ထိပ်တန်းကမ္ဘာ့အမွေအနှစ်စာရင်းဝင် ၁၅ နေရာတွင် ပုဂံဒေသကို နံပါတ် (၃)ဖော်ပြ





ကနေဒါအခြေစိုက် နိုင်ငံတကာ ခရီးသွားလမ်းညွှန် ဝက်ဘ်ဆိုက် Planetware.comက ကမ္ဘာတစ်ဝန်း သွားရောက် လည်ပတ်သင့်သော ထိပ်တန်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ၁၅ နေရာကို ရွေးချယ်ဖော်ပြရာ ပုဂံ ဒေသသည် နံပါတ် (၃)နေရာ၌ ရပ်တည်နေသည်။
ယဉ်ကျေးမှုအမွေအနှစ် ၄,၀၀၀ ကျော် တစုတစည်းတည်း ရှိသော ရှေးဟောင်းမြို့တော် ပုဂံဒေသကို ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသအ ဖြစ် ဇူလိုင် ၆ ရက်က သတ်မှတ်ခဲ့သည်။ ပုဂံဒေသ ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်ပြီးနောက် ယင်းထိပ်တန်းစာရင်း၏ နံပါတ် (၃) နေရာ၌ ပါဝင်လာသည်။
‘‘ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်တယ်ဆိုရင်ပဲ ကမ္ဘာတစ်ဝန်းက သန်းပေါင်းများစွာသော ခရီးသွားတွေက မြန်မာနိုင်ငံကို စိတ်ဝင် စားမှု မြင့်တက်နေတာပါ၊ အဲဒါကြောင့် ဧည့်သည်တွေ တိုးတက်လာရင် အဆင့်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။ အခြေခံအဆောက်အအုံပိုင်း၊ ဝန်ဆောင်မှုအပိုင်း၊ သန့်ရှင်းလှပမှုအပိုင်း၊ စီမံခန့်ခွဲမှုတွေ အားကောင်းဖို့၊ ယူနက်စကိုစံနှုန်းနဲ့ညီဖို့ စတဲ့စိန်ခေါ်မှုတွေလည်း အများကြီးရှိနေပါတယ်’’ ဟု Nature Dream ခရီးသွားလုပ်ငန်းမန်နေဂျင်း ဒါရိုက်တာ ဒေါ်စံပယ် အောင်က ပြောသည်။

Planetware.com ဝက်ဘ်ဆိုက် ဖော်ပြချက်အရ ထိပ်တန်းကမ္ဘာ့အမွေအနှစ်စာရင်းဝင် ၁၅ နေရာတွင် ထိပ်တန်းငါးနေရာ အဖြစ် ပီရူးနိုင်ငံမှ Machu Picchu မြို့ဟောင်း၊ အီဂျစ်နိုင်ငံမှ ပိရမစ်၊မြန်မာနိုင်ငံမှ ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသ၊ ကမ္ဘောဒီးယား နိုင်ငံမှ အန်ကောဝပ် ဘုရား ကျောင်းနှင့် တရုတ်နိုင်ငံမှ Great Wall တံတိုင်းကြီးတို့ ပါဝင်သည်။
‘‘ကမ္ဘောဒီးယားမှာဆို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ပြီးနောက် ပိုင်း ဧည့်သည်ဝင်ရောက်မှုက ၃၀၀ ရာခိုင်နူန်း တိုးသွားတာပဲ လေ။ သုံးဆလောက် တက်သွားတဲ့သဘောပဲ။ ပုဂံမှာလည်း အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ထား ဖို့ လိုအပ်တာပေါ့။ ဧည့်သည်တွေလာတာက လာပြီးနာမည်ပျက် သွားရင်လည်း အလကားပဲလေ’’ ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုညွှန်မှူး ဦးလင်းထွဋ် ဦးက ပြောသည်။
ပုဂံဒေသ ယူနက်စကို စာရင်း ဝင် ဖြစ်လာခြင်းနှင့် နိုင်ငံတကာ ခရီးသွားဝက်ဘ်ဆိုက်များတွင် ဖော်ပြခံရခြင်းသည် ခရီးသွားဝင် ရောက်မှု မြင့်တက်လာစေရန် အလားအလာကောင်းမျာဖြစ်ပြီး ဧည့်သည်ဝင်ရောက်မှုနှုန်း အ နည်းဆုံး ၇ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင် ကြောင်း ဒေါ်စံပယ်အောင်က ပြောသည်။
‘‘သေချာတာကတော့ လာ မယ့်နှစ်မှာ ဂျပန်ခရီးသွားတွေ အများကြီး ပိုလာကြမယ်။ သူတို့က ကမ္ဘာ့အမွေအနှစ်ဖြစ်ပြီဆိုတဲ့ နေရာတွေကို ပိုသွားတတ်တဲ့အ တွက်ပါ။ ဥရောပ ခရီးသွားတွေ ကတော့ အနည်းဆုံးခြောက်လ၊ တစ်နှစ် အချိန်ယူပြီးတော့မှ လာ တတ်တာကြောင့် ဒီနှစ်မှာတော့ အများကြီးမလာနိုင်သေးဘူး’’ဟု ပုဂံဇုန် ဧည့်လမ်းညွှန်အသင်း နာယက ဦးဇော်ဝင်းချိုက ပြော သည်။

Credit  \\  original

Recent Updates

Recent Posts Widget

Post Comment