မင်းသားတွေကို ပီဇာတွေလို့ပဲ သဘောထားတယ်ဆိုတဲ့ ဟန်နာယူရီ
မိတ်ကပ် ပညာရှင် ဟန်နာယူရီက ချစ်ဖို့ကောင်းတဲ့ မျက်နှာအမူအရာလေးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ဟိုအရင် အချိန်က အတားအဆီး အခက်အခဲတွေ များစွာ ရင်ဆိုင်ခဲ့ရတဲ့ ဟန်နာယူရီက လတ်တလောမှာတော့ makeup ပိုင်းမှာရော
သရုပ်ဆောင်မှာပါ အဆင်ပြေနေတာ ဖြစ်ပါတယ်။ ကိုရီးယား မင်းသားနဲ့ တွဲဖက်ပြီး ဇာတ်ကား ရိုက်ကူးဖို့ ရှိသလို နိုင်ငံခြားမှာလည်း ကြော်ငြာအတွက် သွားရောက် ရိုက်ကူးရတာတွေ ရှိပါတယ်။ မင်းသားတွေနဲ့ သရုပ်ဆောင်ရတဲ့အခါ ထားဖြစ်တဲ့ စိတ်ထားကို
ဟန်နာယူရီက ခုလို ပြောပြသွားပါတယ်။“အရင်က သရုပ်ဆောင်နေရင် မင်းသားတွေကို အစားအသောက်တွေ ပီဇာတွေကို ကြည့်တဲ့ အကြည့်နဲ့ ကြည့်လိုက်တာ။ အရမ်းကြီး ခက်ခဲတာတို့ ရှိုးတို့ရှန်းတန်း ဖြစ်တာတို့ မရှိဘူး။ ဘာပဲဖြစ်ဖြစ် ကိုယ့်ချစ်သူလို့ သဘောမထားဘဲ အဲ့လူကို မောင်နှမလို သဘောထားလိုက်တာ။ ကိုယ့်ချစ်သူလို့ သဘောထားလိုက်ရင် နေရ ခက်သွားလိုက်မယ်။” လို့ ဆိုပါတယ်။ပျော်ပျော်ရွှင်ရွှင် နေတတ်ပြီး အစသန်သူ ဖြစ်ကြောင်းကိုလည်း ဟန်နာယူရီက ခုလို ဝန်ခံသွားပါတယ်။“အရင်တည်းက ပျော်ပျော်ရွှင်ရွှင် နေတတ်တယ်။ ဒါပေမဲ့ အရင်က မပျော်ခဲ့ရတာတွေ များတယ်။ ပြီးရင် တစ်ခါတစ်လေ ကိုယ့်ရဲ့ personal ကိစ္စတွေနဲ့ ရှုပ်နေရင် မျက်မှောင်တွေ ကြုတ်နေရောပေါ့နော်။
လူတွေကမြင်ရင် သူက မာနကြီးတယ်ဆိုပြီး အထင်လွဲမှုတွေ ရှိတယ်။ ခုနောက်ပိုင်းကျတော့ ပျော်ပျော်ရွှင်ရွှင်နေတယ်။ စိတ်ကို ချမ်းချမ်းသာသာ ထားတဲ့အချိန်မှာ ရုပ်က ကြည်လာတယ်။ ကိုယ့်ကို တွေ့ရင် အပြုံးတွေ ကူးစက် သွားတယ်ပေါ့နော်။” ဆိုပြီး ပြောပြသွားပါတယ်။အမြဲတမ်း အစသန်လို့ အဆဲခံရကြောင်းကိုလည်း ဟန်နာယူရီက ခုလို ပြောပြပါတယ်။“သူငယ်ချင်းတွေနဲ့ ဆိုရင် ပိုဆိုးတယ်။ ပိုပေါတယ်။ အကြောင်းသိတဲ့သူတွေဆိုရင် အစအနောက် သန်တယ်။ အိမ်မှာလည်း အစအနောက်သန်လို့ အိမ်ဆဲလဲ လို့ ခေါ်တယ်။ အမြဲတမ်း အစသန်လို့ ဆဲနေရတယ်။ သူငယ်ချင်းတွေဆိုလည်း အစအနောက် သန်ပါတယ်။ ငယ်ငယ်တုန်းက ပါပါးကို toilet ထဲမှာ သော့ပိတ်ပြီး စတာတို့ ရှိတယ်။ ယောက်ျားလေးလို့ ဆိုးဆိုး ရွားရွားအစသန်တာ” လို့ ဆိုပါတယ်။ဟန်နာယူရီက လတ်တလောမှာ အချစ်ထက် အရေးကြီးတဲ့ အရာတွေကို ဆောင်ရွက်နေရတာမို့ တစ်ယောက်တည်းပဲ နေဖြစ်မယ် ဆိုပြီး အင်တာဗျူးမှာ ဖြေကြားသွားပါတယ်။
Credit \\ original





