ေနာက္လိုက္သားသမီးေကာင္းျဖစ္ေအာင္.. ႀကိဳးစားသြားမယ္လို႔ ဆိုလိုက္တဲ့ ..ခ်စ္သုေဝ
[Zawgyi Version]
လင္းလင္းနဲ႕ ခ်စ္သုေဝတို႕ မိသားစုဟာ ဒီေန႕မွာ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ဆီ သြားေရာက္ေတြ႕ဆံုခဲ့ပါတယ္။ ေခတ္နဲ႕သစ္တုိ႕နဲ႕အတူ သြားခဲ့ၿပီး အေမစုအတြက္ ကန္ေတာ့ခဲ့ၿပီး ေမြးေန႕ဆုေတာင္း စကားေလးလည္း ေျပာထားပါေသးတယ္။
Photo : ခ်စ္သုေဝ
ဒီေန႕ (ဇြန္လ၁၉ရက္)ဟာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အသက္(၇၄)ႏွစ္ျပည့္ေမြးေန႕ျဖစ္ၿပီး ေမြးေန႕ေလးမွာ ခ်စ္သုေဝတို႕ မိသားစုဟာ ေဒၚေအာင္ဆန္းစုၾကည္ဆီ သြားေရာက္ေတြ႕ဆံုခဲ့တာ ျဖစ္ပါတယ္။ ခ်စ္သုေဝက ဒီတစ္ေခါက္ ေဒၚေအာင္ဆန္းစုၾကည္ဆီသြားရင္းနဲ႕ သူမကိုယ္ သူမ တာဝန္မေက် အားမကိုးရတဲ့ သမီးတစ္ေယာက္လို ခံစားရတယ္ဆိုၿပီး သူမရဲ႕ ခံစားခ်က္ကို ရင္ဖြင့္ထားတာေတြ႕ရပါတယ္။
“ေပ်ာ္ရႊင္စရာေမြးေန႔ပါ အေမစုဒီတစ္ခါအေမ့ဆီသြားေတာ့ တာဝန္မေက်အားမကိုးရတဲ့သမီး တစ္ေယာက္လို စိတ္ထဲအေတာ္ခံစားခဲ့ရတယ္။ ဟုတ္တယ္ ..သမီးေလးေတြေမြးၿပီးကတည္းက သမီး၂ေယာက္အေပၚ တာဝန္ေတြေက်ဖို႔ႀကိဳးစားရင္း မိသားစုအတြက္ အတၱေတြသိပ္ႀကီးလာခဲ့တဲ့ကိုယ္ဟာ အေမ့ေရွ႕မွာအားတံု႔အားနာမႈေ တြခံစားရတာမဆန္းပါဘူး။ဘာလို႔ဆို ဒီတိုင္းသူျပည္သားေတြနဲ႔ ဒီေျမအတြက္ မိန္းမတစ္ေယာက္,မိခင္တစ္ေယာက္ မစြန္႔ႏိုင္ေသာအရာေတြကို သူစြန္႔ခဲ့ရတာကိုး..
