ေအာင္စာရင္းမထြက္မီ ဓားျဖင့္အခုတ္ခံရတဲ့ ေက်ာင္းသူ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္ျမင္




ေအာင္စာရင္းမထြက္မီ ဓားျဖင့္အခုတ္ခံရသည့္ ေက်ာင္းသူ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္ျမင္

ေမာ္လၿမိဳင္၊ ဇြန္ ၈

ၾကာအင္ဆိတ္ႀကီးၿမိဳ႕နယ္၊ မွ်င္းဝါကုန္းေက်း႐ြာေန တကၠသိုလ္ဝင္တန္း ေအာင္စာရင္းမထြက္မီ ဓားျဖင့္အခုတ္ခံခဲ့ရသည့္ ေက်ာင္းသူမွာ ဇြန္လ ၈ ရက္ေန႕က ထုတ္ျပန္ေသာ တကၠသိုလ္ဝင္တန္းစာေမးပြဲကို ေအာင္ျမင္ခဲ့ေၾကာင္း သိရသည္။


အဆိုပါေက်ာင္းသူ မိမေလေထာသည္ ခုံအမွတ္ လအ ၄၃၀ ျဖင့္ ကရင္ျပည္နယ္၊ ၾကာအင္ဆိတ္ႀကီးၿမိဳ႕နယ္ စာစစ္႒ာနတြင္ ဝင္ေရာက္ေျဖဆိုခဲ့သူတစ္ဦးျဖစ္သည္။


အသက္ ၁၈ ႏွစ္အ႐ြယ္ မိမေလေထာသည္ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္စရင္းမထြက္မီ ဇြန္လ ၆ ရက္ေန႕က ၿခံတြင္ မိဘကို ဝိုင္းဝန္းကူညီေပး ေနစဥ္ ဇြန္လ ၆ ရက္ေန႕က အမည္မသိလူတစ္ဦးက ဓားျဖင့္ ခုတ္ခဲ့ေၾကာင္း သိရသည္။


ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ အဆိုပါေက်ာင္းသူသည္ တကၠသိုလ္ဝင္တန္းစာေမးပြဲေျဖဆိုၿပီးေနာက္ ေမာ္လၿမိဳင္ၿမိဳ႕ရွိ ရာမညရ႒တကၠသိုလ္ေက်ာင္းတြင္ အဂၤလိပ္စာသင္ယူေလ့လာၿပီး မိဘကို ကူညီရန္အတြက္ ႐ြာသို႔ ျပန္လည္ေရာက္ရွိသည္မွာ (၅) ရက္သာ ရွိေသးေၾကာင္း သိရသည္။

“အဲဒီလူက တဲကိုလာၿပီးေတာ့ ေရတစ္ခြက္ေတာင္းေသာက္တယ္၊ အဲဒီအခ်ိန္မွာပဲ သူ႕ကို လိုက္ဆြဲတာ ထင္တယ္။ သူက ေျပးေတာ့ ဓားနဲ႕ခုတ္လိုက္တယ္။ အဲဒီအခ်ိန္မွာ သူထြက္ေျပးေတာ့ သူ႕အေဖဆီမ ေရာက္ခင္မွာပဲ ေသြးထြက္မ်ားေတာ့ သတိေမ့သြားတယ္”ဟု နိုင္ဇာတိနိုင္က ေျပာသည္။

အေမျဖစ္သူကလယ္တဲမွ ႐ြာသို႔ ျပန္သြားစဥ္ အဆိုပါ ေက်ာင္းသူတစ္ဦးတည္း က်န္ရွိေနခ်ိန္တြင္ ယင္းသို႔ ျဖစ္ပြား ခဲ့ျခင္းျဖစ္သည္။

“အဲဒီလူက ဘယ္သူလဲဆိုတာ သူ႕ကိုေမးရင္ နာမည္ေတာ့ မသိဘူး။ လူကိုေတြ႕ရင္ေတာ့ မွတ္မိတယ္ အဲဒီလိုပဲ ေျပာျပနိုင္တယ္”ဟု မိသားစုဝင္တစ္ဦးက ေျပာသည္။

လက္ရွိအေျခအေနအရအဆိုပါ ေက်ာင္းသူသည္ ေမာ္လၿမိဳင္ၿမိဳ႕ေဆး႐ုံႀကီးတြင္ ေဆးကုသခံယူေနလ်က္ရွိၿပီး ဆရာဝန္၏ ေျပာျပခ်က္အရ ဦးေခါင္းခြံ ေပါက္ကြဲသြားေၾကာင္း မိသားစုဝင္က ေျပာျပသည္။

