ကားအက္စီးဒင့္ေၾကာင့္ေသသြားတဲ့ ဖ်ာပုံေဆး႐ုံက ရင္နာစရာ ဆရာဝန္ သူတို႔၃ေယာက္အေၾကာင္းေလးေတြ
ကားအက္စီးဒင့္ေၾကာင့္ေသသြားတဲ့ ဖ်ာပုံေဆး႐ုံက ရင္နာစရာ ဆရာဝန္ သူတို႔၃ေယာက္အေၾကာင္းေလးေတြ
အမည္ မေဖာ္တတ္ေသာေဝဒနာ …
ဒီေန႔ ဖ်ာပုံေဆး႐ုံက ဆရာဝန္ ၃ေယာက္ ကားအက္စီးဒင့္ေၾကာင့္ေသတဲ့ သတင္းကို ဖတ္ရင္း ရင္ထဲ တင္းက်ပ္က်ပ္ႀကီး ခံစားမိရတယ္ ။
ဆရာဝန္ေလာကဆိုေတာ့ ကိုယ့္ခ်င္းထဲက မပါပါေစနဲ႔လို႔ ဆုေတာင္းခဲ့ေပမယ့္ မျပည့္ခဲ့ပါဘူး ။ေသတဲ့ ၃ေယာက္မွာ ၂ေယာက္က ေဆး ၂ က ၊ တစ္ေယာက္က ေဆး ၁ က ။ထုံစံအတိုင္း သူတို႔ wall ေတြကို ဝင္ၾကည့္မိတယ္ ။
ေဆး ၂ က ၂ေယာက္မွာ တစ္ေယာက္က same batch ။ေဝယံမ်ိဳးထက္ ဆိုတဲ့ တစ္ေယာက္ ……
ငယ္ငယ္ထဲက သူငယ္တန္းထဲက ေက်ာင္းတူတူတက္ခဲ့တဲ့ သူငယ္ခ်င္း ။
ဆယ္တန္းေအာင္ေတာ့လည္း အထက ၁ သဃၤန္းကၽြန္းကေန တူတူ ေအာင္ခဲ့ၾကတာ ။
အသားညိဳညိဳ ၊ အရပ္ အေနေတာ္ ၊ လူေကာင္ ညႇက္ညႇက္ ။
အျမဲတမ္း ျပဳံးျပဳံး ျပဳံးျပဳံးနဲ႔ ။ ကိုယ့္ကိုလည္း နာမည္ေျပာင္နဲ႔ စတတ္တယ္ ။
ေဘာလုံးလည္း ကန္တယ္ ။ စိတ္ထားလည္းေကာင္းတဲ့ေကာင္ ။
ၿပီးခဲ့တဲ့ ႏွစ္ က MSc ဝင္ခြင့္ ေျဖတုန္းကေတာင္ သူနဲ႔ ဆုံခဲ့ေသးတယ္ ။
မွတ္မွတ္ထင္ထင္ စကားေတြေတာင္ အမ်ားႀကီး ေျပာခဲ့ၾကေသးတာ ။
အစက ေသတဲ့သူအမည္ထဲမွာ သူ႔နာမည္ကို ဖတ္မိေတာ့ နာမည္တူတာေလာက္ပဲ ထင္ေနတာ ။
ေနာက္ေတာ့မွ သူ႔ ေဝါလ္မွာ RIP ေတြ ေတြ႕ေတာ့မွ ေသခ်ာသြားခဲ့တာ ။
သူ႔ ပရိုဖိုင္ ပုံက လြန္ခဲ့တဲ့ ၃ႏွစ္ထဲက တင္ထားတဲ့ပုံေလး ။
Cover photo က်ေတာ့ ေစတီတစ္ဆူ တည္နည္း အေၾကာင္း ပုံ ။
ေအာ္… မေသခင္ညကေတာ့ သူလည္း ေဖ့ဘုတ္ ထိုင္ၾကည့္ခဲ့မွာပဲ ။
အခု ကၽြန္ေတာ္တို႔ New feed ပြတ္သလို သူလည္း ထိုင္ပြတ္ခဲ့မွာပဲ ။
