ရွိမွန္းမသိရပဲ ျမဳပ္ေနတဲ့ ပန္းစိမ္းထဲက ပိုးေကာင္ေတြကို ဖယ္ရွားနည္း…
ပန္းစိမ္းဟာ ေဆးဖက္၀င္တဲ့ ဟင္းသီးဟင္းရြက္တစ္မ်ိဳးအျဖစ္ လူေတြသိၾကပါတယ္။ အေမရိကန္ႏုိင္ငံမွာေတာ့ ပန္းစိမ္းေတြဟာ (၄၇) ရာခိုင္ႏႉန္းလူၾကိဳက္မ်ားတဲ့ ဟင္းသီးဟင္းရြက္တစ္မ်ိဳးျဖစ္ၿပီး ေျပာင္းဖူးကေတာ့ ဒုတိယေနရာကေန လိုက္ပါတယ္။ သုေတသနေတြအရ ပန္းစိမ္းမွာ ဆာလ္ဖိုရာဖိန္းအမည္ရတဲ့ ကြန္ေပါင္းတစ္မ်ိဳးပါ၀င္ၿပီး ၄င္းကြန္ေပါင္းဟာ ကင္ဆာကို တုိက္ဖ်က္ေပးႏိုင္စြမ္း ရွိပါတယ္။
ဒီလိုအာဟာရသတၱိေတြ ၾကြယ္၀စြာပါ၀င္ေနတဲ့ ပန္းစိမ္းေတြကုိ ဘယ္လိုေဆးေၾကာရမလဲဆိုတာ သင္သိပါရဲ႕လား….
ဖုန္မႉန္႔ေတြနဲ႔ ပိုးသတ္ေဆးေတြကို ဖယ္ရွားဖို႔ ပန္းစိမ္းေတြကို ေရမ်ားမ်ားနဲ႔ အရင္ေဆးေၾကာလိုက္ပါ။ လွီးတာခြ်တ္တာေတြ မလုပ္ပါနဲ႔ဦး။
ပန္းစိမ္းေခါင္းကို ေရထဲမွာ (၅-၁၀) မိနစ္ေလာက္ထိ ေရစိမ္ထားေပးပါ။ ဒါဆိုရင္ ပန္းစိမ္းထဲမွာပါတဲ့ ပိုးေကာင္ေတြဟာ ေရေပၚတက္လာႏိုင္ပါတယ္။ ဒါ့အျပင္ ပန္းစိမ္းကို လွီးျဖတ္လိုက္လို႔ အာဟာရတန္ဖိုးေလ်ာ့နည္းသြားတာကိုလည္း ကာကြယ္ႏိုင္ပါတယ္။
ပန္းစိမ္းကို ပင္စည္ကေန လွီးျဖတ္ပါ။ စနစ္တက်နဲ႔ ပန္းစိမ္းကို လွီးျဖတ္္တဲ့အခါ ပိုးေကာင္ေတြကို ေတြ႔ရပါလိမ့္မယ္။
သြားၾကားထိုးတံနဲ႔ ပိုးေကာင္ေတြကို ကေလာ္ထုတ္ပါ။ ပန္းစိမ္းကို ေရထဲမွာ စိမ္လိုက္တယ္ဆိုတိုင္း ပိုးေကာင္ေတြက သူ႔အလိုလို ထြက္လာတာ မဟုတ္ပါဘူး။ ဒါေၾကာင့္ သြားၾကားထိုးတံနဲ႔ ပိုးေကာင္ေတြကို ေသခ်ာထုတ္ယူတတ္ရပါတယ္။
ပိုးေကာင္ေလးေတြဟာ ပန္းစိမ္းပင္စည္အေရာင္နဲ႔ အတူတူပဲ ျဖစ္တာေၾကာင့္ ေသခ်ာေတြ႔မိဖို႔ ဂရုတစိုက္နဲ႔ ရွာေပးရမွာပါ။
ပန္းစိမ္းပင္စည္ေတြကိုလည္း ျဖတ္ေတာက္ၿပီးၿပီ၊ ပိုးေကာင္ေလးေတြကိုလည္း ဖယ္ထုတ္ၿပီးၿပီဆိုရင္ေတာ့ ေရေဆးဖို႔ အပိုင္းပဲ က်န္ပါေတာ့တယ္။
အေပၚမွာျပထားတဲ့အဆင့္ေတြက တကယ္ပဲ ရိုးရွင္းတာမို႔လို႔ နည္းနည္းေလး အင္အားစိုက္ထုတ္လိုက္ရံုနဲ႔ ပိုးေကာင္ေတြကို သန္႔စင္ၿပီးသားျဖစ္တဲ့ ပန္းစိမ္းေလးေတြကို ရရွိမွာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ အေကာင္ဗေလာင္ကင္းကင္းရွင္းရွင္းနဲ႔ ပန္းစိမ္းေလးေတြကို အာဟာရျပည့္ျပည့္စားရေအာင္ အိမ္ရွင္မေတြကို goodtimes အြန္လိုင္းစာမ်က္ႏွာကေန ကိုးကားၿပီး မွ်ေ၀ေပးလိုက္ပါတယ္ေနာ္။
Credit – Dew (SannThit)