အဆိုပါ ျပစ္မႈက်ဴးလြန္ထားသူကို ဖမ္းဆီးနိုင္ျခင္း မရွိေသးေပ။ ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေက်း႐ြာအုပ္ခ်ဳပ္ ေရးမႉးႏွင့္ မြန္ျပည္သစ္ပါတီထံ တိုင္ၾကားထားေၾကာင္း သိရသည္။

ေအာင္ျမတ္
Photo – မိစႏၵာနန္

Credit  \ original

Unicode ျဖင့္ဖတ္ရန္

အောင်စာရင်းမထွက်မီ ဓားဖြင့်အခုတ်ခံရသည့် ကျောင်းသူ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်

မော်လမြိုင်၊ ဇွန် ၈

ကြာအင်ဆိတ်ကြီးမြို့နယ်၊ မျှင်းဝါကုန်းကျေးရွာနေ တက္ကသိုလ်ဝင်တန်း အောင်စာရင်းမထွက်မီ ဓားဖြင့်အခုတ်ခံခဲ့ရသည့် ကျောင်းသူမှာ ဇွန်လ ၈ ရက်နေ့က ထုတ်ပြန်သော တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်ခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းသူ မိမလေထောသည် ခုံအမှတ် လအ ၄၃၀ ဖြင့် ကရင်ပြည်နယ်၊ ကြာအင်ဆိတ်ကြီးမြို့နယ် စာစစ်ဋ္ဌာနတွင် ဝင်ရောက်ဖြေဆိုခဲ့သူတစ်ဦးဖြစ်သည်။

အသက် ၁၈ နှစ်အရွယ် မိမလေထောသည် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စရင်းမထွက်မီ ဇွန်လ ၆ ရက်နေ့က ခြံတွင် မိဘကို ဝိုင်းဝန်းကူညီပေး နေစဉ် ဇွန်လ ၆ ရက်နေ့က အမည်မသိလူတစ်ဦးက ဓားဖြင့် ခုတ်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အဆိုပါကျောင်းသူသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုပြီးနောက် မော်လမြိုင်မြို့ရှိ ရာမညရဋ္ဌတက္ကသိုလ်ကျောင်းတွင် အင်္ဂလိပ်စာသင်ယူလေ့လာပြီး မိဘကို ကူညီရန်အတွက် ရွာသို့ ပြန်လည်ရောက်ရှိသည်မှာ (၅) ရက်သာ ရှိသေးကြောင်း သိရသည်။

“အဲဒီလူက တဲကိုလာပြီးတော့ ရေတစ်ခွက်တောင်းသောက်တယ်၊ အဲဒီအချိန်မှာပဲ သူ့ကို လိုက်ဆွဲတာ ထင်တယ်။ သူက ပြေးတော့ ဓားနဲ့ခုတ်လိုက်တယ်။ အဲဒီအချိန်မှာ သူထွက်ပြေးတော့ သူ့အဖေဆီမ ရောက်ခင်မှာပဲ သွေးထွက်များတော့ သတိမေ့သွားတယ်”ဟု နိုင်ဇာတိနိုင်က ပြောသည်။

အမေဖြစ်သူကလယ်တဲမှ ရွာသို့ ပြန်သွားစဉ် အဆိုပါ ကျောင်းသူတစ်ဦးတည်း ကျန်ရှိနေချိန်တွင် ယင်းသို့ ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

“အဲဒီလူက ဘယ်သူလဲဆိုတာ သူ့ကိုမေးရင် နာမည်တော့ မသိဘူး။ လူကိုတွေ့ရင်တော့ မှတ်မိတယ် အဲဒီလိုပဲ ပြောပြနိုင်တယ်”ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

လက်ရှိအခြေအနေအရအဆိုပါ ကျောင်းသူသည် မော်လမြိုင်မြို့ဆေးရုံကြီးတွင် ဆေးကုသခံယူနေလျက်ရှိပြီး ဆရာဝန်၏ ပြောပြချက်အရ ဦးခေါင်းခွံ ပေါက်ကွဲသွားကြောင်း မိသားစုဝင်က ပြောပြသည်။

အဆိုပါ ပြစ်မှုကျူးလွန်ထားသူကို ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကျေးရွာအုပ်ချုပ် ရေးမှူးနှင့် မွန်ပြည်သစ်ပါတီထံ တိုင်ကြားထားကြောင်း သိရသည်။

အောင်မြတ်

Photo – မိစန္ဒာနန်

Credit  \ original

Recent Updates

Recent Posts Widget