ေတြးၾကည့္လိုက္ေတာ့ ေသျခင္းတရားကို ကၽြန္ေတာ္ ေတာ္ေတာ္ေလး တုန္လႈပ္သြားခဲ့ရပါတယ္ ။
ကၽြန္ေတာ္တို႔ေတာင္ မသိလိုက္ဘဲ ေသျခင္းတရားက ကၽြန္ေတာ္တို႔ေဘးမွာ ေစာင့္ေနတာမ်ိဳးလည္း ျဖစ္နိုင္ပါတယ္ ။
ေနာင္ဘဝက်ရင္လည္း အခုလိုပဲ အျပဳံးခ်ိဳခ်ိဳနဲ႔ ေမြးဖြားလာပါဦး သူငယ္ခ်င္း ။
ဆရာဝန္အျဖစ္နဲ႔ လူနာေတြကို ကုသဖို႔ လူ႔ေလာကကို ျပန္လာခဲ့ပါဦး ။
အခုေတာ့ ခဏတာ အိပ္စက္ပါဦးေတာ့ ။
ညဘက္ ဂ်ဴတီေတြ မရွိတဲ့အရပ္ ၊ ဆရာဝန္ေတြကို ဆဲဆိုရိုင္းျပသူေတြ မရွိတဲ့ အရပ္ ၊ ဆူပူႀကိမ္းေမာင္းတတ္တဲ့ အႀကီးေတြ မရွိတဲ့အရပ္ ၊
လစာ နည္းတာကို ဂ႐ုစိုက္စရာ မလိုတဲ့အရပ္ ၊ စိတ္ဖိစီးမႈေတြ မရွိတဲ့အရပ္၊ အဲ့လိုမ်ိဳးအရပ္မ်ိဳးမွာ အိပ္ေရးဝေအာင္ အိပ္စက္လိုက္ပါဦး ။
ေနာက္တစ္ေယာက္ျဖစ္တဲ့ ပန္ဂ်ာထြယ္ ဆိုတဲ့ တစ္ေယာက္ကေတာ့ ေဆး ၁ က မို႔လို႔ ကၽြန္ေတာ္ မသိပါဘူး ။
ပိန္ပိန္ပါးပါး လွလွပပ မိန္းကေလး တစ္ေယာက္ပါပဲ ။ဗန္းေမာ္က ကခ်င္တိုင္းရင္းသူေလးလို႔ သိရပါတယ္ ။
သူ႔ facebook Cover photo ကိုၾကည့္ေတာ့ သူငယ္ခ်င္းေတြနဲ႔ စုရိုက္ထားတဲ့ပုံေလးပါ ။ လြန္ခဲ့တဲ့ ၃ႏွစ္ထဲက တင္ခဲ့တာပါ ။
သူ႔သူငယ္ခ်င္း သူ႔မိသားစုဝင္ေတြရဲ့ ရင္ထဲမွာေတာ့ သူဟာ ထာဝရ ရွင္သန္ေနမွာပါ ။
သူ႔ ေဝါလ္မွာ မႏွစ္က birthday wish လုပ္ထားတာ ၾကည့္ေတာ့ ဇူလိုင္ ၁၉ တဲ့ ။
ႏွစ္ေတြ တစ္ႏွစ္ၿပီး တစ္ႏွစ္ ၾကာလာတာနဲ႔အမၽွ ေပ်ာက္ကြယ္သြားေတာ့မယ့္ သူ႔ေဝါလ္က birthday wishေလးေတြ အေၾကာင္း ေတြးမိေတာ့လည္း ရင္ထဲ ဟာတာတာႀကီး ခံစားရမိပါတယ္ ။
ေနာင္ဘဝေတြမွာ ဒီလို အျဖစ္ဆိုးေတြ ေဝးပါေစ ……။
ဆရာဝန္အလုပ္က ကုသိုလ္ရတဲ့ အလုပ္မို႔ ဒီကုသိုလ္ေတြက သူ႔ရဲ့ တမလြန္ဘဝအတြက္ လုံေလာက္ေနမွာပါ ။
လူ႔အသက္ေတြကို ကယ္တင္ဖို႔အတြက္ လူ႔ဘဝကို တစ္ေက်ာ့ျပန္ လာခဲ့ပါဦး ေဒါက္တာေရ ။
