“ဇာတ်မင်းသားလေးအဖြစ် ထိပ်တန်းမင်းသမီးတွေနဲ့အတူ မြင်တွေ့ရမယ့် မြင့်မြတ်။”


မမှားပါဘူး..။



ထိပ်တန်းမင်းသမီးချောလေးတွေဖြစ်ကြတဲ့ ခိုင်သင်းကြည်၊ အေးဝတ်ရည်သောင်းနဲ့ စမိုင်းလ်တို့နဲ့အတူ ဇာတ်ကားရိုက်ကူးနေတာဖြစ်ပြီး
Credit \\ original
Unicode
ပရိသတ်တွေရဲ့ အချစ်တွေကို အနုပညာလောကမှာ အခိုင်အမာရရှိထားပြီး သဘာဝမင်းသားအဖြစ် ပရိသတ်တွေကြား
အမြဲရေပန်းစားတဲ့ ပြည်သူ့အသည်းကျော် မင်းသားချောကတော့ မြင့်မြတ်ပဲ ဖြစ်ပါတယ်..။
အောင်မြင်ကျော်ကြားတဲ့ ထိပ်တန်းမင်းသားအဖြစ် ရပ်တည်နေပေမယ့် ဂုဏ်ပကာသနတွေ မဖက်ပဲ နေထိုင်တတ်ပြီး အနေအေးတဲ့
သူ့ရဲ့ပုံရိပ်လေးတွေနဲ့ ရိုးသားပြီး ဟန်ဆောင်မှုကင်းမှုတွေကြောင့်လည်း ပရိသတ်တွေက အမြဲအားပေးချစ်ခင်နေကြတာဆိုလည်း
မမှားပါဘူး..။
ဂျင်းကောင်ဇာတ်ရုပ်နဲ့ ပရိသတ်တွေကြား ခေတ်စားခဲ့တာမို့ ဂျင်းကောင်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ပရိသတ်အသည်းကျော်
မြင့်မြတ်ကတော့ ဇာတ်ကားတွေဆက်တိုက်ရိုက်ကူးနေပြီး ပရိသတ်တွေနဲ့ အမြဲအဆက်မပြတ်ရှိနေသူလည်း ဖြစ်ပါတယ်နော်..။
အခုတစ်ခါမှာလည်း ပရိသတ်တွေ မမြင်ဖူးသေးတဲ့ ဇာတ်မင်းသားပုံစံလေးနဲ့ ပရိသတ်အချစ်တော် မင်းသမီးချောသုံးယောက်နဲ့အတူ
ဇာတ်ကရင်း ပရိသတ်တွေကို အချစ်ပိုအောင် လုပ်လိုက်ပြန်ပါတယ်နော်..။
ထိပ်တန်းမင်းသမီးချောလေးတွေဖြစ်ကြတဲ့ ခိုင်သင်းကြည်၊ ေအေးဝတ်ရည်သောင်းနဲ့ စမိုင်းလ်တို့နဲ့အတူ
ဇာတ်ကားရိုက်ကူးနေတာဖြစ်ပြီး ဇာတ်အဖွဲ့သားတွေအဖြစ် ရိုက်ကူးရတဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေကိုတော့ ပရိသတ်တွေလည်း
သဘောကျနေကြမှာပါနော်..။
ချစ်စရာကောင်းပြီး ပရိသတ်တွေသဘောကျနေကြတဲ့ ဇာတ်မင်းသား ဇာတ်မင်းသမီးပုံရိပ်လေးတွေနဲ့ မြင်တွေ့ရတဲ့ မြင့်မြတ်၊
ခိုင်သင်းကြည်၊ အေးဝတ်ရည်သောင်းနဲ့ စမိုင်းလ်တို့ရဲ့ ရိုက်ကွင်းပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက်
ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။
Credit \\ original

