊ ဘော့စ်ဝါနာနိုင်ငံတွေမှာ တစ်ထောက်စီ နားသွားမှာဖြစ်ပါတယ်။ ခရီးစဉ်တစ်လျှောက်မှာ သူတို့အရွယ် လူငယ်တွေကို စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးမယ့် စကားဝိုင်းတွေလုပ်ဖို့ တောင်အာဖရိက ဆယ်ကျော်သက်တွေက စီစဉ်ထားပါတယ်။

Photo Credit – U Dream Global
Ref:BBC
Source: Yoyarlay


Credit  \\  original

Recent Updates

Recent Posts Widget