လိင္မဖြယ္မရာ ျပဳက်င့္သူေတြကို သင္းကြပ္မယ့္ ဥပေဒ အေမရိကန္ (အလာဘားမားျပည္နယ္) မွာ ျပဌာန္း
အေမရိကန္၊ အလာဘားမားျပည္နယ္ဟာ ကေလးသူငယ္ လိင္မဖြယ္မရာ ျပဳက်င့္တဲ့ တရားခံေတြကို ျပစ္ဒဏ္မေစ့ခင္ ခံ၀န္နဲ႔ ေထာင္က ျပန္လႊတ္ခြင့္ ေလွ်ာက္ထားလာရင္ ဓာတုေဗဒနည္းနဲ႔ သင္းကြပ္ထားၿပီးမွ ျပန္လႊတ္ေပးတဲ့ ဥပေဒတစ္ရပ္ကို ျပဌာန္းလိုက္ၿပီ ျဖစ္ပါတယ္။ အလာဘားမားျပည္နယ္လႊတ္ေတာ္က ေထာက္ခံတဲ့ ဒီဥပေဒသစ္ကို ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး အမ်ဳိးသမီးတစ္ဦးျဖစ္သူ ေကးအိုင္ဗီက မေန႔က လက္မွတ္ထုိး ျပဌာန္းတာျဖစ္ၿပီး ဒီဥပေဒအရ ကေလးသူငယ္ လိင္စိတ္တပ္မက္သူေတြကို သူတို႔ရဲ႕ လိင္ဆႏၵေတြ ေလ်ာ့နည္းေအာင္ ေဆး၀ါးနဲ႔ စီမံခံရမွာပါ။
အသက္ ၁၃ ႏွစ္ေအာက္ ကေလးေတြအေပၚ က်ဴးလြန္တဲ့ လိင္တရားခံေတြကို ေဆး၀ါးနဲ႔ လိင္စိတ္ သင္းကြပ္ထားတဲ့ ကုထုံးကို အက်ဥ္းသားေတြအေနနဲ႔ ခံယူရမွာ ျဖစ္ပါတယ္။
ဒီလို ကုထုံးနဲ႔ သင္္းကြပ္ထားတာကို တရားသူႀကီးျဖစ္သူက မလိုအပ္္ေတာ့ၿပီလို႔ ဆုံးျဖတ္တဲ့အထိ ခံယူၾကရမွာ ျဖစ္ၿပီး တကယ္လို႔ ဒီ ကုထုံးကို ဆက္လက္မခံယူခ်င္ေတာ့ဘူးဆိုရင္ေတာ့ က်န္ရွိတဲ့ ျပစ္ဒဏ္အတြက္ ေထာင္ေၾကြးျပန္ဆပ္ၿပီး ေထာင္ထဲ ျပန္၀င္ရမွာ ျဖစ္ပါတယ္။
ဒီီ ဥပေဒၾကမ္းကို ရီပတ္ဘရီကန္ လႊတ္ေတာ္အမတ္ စတိဗ္ဟတ္က အဆိုတင္ ေထာက္ခံၿပီး “တကယ္လို႔ ကေလးတစ္ဦးပဲ ျဖစ္ျဖစ္၊ ႏွစ္ဦးပဲ ျဖစ္ျဖစ္ ဒီဥပေဒေၾကာင့္ ေဘးကင္းၿပီး အဲဒီ ကေလးသူငယ္ လိင္မႈက်ဴးလြန္သူေတြလည္း ကေလးေတြကို ထိပါးတာမ်ဳိး ေလ်ာ့နည္းတယ္ဆိုရင္္ေတာ့ ဒါဟာ တကယ္ထိုက္တန္္ပါတယ္။”လို႔ ေျပာခဲ့ပါတယ္။ဒီဥပေဒကို စတိဗ္ဟတ္ဟာ လႊတ္ေတာ္မွာ တင္ျပေနတာ ဆယ္စုႏွစ္ တစ္ခုစာမက ၾကာေနၿပီး ခုမွ ဥပေဒၾကမ္းကို အတည္ျပဳလို႔ ျပည္နယ္အုပ္ခ်ဳပ္ေရးမွွဴးက လက္မွတ္ထိုးလိုက္တာ ျဖစ္ပါတယ္။ ဖခင္ကိုယ္တိုင္ ဥမမယ္စာမေျမာက္ ကေလးအေပၚ လိင္ထိပါးမႈျဖစ္ရပ္ကို ၾကားသိအၿပီးမွာ စတိဗ္ဟတ္ဟာ ဒီဥပေဒအတြက္ အျပင္းအထန္ ႀကိဳးစားလာခဲ့တာပါ။
“သူတို႔ရဲ႕ လုပ္ရပ္က ကေလးငယ္အတြက္ တစ္သက္တာ ဒဏ္ရာပဲ။ ဒါေၾကာင့္ ျပစ္ဒဏ္ကလည္း သူတို႔က်ဴးလြန္တာနဲ႔ ထိုက္တန္တာမ်ဳိး ျဖစ္ရမယ္။”လို႔ စတိဗ္ဟတ္က ေျပာခဲ့ပါတယ္။ ဒါေပမယ့္ အရပ္ဖက္အဖြဲ႔အစည္း တစ္ခ်ဳိ႕ကေတာ့ ဒီဥပေဒဟာ ရက္စက္ၿပီး ထုံးစံနည္းလမ္းလည္း မက်ေၾကာင္း ေ၀ဖန္ၾကပါတယ္။
