“ေနတိုးနဲ႔ မိုးေဟကို တို႔ရဲ႕ သ႐ုပ္ေဆာင္မႈေတြကို အတူတြဲျမင္ရဦးမယ့္ ႐ုပ္ရွင္ကားအသစ္”
ရုိက္ကူးေရးေတြ ခဏတာ နားထားတဲ့ မုိးေဟကုိ ကေတာ့ အခုဆုိရင္ သရုပ္ေဆာင္ေနတုိးနဲ႔အတူ ‘’ကၽြန္ေတာ့္ရဲ႕ သူ’’ ရုပ္ရွင္ဇာတ္ကားႀကီးမွာ ပါဝင္သရုပ္ေဆာင္သြားမယ္လုိ႔ သိရပါတယ္။
ပရိသတ္အခ်စ္ေတာ္ မင္းသားေနတုိးနဲ႔ မင္းသမီး မုိးေဟကုိ တို႔ရဲ႕ အတူတြဲ သရုပ္ေဆာင္မႈေတြကုိ ‘’ကၽြန္ေတာ့္ရဲ႕ သူ’’ ဆုိတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးမွာ ျပန္လည္ေတြ႔ရေတာ့မွာျဖစ္ပါတယ္။ ဒီအေၾကာင္းကုိလည္း ထုတ္လုပ္သူ ကုိေဝမင္းေမာင္က အခုလုိ ေျပာျပထားပါတယ္။
‘’ကၽြန္ေတာ္ရဲ႕ သူ’’ Produced by 7th Sense Film Production’’ ဆုိၿပီးေတာ့ ဇြန္လ ၁၇ ရက္ေန႔ည ၉ နာရီခြဲေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့ပါတယ္။ အဲဒီေနာက္ ေနတုိးနဲ႔ မုိးေဟကုိ တုိ႔ရဲ႕ ဓာတ္ပုံကုိလည္း တင္ခဲ့တာ ေတြ႔ရပါတယ္။ ဒီဇာတ္ကားကုိေတာ့ ဇူလုိင္လ အတြင္းမွာ စတင္ရုိက္ကူးသြားမယ္လုိ႔လည္း ကုိေဝမင္းေမာင္က ဆက္လက္ေျပာျပခဲ့ပါတယ္။ ‘’ (၇)လပိုင္းမွာ ႐ိုက္ကူးေတာ့မည့္ ကၽြန္ေတာ္ရဲ႕သူ ႐ုပ္ရွင္ဇာတ္ကားႀကီး Production Team Line-up ( Teamwork ရွိတဲ့ အဖြဲ႕အတြက္ ေက်နပ္အားရမိ’’ လုိ႔ ေရးသားခဲ့ျပန္ပါေသးတယ္။
ေနတိုး(Nay Toe)က အကယ္ဒမီဆုမ်ားစြာ ပိုင္ဆိုင္ထားၿပီး ဂုဏ္သတင္းေကာင္းမ်ားနဲ႔ ရပ္တည္ေနတဲ့ ထိပ္တန္း မင္းသားတစ္လက္ ျဖစ္ပါတယ္။ မိုးညအိမ္မက္ျမဴ (၂၀၀၉)၊ နကၡတ္မွားတဲ့တိုက္ပြဲ (၂၀၁၅)၊ တာေတႀကီး (၂၀၁၇) စတဲ့ ရုပ္ရွင္ဇာတ္ကား(၃) ကားမွာ အေကာင္းဆံုး အမ်ဳိးသားဇာတ္ေဆာင္ဆုေတြကို ရ႐ွိထားပါတယ္။ ၂၀၁၉ ခုႏွစ္မွာေတာ့ Cult Critic Movie Award ႏိုင္ငံတကာ ရုပ္ရွင္ပြဲေတာ္ က ခ်ီးျမငိ့တဲ့ The Best Actor ဆုကုိ မဟူရာ ရုပ္ရွင္ရုံ ရုပ္ရွင္ကားနဲ႔ ရရွိခဲ့တာျဖစ္ပါတယ္။
မိုးေဟကုိဟာ အႏုပညာအလုပ္နဲ႔ ပတ္သက္ၿပီး တီဗီေၾကာ္ျငာေတြပဲ ရိုက္ကူးေနရတာကုိ ေတြ႔ရပါတယ္။ သူ႔ရဲ႕ ကုိယ္ပုိင္ရုပ္ရွင္ထုတ္လုပ္ေရး ျဖစ္တဲ့ မုိးရုပ္ရွင္ထုတ္လုပ္ေရးကေန ဇာတ္ကားေကာင္းေတြ ထြက္ရွိႏုိင္ဖုိ႔ ႀကိဳးစားေနတယ္ လုိ႔ သိရပါတယ္။ ေနာက္ထပ္ ပုိးထည္ဆိုင္ဘက္မွာ လည္း ဦးေဆာင္ေနရတယ္လုိ႔ ဆုိပါတယ္။ လက္ရွိမွာလည္း မိခင္ျဖစ္သူရဲ႕ က်န္းမာေရး အေျခအေနေၾကာင့္ အႏုပညာအလုပ္ေတြ ခဏရပ္နားထားတာျဖစ္ပါတယ္။
ေနတုိးနဲ႔ မုိးေဟကုိ တုိ႔ တြဲဖက္သရုပ္ေဆာင္ခဲ့ဖူးတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးေတြကေတာ့ ‘’မုိးညအိပ္မက္ျမဴ’’ ၊ ‘’ဂြတ္ရွယ္သမက္’’ ၊ ‘’ေခ်ာကလက္ေဘဘီ’’၊ ‘’ရက္စ္ေဘာ့စ္”၊ ‘’ခ်စ္စံအိမ္’’၊ ‘’ အမုန္းေတြ ေခါက္ထားလုိက္’’ စတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးေတြမွာ အတူတြဲ သရုပ္ေဆာင္ခဲ့ပါတယ္။ အဲဒီေနာက္ ဗီဒီယုိဇာတ္ကား ၂၅ ကား မွာလည္း အတူတြဲ သရုပ္ေဆာင္ထားပါေသးတယ္။
