အရှေ့တံခါးအဝင် ဝတ္ထုကို ရေးဖွဲ့ခဲ့တဲ့အတွက် ကုလသမဂ္ဂက ဆုချီးမြှင့်ခံရတဲ့ ပုညခင်
လူသားချင်းစာနာစိတ်တစ်ခုနဲ့ #အရှေ့တံခါးအဝင် ဝတ္ထုကို ရေးဖွဲ့ခဲ့တဲ့အတွက် ကုလသမဂ္ဂAIDSပူးပေါင်းအစီအစဉ် (UNAIDS) ကပေးအပ်တဲ့ အသိအမှတ်ပြု ဂုဏ်ပြုလွှာကို ဒီနေ့ လက်ခံရရှိပါတယ် ။
ကျွန်မအနေနဲ့ကတော့ တစ်စုံတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုရဲ့အသိအမှတ်ပြုမှုကိုမျှော်ကိုးပြီး ဒီဝတ္ထုကိုရေးဖွဲ့ခဲ့တာမဟုတ်ပါဘူး ။ ကျွန်မရဲ့သဘောဆန္ဒအလျှောက် ရေးချင်တဲ့ဆန္ဒရှိလို့ ရေးခဲ့ခြင်းဖြစ်ပါတယ် ။
နိုင်ငံတကာအဖွဲ့အစည်းတစ်ခုက ကျွန်မရဲ့စာပေအနုပညာဖန်တီးမှုကို အသိအမှတ်ပြုပေးတဲ့အတွက်တော့ ဝမ်းမြောက်မိပါတယ် ။
Source ပုညခင်
Credit \ original




