ေလာကဝဋ္ကုိ မခံခ်င္ေတာ့လုိ႔ ..သားနဲ႔အတူ (၃၃၀)ေပအျမင့္ တံတားေပၚက… ခုန္ခ်တဲ့မိခင္
မၾကာခင္ ကာလက အိမ္ရာမဲ့ျဖစ္သြားတဲ့ အမ်ိဳးသမီးငယ္တစ္ေယာက္ဟာ ေလာကဝဋ္ကို မခံႏုိင္ေတာ့လုိ႔ (၁၀)ႏွစ္အရြယ္ သားငယ္နဲ႔အတူ ေပ(၃၃၀)အျမင့္ တံတားေပၚကေန ခုန္ခ်ၿပီး ေသေၾကာင္းႀကံစည္ခဲ့ပါတယ္။ အဆိုပါ အမ်ိဳးသမီးအမည္မွာ Jessy Paola Moreno Cruz ျဖစ္ပါတယ္။

သူမရဲ႕အသက္မွာ (၃၂)ႏွစ္ျဖစ္ၿပီး အတူတူ ေသဆုံးခဲ့တဲ့ သားရဲ႕အမည္ကေတာ့ May Ceballos ျဖစ္ပါတယ္။ ႏွစ္ဦးစလုံးကုိ ရဲနဲ႔ကယ္ဆယ္ေရးအဖြဲ႕ေတြက တားျမစ္ကယ္ဆယ္ဖုိ႔ ႀကိဳးစားခဲ့ေသာ္လည္း အခ်ီးအႏွီးသား ျဖစ္ခဲ့ရၿပီး၊ ေသေၾကာင္းႀကံစည္မႈ အထေျမာက္သြားခဲ့ပါတယ္။

ရဲနဲ႔ကယ္ဆယ္ေရးအဖြဲ႕ဝင္ေတြက အမ်ိဳးမ်ိဳး ေျဖာင္းဖ်နားခ်ေသာ္လည္း သူမက လက္ခံခဲ့ျခင္းမရွိဘဲ၊ တံးတားအစြန္းကေန ခုန္ခ်ေသေၾကာင္း ႀကံစည္သြားခဲ့တာပါ။ အေတာ္ေလး ရင္နာစရာေကာင္းတဲ့ ျမင္ကြင္းျဖစ္ၿပီး၊ အျပစ္မဲ့ သားကုိပါ ေသရြာေခၚသြားတဲ့အျဖစ္ပါ။

အခင္းျဖစ္ရာ ဗြီဒီယုိဖုိင္ကို မွတ္တမ္းတင္ထားေသာ္လည္း ရဲအမိန္႔အရ အမ်ားျပည္သူ ၾကည့္႐ႈရန္ မသင့္ေတာ္ေၾကာင္း သတ္မွတ္ခံထားရၿပီး၊ သတင္းမီဒီယာေတြကေန ေဖာ္ျပခြင့္ကို ကန္႔သတ္ပိတ္ပင္ထားသည္အထိ ျဖစ္ခဲ့ရပါတယ္။ ဒီအျဖစ္အပ်က္ဟာ ကုိလံဘီယာႏုိင္ငံ၊ Ibague ၿမိဳဳ႕မွာ ျဖစ္ခဲ့တာပါ။

