“သမီးကို ညႇင္းပန္းႏွိပ္စက္တဲ့ သမက္ကို စိမ္ေျပနေၿပ ေဆာ္ပေလာ္တီးတဲ့ ေယာကၡမ (႐ုပ္သံ)”
“သမီးကို ညႇင္းပန္းႏွိပ္စက္တဲ့ သမက္ကို စိမ္ေျပနေၿပ ေဆာ္ပေလာ္တီးတဲ့ ေယာကၡမ (႐ုပ္သံ)”
တ႐ုတ္နိုင္ငံမွာ သမီးေပးထားရတဲ့ ေယာကၡမတစ္ဦးဟာ သူရဲ့သမီးကို အျမဲလိုလို ႏွိပ္စက္ေနတဲ့ သမက္ကို လူျမင္ကြင္း လမ္းမအလယ္မွာ စိမ္ေျပနေၿပ ေဆာ္ပေလာ္တီးၿပီး ဆုံးမခဲ့ပါတယ္။
ဒီအျဖစ္အပ်က္ကို အိမ္နီးနားခ်င္းတစ္ဦးက ဗြီဒီယိုမွတ္တမ္း ရယူထားၿပီး သမက္ခမ်ာ ေၾကာက္လြန္းလို႔ တုန္ေနရွာပါတယ္ …. ။
အဆိုပါသမက္ဟာ သမီးျဖစ္သူကို အျမဲလိုလို ညႇင္းပန္းအနိုင္က်င့္ေလ့ရွိေၾကာင္း၊ အစတုန္းကေတာ့ ေယာကၡမျဖစ္သူက သည္းခံေပမယ့္၊ ေနာက္ပိုင္းမွာ ဆိုးလြန္းမက ဆိုးလာလို႔ သူ႔ရဲ့သားျဖစ္သူနဲ႔အတူ သမက္ကို ဝိုင္းၿပီးထိုးႀကိတ္ ဆုံးမခဲ့ၾကတာျဖစ္ပါတယ္ …. ။
သမက္ကို လမ္းမအလယ္မွာ ႀကိမ္နဲ႔ စိမ္ေျပနေၿပ ေဆာ္ေနတာကို ဗြီဒီယိုထဲမွာ ေကာင္းစြာေတြ႕ရၿပီး ” ေဟ့ေကာင္ မင္းကို ေျပာထားမယ္ … ငါ့သမီးကို မင္းရိုက္ဖို႔ ညႇင္းပန္းဖို႔အတြက္ ေမြးထားမဟုတ္ဘူး နားလည္လား … “လို႔ မေအနဲ႔ ကိုင္တုတ္ၿပီးဆဲကာ ႀကိမ္နဲ႔ေဆာ္လိုက္၊ ေျခေထာက္နဲ႔ ကန္လိုက္နဲ႔ပါပဲ …. ။
သမက္ကေတာ့ ေသြးအလိမ္းလိမ္း ေပက်န္ေနတဲ့ ဒဏ္ရာေတြနဲ႔ မိန္းမရဲ့ ဖေအနဲ႔ေမာင္ျဖစ္သူတို႔ရဲ့ ျပဳသမမၽွ ႏုေနရပါတယ္။
ေယာကၡမက ” ေအး မင္း မိဘေတြက ေကာင္းေကာင္း သင္မထားလို႔ အခု မင္းကို တစ္ခါတည္း မွတ္မိေအာင္ သင္ေပးလိုက္မယ္ … “ဆိုၿပီး ေျပာခဲ့ပါေသးတယ္ …. ။
Credit \\ original
Unicode
“သမီးကို ညှင်းပန်းနှိပ်စက်တဲ့ သမက်ကို စိမ်ပြေနပြေ ဆော်ပလော်တီးတဲ့ ယောက္ခမ (ရုပ်သံ)”
တရုတ်နိုင်ငံမှာ သမီးပေးထားရတဲ့ ယောက္ခမတစ်ဦးဟာ သူရဲ့သမီးကို အမြဲလိုလို နှိပ်စက်နေတဲ့ သမက်ကို လူမြင်ကွင်း လမ်းမအလယ်မှာ စိမ်ပြေနပြေ ဆော်ပလော်တီးပြီး ဆုံးမခဲ့ပါတယ်။
ဒီအဖြစ်အပျက်ကို အိမ်နီးနားချင်းတစ်ဦးက ဗွီဒီယိုမှတ်တမ်း ရယူထားပြီး သမက်ခမျာ ကြောက်လွန်းလို့ တုန်နေရှာပါတယ် …. ။
အဆိုပါသမက်ဟာ သမီးဖြစ်သူကို အမြဲလိုလို ညှင်းပန်းအနိုင်ကျင့်လေ့ရှိကြောင်း၊ အစတုန်းကတော့ ယောက္ခမဖြစ်သူက သည်းခံပေမယ့်၊ နောက်ပိုင်းမှာ ဆိုးလွန်းမက ဆိုးလာလို့ သူ့ရဲ့သားဖြစ်သူနဲ့အတူ သမက်ကို ဝိုင်းပြီးထိုးကြိတ် ဆုံးမခဲ့ကြတာဖြစ်ပါတယ် …. ။
သမက်ကို လမ်းမအလယ်မှာ ကြိမ်နဲ့ စိမ်ပြေနပြေ ဆော်နေတာကို ဗွီဒီယိုထဲမှာ ကောင်းစွာတွေ့ရပြီး ” ဟေ့ကောင် မင်းကို ပြောထားမယ် … ငါ့သမီးကို မင်းရိုက်ဖို့ ညှင်းပန်းဖို့အတွက် မွေးထားမဟုတ်ဘူး နားလည်လား … “လို့ မအေနဲ့ ကိုင်တုတ်ပြီးဆဲကာ ကြိမ်နဲ့ဆော်လိုက်၊ ခြေထောက်နဲ့ ကန်လိုက်နဲ့ပါပဲ …. ။
သမက်ကတော့ သွေးအလိမ်းလိမ်း ပေကျန်နေတဲ့ ဒဏ်ရာတွေနဲ့ မိန်းမရဲ့ ဖအေနဲ့မောင်ဖြစ်သူတို့ရဲ့ ပြုသမမျှ နုနေရပါတယ်။
ယောက္ခမက ” အေး မင်း မိဘတွေက ကောင်းကောင်း သင်မထားလို့ အခု မင်းကို တစ်ခါတည်း မှတ်မိအောင် သင်ပေးလိုက်မယ် … “ဆိုပြီး ပြောခဲ့ပါသေးတယ် …. ။
Credit \\ original