ေနာက္ ေကာင္မေလး တစ္ေယာက္ျဖစ္တဲ့ ေအးျမတ္သူ ဆိုတာကေတာ့ ကၽြန္ေတာ္တို႔ရဲ့ ဂ်ဴနီယာတန္းကပါ ။
သူ႔ခ်စ္သူက ကၽြန္ေတာ္တို႔ same batch ထဲကပဲမို႔ တခါတေလ စုံတြဲပုံေလးေတြ တြဲတင္ရင္ ေတြ႕ဖူးတဲ့ ဂ်ဴနီယာေလးပါ ။
ထုံးစံအတိုင္း သူ႔ေဝါလ္ ဝင္ၾကည့္ျဖစ္ေတာ့ သူ႔ေကာင္ေလးကို စထား ေနာက္ထားတဲ့ ပို႔စ္တစ္ခ်ိဳ႕ ေတြ႕ရတယ္ ။
Cover photo ကေနဝင္ခ်ိန္ ျမစ္ကမ္းနံေဘးမွာ ရိုက္ထားတဲ့ပုံေလး ။
အဲ့အခ်ိန္ကေတာ့ သူ႔ဘဝ ေနဝင္ခ်ိန္ဟာ ဘယ္အခ်ိန္မွန္း သူ သိနိုင္ခဲ့ပါ့မလား ။
Profile ပုံကို ၾကည့္ေတာ့ ႏွင္းဆီပန္းစည္းႀကီးကို ေပြ႕ဖက္ နမ္းရွိုက္လို႔ ။
အဲ့ ပန္းစည္းက ခ်စ္သူမ်ားေန႔မွာ သူ႔ခ်စ္သူ သူ႔ကို ေပးခဲ့တဲ့ ပန္းစည္းႀကီး ။
ခ်စ္သူမ်ားေန႔က ပို႔စ္မွာ သူေရးခဲ့တာက ၃ႏွစ္တာ ရန္ျဖစ္ၿပီးခ်ိန္မွာ I received the very first ( and may be the last) boutique ဆိုၿပီး ေရးခဲ့တာပါ ။
May be the last ကို ေသေသခ်ာခ်ာ ကြင္းခတ္ ေရးခဲ့တာကို ၾကည့္ရင္း စိတ္ထဲ နိမိတ္ဆိုတာႀကီးကို မယုံဘူးလို႔ ျငင္းေနခဲ့မိပါတယ္ ။
ဒီေန႔ သူ႔ခ်စ္သူ တင္လိုက္တဲ့ ပို႔စ္ကလည္း ရင္နင့္ စရာပါ ။
အခ်စ္ရယ္… ဘုရားရွင္ ရင္ခြင္ကို အရင္သြားပါေတာ့တဲ့ ။
ရွင္ကြဲမွာ ျပန္ဆုံဖို႔ ေမၽွာ္လင့္ခ်က္ ရွိေသးေပမယ့္ ေသကြဲမွာေတာ့ ျပန္ဆုံဖို႔္ မရွိေတာ့ပါဘူး ။
ေသမင္းဟာ သူေခၚသြားၿပီးတဲ့ လူေတြကို ျပန္ပို႔ရိုးထုံးစံ မရွိပါဘူး ။
သံသရာမွာ ထပ္ဆုံခဲ့ၾကရင္ ဒီလိုကံတရားမ်ိဳး ေဝးၿပီး ရိုးေျမက် ေပါင္းဖက္ရေသာ ကံတရားမ်ိဳးနဲ႔သာ ဆုံစည္းနိုင္ဖို႔ ဆုေတာင္းေပးလိုက္ရပါေတာ့တယ္ ။
ယေန႔ ေကာင္းရာဘုံဘဝ ကူးေျပာင္းသြားၾကေသာ ဆရာဝန္မ်ားအား မိသားစုႏွင့္အတူ ဝမ္းနည္းမိပါသည္ ။
ၿငိမ္းခ်မ္းစြာ အနားယူနိုင္ၾကပါေစ ……။Derick Min Htet Naing / Via>>Htet Aung