ရဲေတြနဲ႔ ကယ္ဆယ္ေရးအဖြဲဲ႕ဝင္ေတြဟာ သူတုိ႔တစ္ေတြ ကယ္ဆယ္ဖုိ႔ ႀကိဳးစားရာမွာ မေအာင္ျမင္ခဲ့လုိ႔ ႀကိတ္မႏုိင္ခဲမရ ျဖစ္ခဲ့ၿပီး၊ အခ်င္းခ်င္း ေပြ႕ဖက္ ငုိေၾကြးသည္အထိ ျဖစ္ခဲ့ရပါတယ္။ သတင္းမွာ ေဖာ္ျပခ်က္အရေတာ့ ေသဆုံးသူ မိသားစုဟာ အိမ္ရာမဲ့ျဖစ္ၿပီးေနာက္ အိမ္ငွားဖုိ႔ပင္ ပိုက္ဆံမတက္ႏုိင္ၾကပါဘူးတဲ့။
- ရုပ္သံဖိုင္အား ၾကည့္ရႈရန္ နွိပ္ပါ
<iframe width=”560″ height=”315″ src=”https://www.youtube.com/embed/FZlGWVLEwG0″ frameborder=”0″ allow=”accelerometer; autoplay; encrypted-media; gyroscope; picture-in-picture” allowfullscreen></iframe>
credit – လင္းေဇာ္ကို (MyanmarNote)
- Unicode Version
မကြာခင် ကာလက အိမ်ရာမဲ့ဖြစ်သွားတဲ့ အမျိုးသမီးငယ်တစ်ယောက်ဟာ လောကဝဋ်ကို မခံနိုင်တော့လို့ (၁၀)နှစ်အရွယ် သားငယ်နဲ့အတူ ပေ(၃၃၀)အမြင့် တံတားပေါ်ကနေ ခုန်ချပြီး သေကြောင်းကြံစည်ခဲ့ပါတယ်။ အဆိုပါ အမျိုးသမီးအမည်မှာ Jessy Paola Moreno Cruz ဖြစ်ပါတယ်။
သူမရဲ့အသက်မှာ (၃၂)နှစ်ဖြစ်ပြီး အတူတူ သေဆုံးခဲ့တဲ့ သားရဲ့အမည်ကတော့ May Ceballos ဖြစ်ပါတယ်။ နှစ်ဦးစလုံးကို ရဲနဲ့ကယ်ဆယ်ရေးအဖွဲ့တွေက တားမြစ်ကယ်ဆယ်ဖို့ ကြိုးစားခဲ့သော်လည်း အချီးအနှီးသား ဖြစ်ခဲ့ရပြီး၊ သေကြောင်းကြံစည်မှု အထမြောက်သွားခဲ့ပါတယ်။
ရဲနဲ့ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက အမျိုးမျိုး ဖြောင်းဖျနားချသော်လည်း သူမက လက်ခံခဲ့ခြင်းမရှိဘဲ၊ တံးတားအစွန်းကနေ ခုန်ချသေကြောင်း ကြံစည်သွားခဲ့တာပါ။ အတော်လေး ရင်နာစရာကောင်းတဲ့ မြင်ကွင်းဖြစ်ပြီး၊ အပြစ်မဲ့ သားကိုပါ သေရွာခေါ်သွားတဲ့အဖြစ်ပါ။
အခင်းဖြစ်ရာ ဗွီဒီယိုဖိုင်ကို မှတ်တမ်းတင်ထားသော်လည်း ရဲအမိန့်အရ အများပြည်သူ ကြည့်ရှုရန် မသင့်တော်ကြောင်း သတ်မှတ်ခံထားရပြီး၊ သတင်းမီဒီယာတွေကနေ ဖော်ပြခွင့်ကို ကန့်သတ်ပိတ်ပင်ထားသည်အထိ ဖြစ်ခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ ကိုလံဘီယာနိုင်ငံ၊ Ibague မြိုု့မှာ ဖြစ်ခဲ့တာပါ။
ရဲတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာ သူတို့တစ်တွေ ကယ်ဆယ်ဖို့ ကြိုးစားရာမှာ မအောင်မြင်ခဲ့လို့ ကြိတ်မနိုင်ခဲမရ ဖြစ်ခဲ့ပြီး၊ အချင်းချင်း ပွေ့ဖက် ငိုကြွေးသည်အထိ ဖြစ်ခဲ့ရပါတယ်။ သတင်းမှာ ဖော်ပြချက်အရတော့ သေဆုံးသူ မိသားစုဟာ အိမ်ရာမဲ့ဖြစ်ပြီးနောက် အိမ်ငှားဖို့ပင် ပိုက်ဆံမတက်နိုင်ကြပါဘူးတဲ့။
- ရုပ္သံဖိုင္အား ၾကည့္ရႈရန္ နွိပ္ပါ
<iframe width=”560″ height=”315″ src=”https://www.youtube.com/embed/FZlGWVLEwG0″ frameborder=”0″ allow=”accelerometer; autoplay; encrypted-media; gyroscope; picture-in-picture” allowfullscreen></iframe>
credit – လင်းဇော်ကို (MyanmarNote)