Credit: Duwun
Unicode Version
ရိုက်ကူးရေးတွေ ခဏတာ နားထားတဲ့ မိုးဟေကို ကတော့ အခုဆိုရင် သရုပ်ဆောင်နေတိုးနဲ့အတူ ‘’ကျွန်တော့်ရဲ့ သူ’’ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
ပရိသတ်အချစ်တော် မင်းသားနေတိုးနဲ့ မင်းသမီး မိုးဟေကို တို့ရဲ့ အတူတွဲ သရုပ်ဆောင်မှုတွေကို ‘’ကျွန်တော့်ရဲ့ သူ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပြန်လည်တွေ့ရတော့မှာဖြစ်ပါတယ်။ ဒီအကြောင်းကိုလည်း ထုတ်လုပ်သူ ကိုဝေမင်းမောင်က အခုလို ပြောပြထားပါတယ်။
‘’ကျွန်တော်ရဲ့ သူ’’ Produced by 7th Sense Film Production’’ ဆိုပြီးတော့ ဇွန်လ ၁၇ ရက်နေ့ည ၉ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် နေတိုးနဲ့ မိုးဟေကို တို့ရဲ့ ဓာတ်ပုံကိုလည်း တင်ခဲ့တာ တွေ့ရပါတယ်။ ဒီဇာတ်ကားကိုတော့ ဇူလိုင်လ အတွင်းမှာ စတင်ရိုက်ကူးသွားမယ်လို့လည်း ကိုဝေမင်းမောင်က ဆက်လက်ပြောပြခဲ့ပါတယ်။ ‘’ (၇)လပိုင်းမှာ ရိုက်ကူးတော့မည့် ကျွန်တော်ရဲ့သူ ရုပ်ရှင်ဇာတ်ကားကြီး Production Team Line-up ( Teamwork ရှိတဲ့ အဖွဲ့အတွက် ကျေနပ်အားရမိ’’ လို့ ရေးသားခဲ့ပြန်ပါသေးတယ်။
နေတိုး(Nay Toe)က အကယ်ဒမီဆုများစွာ ပိုင်ဆိုင်ထားပြီး ဂုဏ်သတင်းကောင်းများနဲ့ ရပ်တည်နေတဲ့ ထိပ်တန်း မင်းသားတစ်လက် ဖြစ်ပါတယ်။ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာ ရုပ်ရှင်ပွဲတော် က ချီးမြငိ့တဲ့ The Best Actor ဆုကို မဟူရာ ရုပ်ရှင်ရုံ ရုပ်ရှင်ကားနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။
မိုးဟေကိုဟာ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး တီဗီကြော်ငြာတွေပဲ ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ဖြစ်တဲ့ မိုးရုပ်ရှင်ထုတ်လုပ်ရေးကနေ ဇာတ်ကားကောင်းတွေ ထွက်ရှိနိုင်ဖို့ ကြိုးစားနေတယ် လို့ သိရပါတယ်။ နောက်ထပ် ပိုးထည်ဆိုင်ဘက်မှာ လည်း ဦးဆောင်နေရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာလည်း မိခင်ဖြစ်သူရဲ့ ကျန်းမာရေး အခြေအနေကြောင့် အနုပညာအလုပ်တွေ ခဏရပ်နားထားတာဖြစ်ပါတယ်။
နေတိုးနဲ့ မိုးဟေကို တို့ တွဲဖက်သရုပ်ဆောင်ခဲ့ဖူးတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကတော့ ‘’မိုးညအိပ်မက်မြူ’’ ၊ ‘’ဂွတ်ရှယ်သမက်’’ ၊ ‘’ချောကလက်ဘေဘီ’’၊ ‘’ရက်စ်ဘော့စ်”၊ ‘’ချစ်စံအိမ်’’၊ ‘’ အမုန်းတွေ ခေါက်ထားလိုက်’’ စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ အတူတွဲ သရုပ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက် ဗီဒီယိုဇာတ်ကား ၂၅ ကား မှာလည်း အတူတွဲ သရုပ်ဆောင်ထားပါသေးတယ်။
Credit: Duwun