Credit \\ original
ကားအက်စီးဒင့်ကြောင့်သေသွားတဲ့ ဖျာပုံဆေးရုံက ရင်နာစရာ ဆရာဝန် သူတို့၃ယောက်အကြောင်းလေးတွေ
အမည် မဖော်တတ်သောဝေဒနာ …
ဒီနေ့ ဖျာပုံဆေးရုံက ဆရာဝန် ၃ယောက် ကားအက်စီးဒင့်ကြောင့်သေတဲ့ သတင်းကို ဖတ်ရင်း ရင်ထဲ တင်းကျပ်ကျပ်ကြီး ခံစားမိရတယ် ။
ဆရာဝန်လောကဆိုတော့ ကိုယ့်ချင်းထဲက မပါပါစေနဲ့လို့ ဆုတောင်းခဲ့ပေမယ့် မပြည့်ခဲ့ပါဘူး ။သေတဲ့ ၃ယောက်မှာ ၂ယောက်က ဆေး ၂ က ၊ တစ်ယောက်က ဆေး ၁ က ။ထုံစံအတိုင်း သူတို့ wall တွေကို ဝင်ကြည့်မိတယ် ။
ဆေး ၂ က ၂ယောက်မှာ တစ်ယောက်က same batch ။ဝေယံမျိုးထက် ဆိုတဲ့ တစ်ယောက် ……
ငယ်ငယ်ထဲက သူငယ်တန်းထဲက ကျောင်းတူတူတက်ခဲ့တဲ့ သူငယ်ချင်း ။
ဆယ်တန်းအောင်တော့လည်း အထက ၁ သင်္ဃန်းကျွန်းကနေ တူတူ အောင်ခဲ့ကြတာ ။
အသားညိုညို ၊ အရပ် အနေတော် ၊ လူကောင် ညှက်ညှက် ။
အမြဲတမ်း ပြုံးပြုံး ပြုံးပြုံးနဲ့ ။ ကိုယ့်ကိုလည်း နာမည်ပြောင်နဲ့ စတတ်တယ် ။
ဘောလုံးလည်း ကန်တယ် ။ စိတ်ထားလည်းကောင်းတဲ့ကောင် ။
ပြီးခဲ့တဲ့ နှစ် က MSc ဝင်ခွင့် ဖြေတုန်းကတောင် သူနဲ့ ဆုံခဲ့သေးတယ် ။
မှတ်မှတ်ထင်ထင် စကားတွေတောင် အများကြီး ပြောခဲ့ကြသေးတာ ။
အစက သေတဲ့သူအမည်ထဲမှာ သူ့နာမည်ကို ဖတ်မိတော့ နာမည်တူတာလောက်ပဲ ထင်နေတာ ။
နောက်တော့မှ သူ့ ဝေါလ်မှာ RIP တွေ တွေ့တော့မှ သေချာသွားခဲ့တာ ။
သူ့ ပရိုဖိုင် ပုံက လွန်ခဲ့တဲ့ ၃နှစ်ထဲက တင်ထားတဲ့ပုံလေး ။
Cover photo ကျတော့ စေတီတစ်ဆူ တည်နည်း အကြောင်း ပုံ ။
အော်… မသေခင်ညကတော့ သူလည်း ဖေ့ဘုတ် ထိုင်ကြည့်ခဲ့မှာပဲ ။
အခု ကျွန်တော်တို့ New feed ပွတ်သလို သူလည်း ထိုင်ပွတ်ခဲ့မှာပဲ ။
တွေးကြည့်လိုက်တော့ သေခြင်းတရားကို ကျွန်တော် တော်တော်လေး တုန်လှုပ်သွားခဲ့ရပါတယ် ။