ကိုယ္ဆို စိတ္ကေလးေတာင္ေယာင္ရမ္းမေတြးၾကည့္ႏိုင္ဘူး.။အေမဟာ ေမတၱာႀကီးတယ္ ရဲရင့္တယ္ ျပတ္သားတယ္ သမာဓိအားႀကီးတယ္ တိုင္းျပည္လူမ်ိဳးကို ကိုယ္က်ိဳးစြန္႔ခ်စ္တယ္..တကယ့္ကို တစ္ေယာက္တည္းသာရွိတဲ့ စံျပႏိုင္ငံ့ေခါင္းေဆာင္တစ္ေယာက္ပဲ” ဆုိၿပီး ဇြန္လ(၁၉) ရက္ေန႕က သူမရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားတာေတြ႕ရပါတယ္။
Photo : ခ်စ္သုေဝ
အဲဒါေၾကာင့္လည္း သူမအေနနဲ႕ သူမႏိုင္တဲ့ဘက္ကေန ေဒၚေအာင္ဆန္းစုၾကည္အတြက္ ေနာက္လိုက္သားသမီးေကာင္း ျဖစ္ေအာင္ ႀကိဳးစားသြားပ့ါမယ္ဆိုၿပီး ဆက္လက္ေျပာထားပါေသးတယ္။
ခ်စ္သုေဝက လက္ရွိမွာ အႏုပညာအလုပ္ေတြလည္း လုပ္ကုိင္ေနတာျဖစ္သလုိ မိသားစုအေပၚမွာလည္း တာဝန္ေက်တဲ့ ဇနီးတစ္ေယာက္၊ သမီး ႏွစ္ေယာက္အေပၚမွာ အရမ္းေကာင္းတဲ့ မိခင္တစ္ေယာက္ျဖစ္ပါတယ္။ အဲဒီေနာက္ ေခတ္သစ္ ေဖာင္ေဒးရွင္းကုိလည္း ခင္ပြန္းျဖစ္သူ အဆုိေတာ္ လင္းလင္းနဲ႔ အတူ ဦးေဆာင္ေနတာ ေတြ႔ရပါတယ္။ ေဖာင္ေဒးရွင္းကေန ေအာင္ေအာင္ျမင္ျမင္ ေဆးကုသေပးႏုိင္ခဲ့တဲ့ ေမြးရာပါ ႏွလုံးေရာဂါရွင္ ကေလးေတြအတြက္လည္း သူမက ပီတိေတြျဖစ္လုိ႔ေနပါတယ္။
Photo : ခ်စ္သုေဝ
ခ်စ္သုေဝ(Chit Thu Wai) ဟာ အဆုိေတာ္တစ္ေယာက္အျဖစ္ အႏုပညာေလာကထဲကုိ စတင္ဝင္ေရာက္လာ တာျဖစ္ပါတယ္။ အဲ့ဒီေနာက္ သရုပ္ေဆာင္တစ္ဦး အျဖစ္နဲ႔ပါ ရပ္တည္ခဲ့ပါေသးတယ္။ ၂၀၁၄ ခုႏွစ္မွာေတာ့ အဆုိေတာ္ လင္းလင္းနဲ႔ လက္တြဲၿပီး အိမ္ေထာင္တစ္ခု တည္ေဆာက္ခဲ့ကာ ၂၀၁၇ ခုႏွစ္မွာ ခ်စ္စရာေကာင္းတဲ့ အျမႊာသမီးေလးေတြျဖစ္တဲ့ ေမျမန္မာသစ္နဲ႕ ေမျမန္မာေခတ္တုိ႔ကုိ ေမြးဖြားခဲ့ပါတယ္။ အခုဆိုရင္ အျမႊာသမီးေလးေတြရဲ႕ ေမေမခ်စ္သုေဝဟာ အႏုပညာအလုပ္ေတြ ျပန္လည္လုပ္ကိုင္ေနၿပီ ျဖစ္ပါတယ္။
Credit-Duwun
[Unicode Version]
လင်းလင်းနဲ့ ချစ်သုဝေတို့ မိသားစုဟာ ဒီနေ့မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဆီ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ခေတ်နဲ့သစ်တို့နဲ့အတူ သွားခဲ့ပြီး အမေစုအတွက် ကန်တော့ခဲ့ပြီး မွေးနေ့ဆုတောင်း စကားလေးလည်း ပြောထားပါသေးတယ်။
Photo : ချစ်သုဝေ
ဒီနေ့ (ဇွန်လ၁၉ရက်)ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၇၄)နှစ်ပြည့်မွေးနေ့ဖြစ်ပြီး မွေးနေ့လေးမှာ ချစ်သုဝေတို့ မိသားစုဟာ ဒေါ်အောင်ဆန်းစုကြည်ဆီ သွားရောက်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ချစ်သုဝေက ဒီတစ်ခေါက် ဒေါ်အောင်ဆန်းစုကြည်ဆီသွားရင်းနဲ့ သူမကိုယ် သူမ တာဝန်မကျေ အားမကိုးရတဲ့ သမီးတစ်ယောက်လို ခံစားရတယ်ဆိုပြီး သူမရဲ့ ခံစားချက်ကို ရင်ဖွင့်ထားတာတွေ့ရပါတယ်။
“ပျော်ရွှင်စရာမွေးနေ့ပါ အမေစုဒီတစ်ခါအမေ့ဆီသွားတော့ တာဝန်မကျေအားမကိုးရတဲ့သမီး တစ်ယောက်လို စိတ်ထဲအတော်ခံစားခဲ့ရတယ်။ ဟုတ်တယ် ..သမီးလေးတွေမွေးပြီးကတည်းက သမီး၂ယောက်အပေါ် တာဝန်တွေကျေဖို့ကြိုးစားရင်း မိသားစုအတွက် အတ္တတွေသိပ်ကြီးလာခဲ့တဲ့ကိုယ်ဟာ အမေ့ရှေ့မှာအားတုံ့အားနာမှုေ တွခံစားရတာမဆန်းပါဘူး။ဘာလို့ဆို ဒီတိုင်းသူပြည်သားတွေနဲ့ ဒီမြေအတွက် မိန်းမတစ်ယောက်,မိခင်တစ်ယောက် မစွန့်နိုင်သောအရာတွေကို သူစွန့်ခဲ့ရတာကိုး..
