မင္း ဒုကၡ ေရာက္ေနတာေတာင္ မကူညီရေကာင္းလား ဆိုၿပီး ေဒါသမထြက္ပါနဲ႔။ ဘယ္သူကမွ မင္းကိုကူညီဖို႔ တာဝန္ရွိမေနပါဘူး။
မင္းဒုကၡေရာက္ေနတာေတာင္မကူညီရေကာင္းလား ဆိုၿပီး ေဒါသမထြက္ပါနဲ႔။ဘယ္သူကမွ မင္းကိုကူညီဖို႔ တာဝန္ရွိမေနပါဘူး။မင္းရဲ႕အခက္အခဲေတြ အက်ပ္အတည္းေတြကိုအလိုက္တသိနဲ႔ နားမလည္ရေကာင္းလား လို႔
အျပစ္မတင္ခ်င္ပါနဲ႔။ဘယ္သူကမွ မင္းကိုနားလည္ေပးဖို႔လူလာျဖစ္ေနၾကတာ မဟုတ္ဘူး။
မင္းအထီးက်န္တယ္ အေဖာ္မျပဳရေကာင္းလား လို႔မနာၾကည္းလိုက္ပါနဲ႔။မင္းေလွ်ာက္ေနတဲ့လမ္းမွာမိသားစုေကာင္း/မိတ္ေဆြရင္း/အေဖာ္မြန္စစ္ပါခ်င္ ပါလာမယ္။ မပါခ်င္ မပါဘူး။လမ္းခုလတ္က လွည့္ထြက္သြားတာလည္းျဖစ္ခ်င္ျဖစ္မယ္။
ေသခ်ာတာ ကိုယ္သြားခ်င္တဲ့လမ္း!ကိုယ္တိုင္ဆံုးေအာင္ ဆက္ေလွ်ာက္ရမွာပဲ။!
ဂ႐ုစိုက္မယ့္သူရွိရင္ ဂ႐ုစိုက္ခံလိုက္။ဘယ္သူမွ မရွိဘူးလား?….ကိုယ့္ကိုယ္ကိုယ္ ဂ႐ုစိုက္!
ခ်စ္ေပးမယ့္သူရွိရင္ အခ်စ္ခံလိုက္။မခ်စ္ေတာ့ဘူးလား?လြတ္လပ္ခြင့္ေပးလိုက္! သူတစ္ပါးစိတ္ႏွလံုးအိမ္ထဲမွာ ေနရာတစ္ခုရဖို႔ဆိုတာမင္းေတာင္းဆိုလို႔ မရဘူး။ တစ္ဖက္ကေပးသေလာက္ပဲ မင္းေနရမယ္။ေက်နပ္တာ မနပ္တာ မင္းကိစၥပါ။ဘယ္သူကမွ မင္းခံစားခ်က္ကို ေမးေနမွာမဟုတ္ဘူး။
ဒါေတြဟာ သမ႐ိုးက်ျဖစ္စဥ္ေတြေလ။ေထြေထြထူးထူး ေၾကကြဲမေနနဲ႔။!ကိုယ့္ကိုကိုယ္မွ စိတ္ခ်မ္းသာေအာင္မထားရင္ဘယ္သူကမွ မင္းစိတ္ခ်မ္းသာေအာင္ထားႏိုင္မွာမဟုတ္ဘူးေနာ္။
Credit:NPK
# Unicode Version # ျဖင့္ ဖတ္ပါ #
မင်းဒုက္ခရောက်နေတာတောင်မကူညီရကောင်းလား ဆိုပြီး ဒေါသမထွက်ပါနဲ့။ဘယ်သူကမှ မင်းကိုကူညီဖို့ တာဝန်ရှိမနေပါဘူး။မင်းရဲ့အခက်အခဲတွေ အကျပ်အတည်းတွေကိုအလိုက်တသိနဲ့ နားမလည်ရကောင်းလား လို့အပြစ်မတင်ချင်ပါနဲ့။ဘယ်သူကမှ မင်းကိုနားလည်ပေးဖို့လူလာဖြစ်နေကြတာ မဟုတ်ဘူး။
မင်းအထီးကျန်တယ် အဖော်မပြုရကောင်းလား လို့မနာကြည်းလိုက်ပါနဲ့။မင်းလျှောက်နေတဲ့လမ်းမှာမိသားစုကောင်း/မိတ်ဆွေရင်း/အဖော်မွန်စစ်ပါချင် ပါလာမယ်။ မပါချင် မပါဘူး။လမ်းခုလတ်က လှည့်ထွက်သွားတာလည်းဖြစ်ချင်ဖြစ်မယ်။
သေချာတာ ကိုယ်သွားချင်တဲ့လမ်း!ကိုယ်တိုင်ဆုံးအောင် ဆက်လျှောက်ရမှာပဲ။!
ဂရုစိုက်မယ့်သူရှိရင် ဂရုစိုက်ခံလိုက်။ဘယ်သူမှ မရှိဘူးလား?….ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်!ချစ်ပေးမယ့်သူရှိရင် အချစ်ခံလိုက်။မချစ်တော့ဘူးလား?လွတ်လပ်ခွင့်ပေးလိုက်! သူတစ်ပါးစိတ်နှလုံးအိမ်ထဲမှာ နေရာတစ်ခုရဖို့ဆိုတာမင်းတောင်းဆိုလို့ မရဘူး။ တစ်ဖက်ကပေးသလောက်ပဲ မင်းနေရမယ်။ကျေနပ်တာ မနပ်တာ မင်းကိစ္စပါ။
ဘယ်သူကမှ မင်းခံစားချက်ကို မေးနေမှာမဟုတ်ဘူး။
ဒါတွေဟာ သမရိုးကျဖြစ်စဉ်တွေလေ။ထွေထွေထူးထူး ကြေကွဲမနေနဲ့။!ကိုယ့်ကိုကိုယ်မှ စိတ်ချမ်းသာအောင်မထားရင်ဘယ်သူကမှ မင်းစိတ်ချမ်းသာအောင်ထားနိုင်မှာမဟုတ်ဘူးနော်။
Credit:NPK