ကျွန်တော်တို့တောင် မသိလိုက်ဘဲ သေခြင်းတရားက ကျွန်တော်တို့ဘေးမှာ စောင့်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ် ။
နောင်ဘဝကျရင်လည်း အခုလိုပဲ အပြုံးချိုချိုနဲ့ မွေးဖွားလာပါဦး သူငယ်ချင်း ။
ဆရာဝန်အဖြစ်နဲ့ လူနာတွေကို ကုသဖို့ လူ့လောကကို ပြန်လာခဲ့ပါဦး ။
အခုတော့ ခဏတာ အိပ်စက်ပါဦးတော့ ။
ညဘက် ဂျူတီတွေ မရှိတဲ့အရပ် ၊ ဆရာဝန်တွေကို ဆဲဆိုရိုင်းပြသူတွေ မရှိတဲ့ အရပ် ၊ ဆူပူကြိမ်းမောင်းတတ်တဲ့ အကြီးတွေ မရှိတဲ့အရပ် ၊
လစာ နည်းတာကို ဂရုစိုက်စရာ မလိုတဲ့အရပ် ၊ စိတ်ဖိစီးမှုတွေ မရှိတဲ့အရပ်၊ အဲ့လိုမျိုးအရပ်မျိုးမှာ အိပ်ရေးဝအောင် အိပ်စက်လိုက်ပါဦး ။
နောက်တစ်ယောက်ဖြစ်တဲ့ ပန်ဂျာထွယ် ဆိုတဲ့ တစ်ယောက်ကတော့ ဆေး ၁ က မို့လို့ ကျွန်တော် မသိပါဘူး ။
ပိန်ပိန်ပါးပါး လှလှပပ မိန်းကလေး တစ်ယောက်ပါပဲ ။ဗန်းမော်က ကချင်တိုင်းရင်းသူလေးလို့ သိရပါတယ် ။
သူ့ facebook Cover photo ကိုကြည့်တော့ သူငယ်ချင်းတွေနဲ့ စုရိုက်ထားတဲ့ပုံလေးပါ ။ လွန်ခဲ့တဲ့ ၃နှစ်ထဲက တင်ခဲ့တာပါ ။
သူ့သူငယ်ချင်း သူ့မိသားစုဝင်တွေရဲ့ ရင်ထဲမှာတော့ သူဟာ ထာဝရ ရှင်သန်နေမှာပါ ။
သူ့ ဝေါလ်မှာ မနှစ်က birthday wish လုပ်ထားတာ ကြည့်တော့ ဇူလိုင် ၁၉ တဲ့ ။
နှစ်တွေ တစ်နှစ်ပြီး တစ်နှစ် ကြာလာတာနဲ့အမျှ ပျောက်ကွယ်သွားတော့မယ့် သူ့ဝေါလ်က birthday wishလေးတွေ အကြောင်း တွေးမိတော့လည်း ရင်ထဲ ဟာတာတာကြီး ခံစားရမိပါတယ် ။
နောင်ဘဝတွေမှာ ဒီလို အဖြစ်ဆိုးတွေ ဝေးပါစေ ……။
ဆရာဝန်အလုပ်က ကုသိုလ်ရတဲ့ အလုပ်မို့ ဒီကုသိုလ်တွေက သူ့ရဲ့ တမလွန်ဘဝအတွက် လုံလောက်နေမှာပါ ။
လူ့အသက်တွေကို ကယ်တင်ဖို့အတွက် လူ့ဘဝကို တစ်ကျော့ပြန် လာခဲ့ပါဦး ဒေါက်တာရေ ။
နောက် ကောင်မလေး တစ်ယောက်ဖြစ်တဲ့ အေးမြတ်သူ ဆိုတာကတော့ ကျွန်တော်တို့ရဲ့ ဂျူနီယာတန်းကပါ ။