ကိုယ်ဆို စိတ်ကလေးတောင်ယောင်ရမ်းမတွေးကြည့်နိုင်ဘူး.။အမေဟာ မေတ္တာကြီးတယ် ရဲရင့်တယ် ပြတ်သားတယ် သမာဓိအားကြီးတယ် တိုင်းပြည်လူမျိုးကို ကိုယ်ကျိုးစွန့်ချစ်တယ်..တကယ့်ကို တစ်ယောက်တည်းသာရှိတဲ့ စံပြနိုင်ငံ့ခေါင်းဆောင်တစ်ယောက်ပဲ” ဆိုပြီး ဇွန်လ(၁၉) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။
Photo : ချစ်သုဝေ
အဲဒါကြောင့်လည်း သူမအနေနဲ့ သူမနိုင်တဲ့ဘက်ကနေ ဒေါ်အောင်ဆန်းစုကြည်အတွက် နောက်လိုက်သားသမီးကောင်း ဖြစ်အောင် ကြိုးစားသွားပ့ါမယ်ဆိုပြီး ဆက်လက်ပြောထားပါသေးတယ်။
ချစ်သုဝေက လက်ရှိမှာ အနုပညာအလုပ်တွေလည်း လုပ်ကိုင်နေတာဖြစ်သလို မိသားစုအပေါ်မှာလည်း တာဝန်ကျေတဲ့ ဇနီးတစ်ယောက်၊ သမီး နှစ်ယောက်အပေါ်မှာ အရမ်းကောင်းတဲ့ မိခင်တစ်ယောက်ဖြစ်ပါတယ်။ အဲဒီနောက် ခေတ်သစ် ဖောင်ဒေးရှင်းကိုလည်း ခင်ပွန်းဖြစ်သူ အဆိုတော် လင်းလင်းနဲ့ အတူ ဦးဆောင်နေတာ တွေ့ရပါတယ်။ ဖောင်ဒေးရှင်းကနေ အောင်အောင်မြင်မြင် ဆေးကုသပေးနိုင်ခဲ့တဲ့ မွေးရာပါ နှလုံးရောဂါရှင် ကလေးတွေအတွက်လည်း သူမက ပီတိတွေဖြစ်လို့နေပါတယ်။
Photo : ချစ်သုဝေ
ချစ်သုဝေ(Chit Thu Wai) ဟာ အဆိုတော်တစ်ယောက်အဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်လာ တာဖြစ်ပါတယ်။ အဲ့ဒီနောက် သရုပ်ဆောင်တစ်ဦး အဖြစ်နဲ့ပါ ရပ်တည်ခဲ့ပါသေးတယ်။ ၂၀၁၄ ခုနှစ်မှာတော့ အဆိုတော် လင်းလင်းနဲ့ လက်တွဲပြီး အိမ်ထောင်တစ်ခု တည်ဆောက်ခဲ့ကာ ၂၀၁၇ ခုနှစ်မှာ ချစ်စရာကောင်းတဲ့ အမြွှာသမီးလေးတွေဖြစ်တဲ့ မေမြန်မာသစ်နဲ့ မေမြန်မာခေတ်တို့ကို မွေးဖွားခဲ့ပါတယ်။ အခုဆိုရင် အမြွှာသမီးလေးတွေရဲ့ မေမေချစ်သုဝေဟာ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။
Credit- Duwun




