ေဟာင္ေကာင္တြင္ဆႏၵျပတဲ့ လူႏွစ္သန္းနီးပါးက လူနာတင္ကားအတြက္ တစ္ၿပိဳင္တည္းလမ္းဖယ္ေပးခဲ့တဲ့ အတြက္ ခ်ီးက်ဴးခံရ …
ေဟာင္ေကာင္၌ ျပည္ႏွင္ဒဏ္ဥပေဒ မူၾကမ္းကို ဆန္႔က်င္ဆႏၵထုတ္ေဖာ္ေနၾက သည့္လူေပါင္းႏွစ္သန္းနီးပါးက လူနာတင္ ကားအတြက္ တစ္ၿပိဳင္တည္းလမ္းဖယ္ေပး ခဲ့သည့္ဗီဒီယိုမွာ လူမႈကြန္ရက္မီဒီယာေပၚ တြင္ပ်ံ႕ႏွံ႔လ်က္ရွိၿပီး ခ်ီးက်ဴးခံခဲ့ရသည္ဟု သိရသည္။
ၾကည့္႐ႈသူေပါင္းေလးသန္းေက်ာ္ရွိ သည့္ဗီဒီယိုထဲတြင္ လူႏွစ္သန္းနီးပါးက လူနာတင္ကားအတြက္ တစ္ညီတစ္ညာ တည္းလမ္းလုပ္ေပးေနၾကသည္ကို စိတ္ လႈပ္ရွားစရာေကာင္းစြာျမင္ေတြ႕ၾကရ သည္။ အမည္းေရာင္မ်ားဝတ္ဆင္ထား ေသာေဟာင္ေကာင္ဆႏၵျပသူမ်ားက တ ႐ုတ္ျပည္မႀကီး၏လႊမ္းမိုးမႈမခံရေအာင္ လမ္းမႀကီးမ်ားကိုပိတ္ဆို႔ကာ ဆႏၵထုတ္ ေဖာ္ေနၾကျခင္းျဖစ္သည္။ သို႔ေသာ္ လူနာ တင္ကားကိုေတြ႕သည့္အခ်ိန္တြင္ ေရွ႕ဆုံး မွလူကစတင္ကာ အေနာက္လူမ်ားအား တစ္ဆင့္ခ်င္း လမ္းဖယ္ေပးရန္အခ်က္ျပ သြားသည့္နည္းျဖင့္ လူနာတင္ကားျဖတ္ ေက်ာ္ေမာင္းႏွင္ႏိုင္ေအာင္ လမ္းလုပ္ေပး ခဲ့ၾကသည္။ ၎မွာ လူသားခ်င္းစာနာ ေထာက္ထားမႈ၏ျပယုဒ္တစ္ခုျဖစ္သည့္အ တြက္ မီဒီယာမ်ား၌သာမက လူမႈကြန္ရက္ မီဒီယာစာမ်က္ႏွာမ်ားတြင္လည္း ခ်ီးက်ဴး ေျပာဆိုခံခဲ့ရသည္ဟု သိရသည္။
(AP,22.6.19) ေအးယုႏိုင္
pyimyanmarnews
Credit \\ original
Unicode ျဖင့္ဖတ္ရန္
ဟောင်ကောင်၌ ပြည်နှင်ဒဏ်ဥပဒေ မူကြမ်းကို ဆန့်ကျင်ဆန္ဒထုတ်ဖော်နေကြ သည့်လူပေါင်းနှစ်သန်းနီးပါးက လူနာတင် ကားအတွက် တစ်ပြိုင်တည်းလမ်းဖယ်ပေး ခဲ့သည့်ဗီဒီယိုမှာ လူမှုကွန်ရက်မီဒီယာပေါ် တွင်ပျံ့နှံ့လျက်ရှိပြီး ချီးကျူးခံခဲ့ရသည်ဟု သိရသည်။
ကြည့်ရှုသူပေါင်းလေးသန်းကျော်ရှိ သည့်ဗီဒီယိုထဲတွင် လူနှစ်သန်းနီးပါးက လူနာတင်ကားအတွက် တစ်ညီတစ်ညာ တည်းလမ်းလုပ်ပေးနေကြသည်ကို စိတ် လှုပ်ရှားစရာကောင်းစွာမြင်တွေ့ကြရ သည်။ အမည်းရောင်များဝတ်ဆင်ထား သောဟောင်ကောင်ဆန္ဒပြသူများက တ ရုတ်ပြည်မကြီး၏လွှမ်းမိုးမှုမခံရအောင် လမ်းမကြီးများကိုပိတ်ဆို့ကာ ဆန္ဒထုတ် ဖော်နေကြခြင်းဖြစ်သည်။ သို့သော် လူနာ တင်ကားကိုတွေ့သည့်အချိန်တွင် ရှေ့ဆုံး မှလူကစတင်ကာ အနောက်လူများအား တစ်ဆင့်ချင်း လမ်းဖယ်ပေးရန်အချက်ပြ သွားသည့်နည်းဖြင့် လူနာတင်ကားဖြတ် ကျော်မောင်းနှင်နိုင်အောင် လမ်းလုပ်ပေး ခဲ့ကြသည်။ ၎င်းမှာ လူသားချင်းစာနာ ထောက်ထားမှု၏ပြယုဒ်တစ်ခုဖြစ်သည့်အ တွက် မီဒီယာများ၌သာမက လူမှုကွန်ရက် မီဒီယာစာမျက်နှာများတွင်လည်း ချီးကျူး ပြောဆိုခံခဲ့ရသည်ဟု သိရသည်။
(AP,22.6.19) အေးယုနိုင်
pyimyanmarnews
Credit \\ original