သူ့ချစ်သူက ကျွန်တော်တို့ same batch ထဲကပဲမို့ တခါတလေ စုံတွဲပုံလေးတွေ တွဲတင်ရင် တွေ့ဖူးတဲ့ ဂျူနီယာလေးပါ ။
ထုံးစံအတိုင်း သူ့ဝေါလ် ဝင်ကြည့်ဖြစ်တော့ သူ့ကောင်လေးကို စထား နောက်ထားတဲ့ ပို့စ်တစ်ချို့ တွေ့ရတယ် ။
Cover photo ကနေဝင်ချိန် မြစ်ကမ်းနံဘေးမှာ ရိုက်ထားတဲ့ပုံလေး ။
အဲ့အချိန်ကတော့ သူ့ဘဝ နေဝင်ချိန်ဟာ ဘယ်အချိန်မှန်း သူ သိနိုင်ခဲ့ပါ့မလား ။
Profile ပုံကို ကြည့်တော့ နှင်းဆီပန်းစည်းကြီးကို ပွေ့ဖက် နမ်းရှိုက်လို့ ။
အဲ့ ပန်းစည်းက ချစ်သူများနေ့မှာ သူ့ချစ်သူ သူ့ကို ပေးခဲ့တဲ့ ပန်းစည်းကြီး ။
ချစ်သူများနေ့က ပို့စ်မှာ သူရေးခဲ့တာက ၃နှစ်တာ ရန်ဖြစ်ပြီးချိန်မှာ I received the very first ( and may be the last) boutique ဆိုပြီး ရေးခဲ့တာပါ ။
May be the last ကို သေသေချာချာ ကွင်းခတ် ရေးခဲ့တာကို ကြည့်ရင်း စိတ်ထဲ နိမိတ်ဆိုတာကြီးကို မယုံဘူးလို့ ငြင်းနေခဲ့မိပါတယ် ။
ဒီနေ့ သူ့ချစ်သူ တင်လိုက်တဲ့ ပို့စ်ကလည်း ရင်နင့် စရာပါ ။
အချစ်ရယ်… ဘုရားရှင် ရင်ခွင်ကို အရင်သွားပါတော့တဲ့ ။
ရှင်ကွဲမှာ ပြန်ဆုံဖို့ မျှော်လင့်ချက် ရှိသေးပေမယ့် သေကွဲမှာတော့ ပြန်ဆုံဖို့် မရှိတော့ပါဘူး ။
သေမင်းဟာ သူခေါ်သွားပြီးတဲ့ လူတွေကို ပြန်ပို့ရိုးထုံးစံ မရှိပါဘူး ။
သံသရာမှာ ထပ်ဆုံခဲ့ကြရင် ဒီလိုကံတရားမျိုး ဝေးပြီး ရိုးမြေကျ ပေါင်းဖက်ရသော ကံတရားမျိုးနဲ့သာ ဆုံစည်းနိုင်ဖို့ ဆုတောင်းပေးလိုက်ရပါတော့တယ် ။
ယနေ့ ကောင်းရာဘုံဘဝ ကူးပြောင်းသွားကြသော ဆရာဝန်များအား မိသားစုနှင့်အတူ ဝမ်းနည်းမိပါသည် ။
ငြိမ်းချမ်းစွာ အနားယူနိုင်ကြပါစေ ……။Derick Min Htet Naing / Via>>Htet Aung
Credit \\ original