Credit \\ original
အမေရိကန်၊ အလာဘားမားပြည်နယ်ဟာ ကလေးသူငယ် လိင်မဖွယ်မရာ ပြုကျင့်တဲ့ တရားခံတွေကို ပြစ်ဒဏ်မစေ့ခင် ခံဝန်နဲ့ ထောင်က ပြန်လွှတ်ခွင့် လျှောက်ထားလာရင် ဓာတုဗေဒနည်းနဲ့ သင်းကွပ်ထားပြီးမှ ပြန်လွှတ်ပေးတဲ့ ဥပဒေတစ်ရပ်ကို ပြဌာန်းလိုက်ပြီ ဖြစ်ပါတယ်။ အလာဘားမားပြည်နယ်လွှတ်တော်က ထောက်ခံတဲ့ ဒီဥပဒေသစ်ကို ပြည်နယ်အုပ်ချုပ်ရေးမှူး အမျိုးသမီးတစ်ဦးဖြစ်သူ ကေးအိုင်ဗီက မနေ့က လက်မှတ်ထိုး ပြဌာန်းတာဖြစ်ပြီး ဒီဥပဒေအရ ကလေးသူငယ် လိင်စိတ်တပ်မက်သူတွေကို သူတို့ရဲ့ လိင်ဆန္ဒတွေ လျော့နည်းအောင် ဆေးဝါးနဲ့ စီမံခံရမှာပါ။
အသက် ၁၃ နှစ်အောက် ကလေးတွေအပေါ် ကျူးလွန်တဲ့ လိင်တရားခံတွေကို ဆေးဝါးနဲ့ လိင်စိတ် သင်းကွပ်ထားတဲ့ ကုထုံးကို အကျဉ်းသားတွေအနေနဲ့ ခံယူရမှာ ဖြစ်ပါတယ်။
ဒီလို ကုထုံးနဲ့ သင််းကွပ်ထားတာကို တရားသူကြီးဖြစ်သူက မလိုအပ််တော့ပြီလို့ ဆုံးဖြတ်တဲ့အထိ ခံယူကြရမှာ ဖြစ်ပြီး တကယ်လို့ ဒီ ကုထုံးကို ဆက်လက်မခံယူချင်တော့ဘူးဆိုရင်တော့ ကျန်ရှိတဲ့ ပြစ်ဒဏ်အတွက် ထောင်ကြွေးပြန်ဆပ်ပြီး ထောင်ထဲ ပြန်ဝင်ရမှာ ဖြစ်ပါတယ်။
ဒီီ ဥပဒေကြမ်းကို ရီပတ်ဘရီကန် လွှတ်တော်အမတ် စတိဗ်ဟတ်က အဆိုတင် ထောက်ခံပြီး “တကယ်လို့ ကလေးတစ်ဦးပဲ ဖြစ်ဖြစ်၊ နှစ်ဦးပဲ ဖြစ်ဖြစ် ဒီဥပဒေကြောင့် ဘေးကင်းပြီး အဲဒီ ကလေးသူငယ် လိင်မှုကျူးလွန်သူတွေလည်း ကလေးတွေကို ထိပါးတာမျိုး လျော့နည်းတယ်ဆိုရင််တော့ ဒါဟာ တကယ်ထိုက်တန််ပါတယ်။”လို့ ပြောခဲ့ပါတယ်။ဒီဥပဒေကို စတိဗ်ဟတ်ဟာ လွှတ်တော်မှာ တင်ပြနေတာ ဆယ်စုနှစ် တစ်ခုစာမက ကြာနေပြီး ခုမှ ဥပဒေကြမ်းကို အတည်ပြုလို့ ပြည်နယ်အုပ်ချုပ်ရေးမှှူးက လက်မှတ်ထိုးလိုက်တာ ဖြစ်ပါတယ်။ ဖခင်ကိုယ်တိုင် ဥမမယ်စာမမြောက် ကလေးအပေါ် လိင်ထိပါးမှုဖြစ်ရပ်ကို ကြားသိအပြီးမှာ စတိဗ်ဟတ်ဟာ ဒီဥပဒေအတွက် အပြင်းအထန် ကြိုးစားလာခဲ့တာပါ။
“သူတို့ရဲ့ လုပ်ရပ်က ကလေးငယ်အတွက် တစ်သက်တာ ဒဏ်ရာပဲ။ ဒါကြောင့် ပြစ်ဒဏ်ကလည်း သူတို့ကျူးလွန်တာနဲ့ ထိုက်တန်တာမျိုး ဖြစ်ရမယ်။”လို့ စတိဗ်ဟတ်က ပြောခဲ့ပါတယ်။ ဒါပေမယ့် အရပ်ဖက်အဖွဲ့အစည်း တစ်ချို့ကတော့ ဒီဥပဒေဟာ ရက်စက်ပြီး ထုံးစံနည်းလမ်းလည်း မကျကြောင်း ဝေဖန်ကြပါတယ်။
Credit \\ original