Unicode
ပန်းစိမ်းဟာ ဆေးဖက်ဝင်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးအဖြစ် လူတွေသိကြပါတယ်။ အမေရိကန်နိုင်ငံမှာတော့ ပန်းစိမ်းတွေဟာ (၄၇) ရာခိုင်နှူန်းလူကြိုက်များတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပြီး ပြောင်းဖူးကတော့ ဒုတိယနေရာကနေ လိုက်ပါတယ်။ သုတေသနတွေအရ ပန်းစိမ်းမှာ ဆာလ်ဖိုရာဖိန်းအမည်ရတဲ့ ကွန်ပေါင်းတစ်မျိုးပါ၀င်ပြီး ၄င်းကွန်ပေါင်းဟာ ကင်ဆာကို တိုက်ဖျက်ပေးနိုင်စွမ်း ရှိပါတယ်။
ဒီလိုအာဟာရသတ္တိတွေ ကြွယ်ဝစွာပါ၀င်နေတဲ့ ပန်းစိမ်းတွေကို ဘယ်လိုဆေးကြောရမလဲဆိုတာ သင်သိပါရဲ့လား….
ဖုန်မှူန့်တွေနဲ့ ပိုးသတ်ဆေးတွေကို ဖယ်ရှားဖို့ ပန်းစိမ်းတွေကို ရေများများနဲ့ အရင်ဆေးကြောလိုက်ပါ။ လှီးတာချွတ်တာတွေ မလုပ်ပါနဲ့ဦး။
ပန်းစိမ်းခေါင်းကို ရေထဲမှာ (၅-၁၀) မိနစ်လောက်ထိ ရေစိမ်ထားပေးပါ။ ဒါဆိုရင် ပန်းစိမ်းထဲမှာပါတဲ့ ပိုးကောင်တွေဟာ ရေပေါ်တက်လာနိုင်ပါတယ်။ ဒါ့အပြင် ပန်းစိမ်းကို လှီးဖြတ်လိုက်လို့ အာဟာရတန်ဖိုးလျော့နည်းသွားတာကိုလည်း ကာကွယ်နိုင်ပါတယ်။
ပန်းစိမ်းကို ပင်စည်ကနေ လှီးဖြတ်ပါ။ စနစ်တကျနဲ့ ပန်းစိမ်းကို လှီးဖြတ််တဲ့အခါ ပိုးကောင်တွေကို တွေ့ရပါလိမ့်မယ်။
သွားကြားထိုးတံနဲ့ ပိုးကောင်တွေကို ကလော်ထုတ်ပါ။ ပန်းစိမ်းကို ရေထဲမှာ စိမ်လိုက်တယ်ဆိုတိုင်း ပိုးကောင်တွေက သူ့အလိုလို ထွက်လာတာ မဟုတ်ပါဘူး။ ဒါကြောင့် သွားကြားထိုးတံနဲ့ ပိုးကောင်တွေကို သေချာထုတ်ယူတတ်ရပါတယ်။
ပိုးကောင်လေးတွေဟာ ပန်းစိမ်းပင်စည်အရောင်နဲ့ အတူတူပဲ ဖြစ်တာကြောင့် သေချာတွေ့မိဖို့ ဂရုတစိုက်နဲ့ ရှာပေးရမှာပါ။
ပန်းစိမ်းပင်စည်တွေကိုလည်း ဖြတ်တောက်ပြီးပြီ၊ ပိုးကောင်လေးတွေကိုလည်း ဖယ်ထုတ်ပြီးပြီဆိုရင်တော့ ရေဆေးဖို့ အပိုင်းပဲ ကျန်ပါတော့တယ်။
အပေါ်မှာပြထားတဲ့အဆင့်တွေက တကယ်ပဲ ရိုးရှင်းတာမို့လို့ နည်းနည်းလေး အင်အားစိုက်ထုတ်လိုက်ရုံနဲ့ ပိုးကောင်တွေကို သန့်စင်ပြီးသားဖြစ်တဲ့ ပန်းစိမ်းလေးတွေကို ရရှိမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အကောင်ဗလောင်ကင်းကင်းရှင်းရှင်းနဲ့ ပန်းစိမ်းလေးတွေကို အာဟာရပြည့်ပြည့်စားရအောင် အိမ်ရှင်မတွေကို goodtimes အွန်လိုင်းစာမျက်နှာကနေ ကိုးကားပြီး မျှဝေပေးလိုက်ပါတယ်နော်။
Credit – Dew (SannThit)





