မူးယစ္ေဆးဝါး လက္ၾကီးသမားေတြကို သတင္းေပး တိုင္ၾကားဖို႔ သမၼတကိုယ္တိုင္ တိုက္တြႏ္း
မူးယစ္ေဆး၀ါးေရာင္း၀ယ္ေဖာက္ကားေနတဲ့ လက္ႀကီးသမားေတြကုိ ဖမ္းဆီးရမိဖုိ႔ အတြက္ ျပည္သူေတြအေနနဲ႔ လုံၿခဳံစိတ္စြာနဲ႔ သတင္းေပးတိုင္ၾကားေပးၾကဖုိ႔ကုိ
ဒီကေန႔ ဇြန္လ ၂၆ ရက္က ေနျပည္ေတာ္မွာရွိတဲ႔ အျပည္ျပည္ဆုိင္ရာ ကြန္ဗင္းရွင္းစင္တာ ၂ မွာ က်င္းပတဲ့ အျပည္ျပည္ဆုိင္ရာ မူးယစ္ေဆး၀ါးအလြဲသုံးစားမႈနဲ႔ တရားမ၀င္ေရာင္း၀ယ္မႈ တုိက္ဖ်က္ေရးေန႔ အခမ္းအနားမွာ
ႏုိင္ငံေတာ္သမၼတက ေျပာၾကားခဲ့ပါတယ္။
၂၀၁၈-၂၀၁၉ ခုႏွစ္အတြင္ ႏုိင္ငံတ၀န္းကေန မူးယစ္ေဆး၀ါးအမ်ဳိးေပါင္း ၅၂ မ်ဳိးကုိ ဖမ္းဆီးရမိခဲ့ၿပီး ဒီကေန႔မွာပဲ ရန္ကုန္၊ မႏၱေလး၊ ေတာင္ႀကီးၿမဳိ႕ေတြမွာ အေမရိကန္ေဒၚလာ သန္း ၃၀၀ ေက်ာ္တန္ဖုိးရွိတဲ့ မူးယစ္ေဆး၀ါးေတြကုိ မီးရိႈ႕ဖ်က္ဆီးခဲ့ပါတယ္
လက္ရွိမွာ မူးယစ္ေဆးဝါးေတြကို နိုင္ငံအနွံ ့အျပားရွိ ျမိဳ႕မ်ားမွာ ဖမ္းမိေနေသာ္လည္း တကယ့္လက္ၾကီးသမားေတြကို ဖမ္းမိတာ မဟုတ္တဲ့အတြက္ နည္းမ်ိဳးစံုနဲ႔ ေရာင္းဝယ္ေဖာက္ကား ေနၾကပါတယ္။
ဒါေၾကာင့္ မူးယစ္ေဆးဝါး ပေပ်ာက္ေရးအတြက္ ျပည္သူေတြ အေနနဲ႔ မူးယစ္ေဆးဝါး လက္ၾကီးသမားေတြကို သိရင္ လံုျခံဳစိတ္ခ်စြာနဲ႔ သတင္းေပးတိုင္ၾကားၾကဖို႔အတြက္.. နိုင္ငံပိုင္ရုပ္ျမင္သံၾကားကေနလည္း အျမဲတမ္း
ေၾကျငာေပးေနသလို ဒီေန႔ လည္း ထပ္မံျပီး တိုက္တြန္းလိုက္တာ ျဖစ္ပါတယ္..
SMT
ေန႔စဥ္သတင္းနွင့္ သုတရသ အျဖာျဖာ
Credit \\ original
Unicode Version
မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေတဲ့ လက်ကြီးသမားတွေကို ဖမ်းဆီးရမိဖို့ အတွက် ပြည်သူတွေအနေနဲ့ လုံခြုံစိတ်စွာနဲ့ သတင်းပေးတိုင်ကြားပေးကြဖို့ကို
ဒီကနေ့ ဇွန်လ ၂၆ ရက်က နေပြည်တော်မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ ၂ မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနဲ့ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ
နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။
၂၀၁၈-၂၀၁၉ ခုနှစ်အတွင် နိုင်ငံတဝန်းကနေ မူးယစ်ဆေးဝါးအမျိုးပေါင်း ၅၂ မျိုးကို ဖမ်းဆီးရမိခဲ့ပြီး ဒီကနေ့မှာပဲ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့တွေမှာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်
လက်ရှိမှာ မူးယစ်ဆေးဝါးတွေကို နိုင်ငံအနှံ့အပြားရှိ မြို့များမှာ ဖမ်းမိနေသော်လည်း တကယ့်လက်ကြီးသမားတွေကို ဖမ်းမိတာ မဟုတ်တဲ့အတွက် နည်းမျိုးစုံနဲ့ ရောင်းဝယ်ဖောက်ကား နေကြပါတယ်။
ဒါကြောင့် မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ပြည်သူတွေ အနေနဲ့ မူးယစ်ဆေးဝါး လက်ကြီးသမားတွေကို သိရင် လုံခြုံစိတ်ချစွာနဲ့ သတင်းပေးတိုင်ကြားကြဖို့အတွက်.. နိုင်ငံပိုင်ရုပ်မြင်သံကြားကနေလည်း အမြဲတမ်း
ကြေငြာပေးနေသလို ဒီနေ့ လည်း ထပ်မံပြီး တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်..
SMT
နေ့စဉ်သတင်းနှင့် သုတရသ အဖြာဖြာ
Credit \\ original


